Latest News

Monday, November 6, 2017

မြစ်ကြီးနားမြို့ပေါ်ရှိ KTV ဆိုင်ခန်း ၁၀ ခန်းမှ အခွန်ငွေ သိန်း ၇၀ ခန့် ရရှိ

မြစ်ကြီးနားမြို့ပေါ်ရှိ KTV ဆိုင်ခန်း ၁၀ ခန်းမှ အခွန်ငွေ သိန်း ၇၀ ခန့် ရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်ကနေစတင်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ KTV ဆိုင်ခန်း ၁၀ ခန်းအတွက် အခွန်ငွေ သိန်း ၇၀ လောက်ရရှိတယ်လို့ စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွန့်ကြားရေးမှူး စီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဦးအောင်ဆန်းဝင်းကပြောပါတယ်။

အခုလို KTV တွေကို အခွန်ကောက်ခံတာဟာ အခွန်ပုံးအခွန်ရှောင်ကို စတင်တဲ့ လုပ်ငန်းတရပ်အနေနဲ့ စတင်တာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ပေါ်၂၈ ရပ်ကွက်ရှိ  KTV ဆိုင် ၁၀ ဆိုင်မှာ အခန်းပေါင်း ၁၀၀ ကျော်ရှိကာ ၁ ရက် ၄ လ ၂၀၁၇ ခုနှစ်ကနေ ၃၁ ရက် ၃ လ ၂၀၁၈ ရက်နေ့အထိ တခန်းကို ၅သောင်းနှုန်းနဲ့ အခွန်တစ်နှစ် စာကို တခါတည်း ပေးဆောင်ထားရတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာတော့ KTV နဲ့ စားသောက်ဆိုင်တွဲဖွင့်တာတွေ ရှိသလို KTV သီးသန့်ဖွင့်ထားတဲ့ဆိုင်တွေလည်း ရှိပါတယ်။

DVB

No comments:

Post a Comment