Latest News

Tuesday, November 28, 2017

ကရင်တိုင်းရင်းသားလူမျိုးများ၏ စာပေစကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ကရင်တိုင်းရင်းသားလူမျိုးများ၏ စာပေစကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရားယဉ်ကျေးမှုနှင့် စာပေစကားများကို ပြည်သူများ ပိုမိုသိရှိ လာအောင် ပေါင်မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားလူငယ်များတို့၏ စာပေစကားဝိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ခရိုင်ပြန်/ဆက်ဦးစီးမှူးဒေါ်ခင်လေးနွယ် က နိုင်ငံတော်မှ ဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့်တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် တိုင်းရင်းသားလူမျိုးစုစာပေပွဲတော်ကို ကျင်းပရန်ရှိသောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

 "ဒီလိုပွဲတွေကိုများများလုပ်ပေးခြင်းအားဖြင့် ကိုယ့်မြို့နယ်မှာရှိတဲ့ လူငယ်တိုင်းရင်းသား တွေဟာ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ကို ပိုမိုသိရှိလာမှာပါ။နောက်ထပ် ပအိုဝ်း၊ မွန် စသည့် တိုင်းရင်းသားများ ၏ စာပေစကားဝိုင်းများလည်း လုပ်သွားဖို့ရှိပါတယ်" ဟု မြို့နယ် ပြန်/ဆက်ဦးမှူး ဒေါ်ဝင်းမင်းသန်း ကပြောသည်။

ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးစောတင်ထွန်း က ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်စာပေစကားများကို မပျောက်မပျက်သွားအောင် လူငယ်များအနေဖြင့် ဆက်လက် ထိန်းသိမ်းသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
 စာပေစကားဝိုင်းဆွေးနွေးပွဲကို စကောကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုယ်စား ဒေါ်နော်သီတာဝင်း မှ ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံနှင့် ပိုးကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုယ်စား နန်းမိုးမိုးနွယ် မှ ကရင် ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအကြောင်းတို့ကို ဦးဆောင်ဆွေးနွေးကြပြီး မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား ( ၅၀ )ဦးခန့် တတ်ရောက်ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌနှင့် အတွင်းရေးမှူးတို့က ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဟံသာနွန်

No comments:

Post a Comment