Latest News

Tuesday, November 7, 2017

"ရန်ကုန်တိုင်း၌ ၁၀ လအတွင်း ယာဉ်တိုက်မှုပေါင်း ၂၀၀၀ ကျော်ရှိ၊ လူ ၅၀၈ ဦး သေဆုံးခဲ့"

"ရန်ကုန်တိုင်း၌ ၁၀ လအတွင်း ယာဉ်တိုက်မှုပေါင်း
၂၀၀၀ ကျော်ရှိ၊ လူ ၅၀၈ ဦး သေဆုံးခဲ့"

ရန်ကုန်၊ နိုဝင်ဘာ-၆

ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် ဇန်န၀ါရီလမှ အောက်
တိုဘာလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း ၂၁၄၅ မှု
ဖြစ်ပွားခဲ့ရာ လူ ၅၀၈ ဦး သေဆုံးခဲ့ပြီး လူ ၂၇၁၀ ဒဏ်
ရာရရှိခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် အမှတ်(၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် အမျိုးသား ၄၁၁ ဦးနှင့်
အမျိုးသမီး ၉၇ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၉၀၈ ဦး
နှင့် အမျိုးသမီး ၈၀၂ ဦး ဒဏ်ရာရရှိခဲ့ရာ ပြစ်မှုဥပဒေ
ပုဒ်မ ၃၃၈ (ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု)
အရ ၁၀၈၁ မှု အရေးယူမှု အများဆုံးရှိခဲ့ပြီး ပုဒ်မ ၃၀
၎-က (ပေါ့လျော့မှုကြောင့်လူသေစေမှု) အရ ၄၇၅ မှုဖြင့် ဒု
တိယအများဆုံးအရေးယူခဲ့ရကာ ပုဒ်မ- ၂၇၉ (ယာဉ်
မဆင်မခြင် မောင်းနှင်မှု) အရ ၃၉၃ မှု၊ ပုဒ်မ-၃၃၇
(ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု) အရ ၁၉၆ မှု
အထိ ရှိခဲ့ကြောင်း ၁၀ လတာစာရင်းအရ သိရသည်။

လေးလပတ်စာရင်းများတွင် ဖော်ပြထားချက်အရ
ဇန်န၀ါရီမှ ဧပြီလကုန်အထိအမှုပေါင်း ၉၈၃ မှုဖြစ်ပွား
ခဲ့ရာတွင် ၂၃၂ ဦးသေဆုံး၊ ၁၂၉၅ ဦးဒဏ်ရာရရှိခဲ့ရာ
ဒုတိယလေးလပတ်နှင့် တတိယလေးလပတ် (စက်တင်
ဘာမှ အောက်တိုဘာ နှစ်လတာ)ထက် သေဆုံးမှုနှင့်
ဒဏ်ရာရရှိမှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ဒုတိယလေးလပတ် မေလမှ သြဂုတ်လကုန်အထိ ဇူလိုင်
၇ ရက် မွန်းလွဲပိုင်းက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်
ရန်ကုန်-ပြည်လမ်းမကြီးပေါ်၌ ၀ိုင်ဘီအက်စ် (၅၅) ယာဉ်
လိုင်းမှ ယာဉ်တစ်စီးနှင့် ၀ိုင်ဘီအက်စ် (၃၇) ယာဉ်လိုင်းမှ
ယာဉ်တစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိမှုတွင် ၀ိုင်ဘီ
အက်စ် (၅၅) ယာဉ်မောင်းတစ်ဦး အပါအ၀င် ၁၀ ဦး
သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည့် အဆိုးရွားဆုံး
ယာဉ်တိုက်မှုဖြစ်စဉ် အပါအ၀င် ၈၀၆ မှု ဖြစ်ပွားခဲ့ပြီး
၁၉၉ ဦးသေဆုံး၊ ၉၉၄ ဦး ဒဏ်ရာရရှိခဲ့သဖြင့် သေဆုံး
မှုနှင့် ဒဏ်ရာရရှိမှု ဒုတိယအမြင့်ဆုံးလဖြစ်ကြောင်း
သိရသည်။

နောက်ဆုံးလေးလပတ်၏ အောက်တိုဘာ ၇ ရက် ည
နေပိုင်းက သန်လျင်မြို့နယ် ကြာနီကန်ကွင်း မိုင်တိုင်
၎/၇ ၌ ကျောက်တန်းမြို့နယ်ဘက်မှ ဘုရားဖူးအပြန်
မိသားစုဝင်ငါးဦးစီးနင်း လိုက်ပါလာသည့် သုံးဘီးဆိုင်
ကယ်ကို ၂၂ ဘီးတွဲကားက ၀င်တိုက်မိရာ အမျိုးသမီး
တစ်ဦးနှင့် ကလေးငယ်နှစ်ဦးသေဆုံးမှု အပါအ၀င်
စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လတာ စာရင်းအရ
၃၅၆ မှု ဖြစ်ပွားခဲ့ရာ ၇၇ ဦးသေဆုံးပြီး ၄၂၁ ဦး ထိခိုက်
ဒဏ်ရာ ရရှိခဲ့သည်။

တင့်ဇ်ာထွန်း(စံတော်ချိန်)

No comments:

Post a Comment