Latest News

Friday, November 24, 2017

ပေါင်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ လေသေနတ်တစ်လက်ဖမ်းဆီးရမိ

ပေါင်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ လေသေနတ်တစ်လက်ဖမ်းဆီးရမိ

ပေါင်၊ နိုဝင်ဘာ၊ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာမှ မူးယစ်ဆေးပြားများနှင့် တရုတ်နိုင်ငံလုပ် လေသေနတ်တစ်လက်ကို သိမ်းဆည်းရမိကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

"သတင်းရထားတာတော့ကြာပြီး။ကျွန်တော်တို့ကသူ့ကို စောင့်ကြည့်နေတာ။ မနေ့ကသူတို့အိမ်မှာ ရှိနေတယ်ဆိုတဲ့ သတင်း ကြားတော့ ခရိုင်ကထုတ်ပေးတဲ့ ၀ရမ်းနဲ့ဝင်ရောက် ရှာဖွေဖွေးဆီးခဲ့တာပါ။ အဲမှာအိမ်ရှင် ကျော်နိုင် (၄၂)နှစ်နဲ့ မုဒုံကလာတဲ့ ဧည့်သည်တစ်ယောက်လည်း တွေ့ခဲ့ပါတယ်။အိမ်ပေါ်မှာရှာတော့ စိတ်ကြွဆေးပြား ၈၆ ပြားနဲ့ အခြားဆက်စပ်ပစ္စည်းတွေ ရယ်၊ တရုတ်နိုင်ငံလုပ် လေသေနတ်တစ်လက်ရယ်၊ ခဲသီးတွေရယ်ကို ဖမ်းဆီးရမိခဲ့ပါတယ်" ဟု သထုံခရိုင်မှုခင်း နှိမ်နင်းရေးဌာနက ရဲအုပ်အောင်သူက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ရက်နေ့တွင် ပန်းကုန်းကျေးရွာ၊ ၁၄ရပ်ကွက်၌ နေထိုင်သော ကျော်နိုင်၏ နေအိမ်အား သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူ ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသက်သေလူကြီးတို့ ပူးပေါင်း၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ မူးယစ်ဆေးဝါး နေအိမ်ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် ၁၇/၂၀၁၇ဖြင့် ကျော်နိုင်ဆိုသူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့ရာမှာ နေအိမ်အပေါ်နောက်ဖက်ခန်းအတွင်းမှ အောင်ကျော်ကျော်(၂၂)နှစ်၊ မုဒုံမြို့နေသူနှင့် အတူ အခန်းအတွင်းအပြာ ရောင်ကပ်ခွာအိတ်နဲ့ထည့်ထားတဲ့ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၆ ပြား၊ အလေးချိန် ၈.၆ဂရမ်ခန့်၊ ခန့်မှန်းတန်ဘိုး တစ်ပြားလျှင် ၅၀၀၀နှုန်းဖြင့် ၄၃၀၀၀၀ကျပ်၊ ပလပ်စတစ် ဗူးကိုခါးလည်မှဖောက်၍ အအေးစုတ်ပိုက်တပ်ထားတဲ့ စိတ်ကြွဆေးပြားရှူရာမှာ အသုံးပြုတဲ့ကိရိယာ ၄ ခု၊ ဆေးပြားရှူရာမှာ အသုံးပြုဖို့အတွက် ပြုပြင်ထားတဲ့ဂက်(စ်)မီးခြစ် အ၀ါရောင် ၁ လုံး၊ ဆင်းကဒ်ထည့်ထားတဲ့ Oppo ဟန်းဆက် ၁လုံး၊ အရှည် ၃ပေ×၄လက်မခန့်ရှိ တရုတ်နိုင်ငံထုတ် အောက်ဆွဲလေသေနတ် ၁လက်၊ အဖြူရောင်ကော်ဗူးအ၀ိုင်းနဲ့ထည့်ထားတဲ့ လေသေနတ်ခဲသီး ၂၅၀ လုံး၊ ဆေးပြားရောင်းရငွေဟုယူဆရတဲ့ ငွေစက္ကူရောရာ ၃၀၀၀၀ကျပ်၊ MSX အမျိုးအစား၊ အစိမ်းရောင်မော်တော်ဆိုင်ကယ် ၁စီးနဲ့သော့ ၁ချောင်းတို့ကိုတွေ့ရှိရ၍ သက်သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်" ရဲမှတ်တမ်းများမှ သိရသည်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျော်နိုင်နဲ့အောင်ကျော်ကျော်တို့၂ဦးကို ပေါင်မြို့မရဲစခန်းက မယ(ပ)၉/၂၀၁၇၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၅/၁၉(က)၊ ဖြန့်ဖြူးရောင်းချရငွေတွေ့ရှိမှုပုဒ်မ ၂၀(က)၊ လက်နက်ခဲယမ်းနှင့်အတူတွေ့ရှိမှုပုဒ်မ ၂၁(ခ)/၂၂(ခ) ဖြင့်အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

No comments:

Post a Comment