Latest News

Tuesday, November 7, 2017

ရဲတိုက် နိုဝင်ဘာလ တတိယပတ်မှာ လွတ်တော့မည်

ရဲတိုက် နိုဝင်ဘာလ တတိယပတ်မှာ လွတ်တော့မည်

နိုဝင်ဘာလ တတိယပတ်တွင် သရုပ်ဆောင်ရဲတိုက် အကျဉ်းထောင်မှလွတ်မည်ဟု သိရသည်။ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပဲ ထောင်ကျနှစ်ပြည့် သာမန်အကျဉ်းသားတွေရရှိတဲ့ လျှော့ရက်နဲ့ လွတ်တယ်လို့သိရပါတယ်။

“အကျဉ်းဦးစီးဌာနကိုမေတ္တာရပ်ခံထားတယ် လွတ်ရက်နီးရင်ပြောပြဖို့ပေါ့။ အခုသူတို့နေပြည်တော် ကိုတင်ပြပြီး သန်မာအကျဉ်းသားတွေရလေ့ရှိတဲ့ လျှော့တွက်ရက်နဲ့သူလွတ်လာမှာပါ။ သူလွတ်မြောက်လာမှာဆိုတော့ ကျွန်တော်တို့လည်းအရမ်းဝမ်းသာတယ်”လို့ ဆာတိုရီ ထုတ်လုပ်ရေး မှဦးမျိုးဇော် ကပြောပါတယ်။ ဆာတိုရီစတည် ထောင်တဲ့ ၂ဝဝ၅ ခုနှစ်က စတင်ပြီးတော့ ရဲတိုက်နဲ့ လက်တွဲခဲ့တယ်။

၂ဝဝ၆ခုနှစ်မှာ ” အမှောင်ငွေ့ရနံ့” ဆိုတဲ့ ဇာတ်ကားစတင်ရိုက်ကူးခဲ့ပါတယ်။ ရဲတိုက်က ဆာတိုရီထုတ်လုပ်ရေးနဲ့ ဇာတ်ကားပေါင်း ၄၆ ကားကျော်ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ ယခု ရဲတိုက်လွတ်မြောက်လာပါက ဆာတိုရီထုတ်လုပ်ရေးက အချိန်တိုအတွင်း ရိုက်ကူးရေးတွေ စတင်ရိုက်ကူးသွားမယ်လို့လဲသိရပါတယ်။” သူ့ကိုအားပေးတဲ့ပရိသတ်တွေအတွက် အမြန်ဆုံးရိုက်ကူးရေးတွေရိုက်သွားဖို့ အခုကြိုတင်စီစဉ်နေပါပြီ။ “လိုဦးမျိုးဇော်ကပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ပဲခူး တိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးကနေပြီး မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)အရ ဧပြီလ ၇ ရက်နေ့က အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချ မှတ်လိုက်ပါတယ်။

ရဲတိုက်ကို ၂ဝ၁၃ ခုနှစ်ဇူလိုင် ၄ ရက်နေ့က ပဲခူး တိုင်း ဒေသကြီး၊ ကျောက် တံခါးမြို့နယ်မှာ ဆေးခြောက်လို့ယူဆရနိုင်တဲ့အရွက် ခြောက်တစ်ကျပ်သားခန့် ကို လက် ဝယ်တွေ့ရှိမှုနဲ့ စတင်ဖမ်းဆီးစစ် ဆေးခံရပြီးနောက် ဆီးထဲမှာ မူး ယစ်ဆေးဝါး ပါဝင်မှုမရှိခဲ့တဲ့အတွက် ပုဒ်မ ၁၅ ပြုတ်ကျသွားခဲ့ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်ရဲတိုက်ဟာ တောင်ငူထောင် မှာ ပြစ်ဒဏ် ကျခံနေရပါတယ်။

Kumudra

No comments:

Post a Comment