Latest News

Wednesday, November 15, 2017

ဒေါ်အောင်ဆန်းစုကြည်- တီလာဆန် သတင်းစာရှင်းလင်းပွဲ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန် က ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် တို့နဲ့ တွေ့ဆုံ အပြီး မှာ မြန်မာတပ်မတော် အပေါ် အရေးယူ ဒဏ်ခတ်ရန် အစီအစဉ်ကို ထောက်ခံခြင်း
မပြုပဲ ဖြစ်ပေါ်ခဲ့သော ယုံကြည်ရလောက်သည့် ရက်စက်ကြမ်းကြုတ်မှုများ အတွက် မိမိတို့တွင် ရရှိထားသော သက်သေများ အပေါ် မူတည်ပြီး တာဝန်ရှိသူများကို တဦးချင်းစီ တားမြစ် ဒဏ်ခတ်မယ့် အစီအစဉ်များကို သာ ပြုလုပ်သွားမယ်လို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ ကျူးလွန်သူများအား အမေရိကန် ဥပဒေများ အပါအ၀င် ဖြစ်နိုင်သမျှ လုပ်ထုံးလုပ်နည်းများနဲ့ မိမိတို့ ပါတနာ များ နဲ့ အတူ ဆက်လက် လုပ်ဆောင်သွားဖို့ အာမခံ ကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
သို့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မယ်လို့ ပြောဆိုသွားခြင်း မရှိပါတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုလသမဂ္ဂရဲ့ လွဲမှားတဲ့ ဦးတည်ချက် misguided policy ကို အမည်
မတပ်ပဲ အခုလို ပြောကြားလိုက်ပါတယ်။

"နိုင်ငံအတွင်း ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု ရရှိရေး အတွက် တရားဥပဒေ စိုးမိုးမှုကို အခြေတည်ပြီး ပြုလုပ်ရမှာ ဖြစ်ပြီး လူတိုင်းအနေနဲ့ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု ဖြစ်ထွန်းရေးကို ကာကွယ်ရန် ဆိုတဲ့ တာဝန်ကို
နားလည်သင့်ကြောင်း၊ လူတွေကို အပြစ်ပေးဖို့ မဟုတ်ဖူး"

ဒါသည်လည်း တပ်မတော်ရဲ့ လုပ်ရပ်တွေကို သူမ အပါအ၀င် ထိတ်တန်း NLD တာဝန်ရှိသူတွေက ဝေဖန် ပြောဆိုနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ရှိ သြဇာတက္ကိမ ကြီးမားသော တွေးခေါ်မျှော်မြင်ရေး အဖွဲ့ ဖြစ်တဲ့ Council on Foreign Relations က ဝေဖန် ပြောကြားလိုက်ပါတယ်။
နောက်တဖန် "ရိုဟင်ဂျာ" လို့ လူတွေ ပြောပြောနေတဲ့ ကိစ္စကို ကျွန်မက နှုတ်ဆိတ်နေတယ်လို့
ဘာကြောင့် ပြောနေကြတာလဲ ဆိုတာ ကျွန်မ မသိပါဖူး၊ ဖြစ်နိုင်တာကတော့ ကျွန်မ ပြောနေတဲ့
အကြောင်းတွေက သူတို့အဖို့ စိတ်ဝင်စားစရာမကောင်းလို့ ဒါမှမဟုတ်လည်း မီးလောင်ရာ လေပင့်
မလုပ်ခဲ့လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူမအပေါ် စွပ်စွဲနေမှုများကို တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များနဲ့ အစိုးရများ က စစ်တပ်ကို ဝေဖန်ရှုတ်ချခြင်း မရှိဟု ဆိုကာ သူမအား သဲအိတ်ကြီးအလား မချိမဆန့်ထိုးနှက်တာ ခံခဲ့ရသူ ဖြစ်ပါတယ်။
တီလာဆန် အနေနဲ့ က ဗြိတိသျှ ၀န်ကြီးချုပ် ပြောခဲ့သလို လူမျိုးရေး သန့်စင်မှု လို့ ကင်ပွန်းတပ် ပြောဆိုခြင်း မရှိခဲ့တဲ့ အပြင် ယုံကြည်ရလောက်သော စုံစမ်းစစ်ဆေးမှု မရှိသေးဖူးလို့ ပြောလိုက်ခြင်းဖြင့် နောက်ထပ် အချိန်ထပ်ပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။

ဒီနေရာမှာ တီလာဆန် က ကုလ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို ၀င်ခွင့်ပေးဖို့ နာမည်တပ်ပြီး တောင်းဆိုသွားခဲ့ခြင်း မရှိတာ သတိထားမိပါတယ်။
တပ်မတော် အသိုက်အ၀န်းမှ ၎င်းရဲ့ ခရီးစဉ် မတိုင်မီ မိမိတို့မှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၎င်းကို ထောက်ခံသူများက မိမိတို့အား ပြစ်ဒဏ်ခတ်စေရန် အနောက်အုပ်စု နဲ့ ပူးပေါင်းကြံစည်နေကြတယ်လို့ သတင်းများ တဖက်လှည့်နဲ့ ထုတ်လွှင်ခဲ့ပြီး အခြေအနေများ တင်းမာမှု ကို ဦးတည်သွားမယ်လို့ မသိမသာ ခြိမ်းခြောက် ပြောဆိုမှုတွေ ပျံနှံ့နေခဲ့ပါတယ်။

ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြား ကွဲပြားခြားနားစွာ ရှု့မြင်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုက သတိထား ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် မိမိတို့အနေနဲ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်အောင်မြင်တာသာ မြင်လိုကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့တဲ့ မြန်မာ အစိုးရ ရင်ဆိုင်နေရသော အကြီးမားဆုံး စိမ်ခေါ်မှု တခု အဖြစ်လည်း တီလာဆန်က အသိအမှတ်ပြု ပြောကြားသွားခဲ့ပါတယ်။

သို့သော်လည်း အမေရိကန် လေယာဉ်တင် သင်္ဘောကြီး သုံးစင်း အရှေ့အာရှ ပင်လယ်ပြင်ထဲ ရောက်ရှိလာပြီး ကိုရီယား ကျွန်းဆွယ်မှာ မကြုံစဖူးလောက်အောင် တင်းမာ ပေါက်ကွဲလု အနေအထားမှာ ယခုလို နေပြည်တော် ခရီးစဉ်ကို မဖျက်ပဲ တရက်ကြာ ၀င်ရောက်လာခဲ့တာက မြန်မာပြည်အရေး အပေါ် အမေရိကန်က မည်မျှ အထိ အရေးထား စောင့်ကြည့်နေကြောင်း သိသာ ထင်ရှားစေခဲ့ပါတယ်။

ဒုက္ခသည်များ အတွက် နောက်ထပ် ဒေါ်လာ ၄၇ သန်း အကူအညီပေးသွားမယ်လို့ ပြောကြားသွားတဲ့ အတွက် သြဂုတ်လမှ စပြီး အမေရိကန်ရဲ့ အကူအညီသည် ဒေါ်လာ ၈၇ သန်း ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ တီလာဆန်အနေနဲ့ အခုလို ကွဲပြားတဲ့ အမြင်တွေ ကို လက်ခံနားထောင်လိုစိတ်နဲ့ ရောက်လာခဲ့မှု အတွက် ကျေးဇူးတင်ကြောင်း၊ ဒီလို သဘောထားမျိုးသည် ယခုလို အချိန်မျိုးတွင် ရှားပါးနေပါတယ်ဟု အပြီးသတ် ပြောဆိုသွားခဲ့ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ကတော့ သူရဲ့ ဖေဘုတ်စ် စာမျက်နှာမှာ တီလာဆန်ကို ရခိုင်ပြည်နယ်ရဲ့ လက်ရှိ မြေပြင် အခြေအနေ၊ အခုလို အစုလိုက် အပြုံလိုက် ထွက်ပြေးနေရတဲ့ အကြောင်းရင်း ဒုက္ခသည်များ ပြန်လည် လက္ခံရေး နဲ့ အကူအညီပေးရေးများတွင် တပ်မတော်မှ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ညွှန်ကြားချက်အတိုင်း လို့ မသုံးပဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သုံးနှုန်းခဲ့တဲ့ အတွက် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး မျက်နှာစာ နဲ့ ပါတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားခဲ့ရပါတယ်။
လှစိုးဝေ
https://www.facebook.com/photo.php?fbid=1469865773133092&set=a.142073952578954.27152.100003290496283&type=3&theater

No comments:

Post a Comment