Latest News

Wednesday, November 8, 2017

ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်တွင် ဆန္ဒပြခွင့်မပြုရန် တိုင်းနယ်လုံဝန်ကြီးညွှန်ကြား

ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်တွင် ဆန္ဒပြခွင့်မပြုရန် တိုင်းနယ်လုံဝန်ကြီးညွှန်ကြား

ရန်ကုန်တိုင်းအတွင်းရှိ ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် (ဆန္ဒပြ) ခြင်းများ ပြုလုပ်ရန်အသိပေးတင်ပြလာပါ က ခွင့်မပြုရန် ရန်ကုန်တိုင်း လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက သက် ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များထံသို့ နိုဝင်ဘာ ၇ ရက်စွဲဖြင့် အကြောင်း ကြားစာ ပေးပို့ထားသည်။

ကျောက်တံတား၊ ပန်းဘဲ တန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ် တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့် နှင့် ပုဇွန်တောင်မြို့နယ်များအ တွင်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းခွင့်မပြုရန် တိုင်းနယ်လုံဝန် ကြီးက သက်ဆိုင်ရာမြို့နယ်ရဲ တပ်ဖွဲ့များထံသို့ အကြောင်းကြား စာပို့ခြင်းဖြစ်သည်။

အဆိုပါ ၁၁ မြို့နယ်သည် ရန်ကုန်မြို့၏ အဓိကအရေးပါ သောနေရာများနှင့် အများပြည် သူအသုံးပြုလျက်ရှိသည့် လမ်းမ ကြီးများရှိသည့်အပြင် အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ်လမ်းကြောင်းများ လည်း ပါဝင်နေသောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ဝန် ကြီးချုပ်ကိုယ်စား နယ်လုံဝန်ကြီး လက်မှတ်ရေးထိုး၍ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ယင်း ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရန် အသိပေး တင်ပြလာပါက အများပြည်သူ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခြင်း၊ စိတ်ငြိုငြင်ခြင်း၊ အန္တရာယ်ရှိစေခြင်း၊ စိုးရိမ်ထိတ်လန့်စေခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် ခွင့်မပြုရန်နှင့်ပြုလုပ်ရန်နေရာကို တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ပြောင်းလဲ လျှောက်ထားစေရန် နယ်လုံဝန်ကြီး၏ ထုတ်ပြန်စာတွင်ပါရှိသည်။

လိုအပ်ချက်အရ ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်ခြင်းဖြစ် ကြောင်း အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ညွှန်ကြားချက်၌ မည် သည့်အချိန်ကာလအထိ ယင်း မြို့နယ်များတွင် ဆန္ဒပြခွင့် မပြုရန်ဟု သတ်မှတ်ထားချက် မပါပေ။

‘‘သူတို့ပြောတာတော့ အ ကြောင်းပြချက်တွေ ပါတာပေါ့။ မနေ့က(နိုဝင်ဘာ ၇ ရက်)က ညွှန်ကြားစာထုတ်ထားတာ ဟုတ် ပါတယ်’’ ဟု ရန်ကုန်တိုင်းရဲတပ် ဖွဲ့မှ အမည်မဖော်လိုသူတာဝန် ရှိသူတစ်ဦးက အတည်ပြုပြော သည်။ ယင်းညွှန်ကြားစာထုတ် မှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ညွှန်ကြားထား ကြောင်း ပြောသည်။

‘‘မနက်ဖြန်(နိုဝင်ဘာ ၉ ရက်)မှာ သမ္မတဦးသိန်းစိန် ထောက်ခံပွဲဆိုပြီး သခင်မြပန်းခြံ ကနေ ဆူးလေအထိ တစ်ကိုယ် တော်ဆန္ဒပြလမ်းလျှောက်ဖို့ ခွင့် ပြုပြီးထားတာကို အခုခွင့်မပြုဘူး ဆိုပြီး ပြန်ပိတ်ထားလိုက်တယ်’’ ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ဒီညွှန်ကြားချက်က သူတို့ လက်ရှိကျင့်သုံးနေတဲ့ အခြေခံ ဥပဒေပုဒ်မ ၃၅၄ ကိုချိုးဖောက် တာရယ်၊ ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ဆိုင်ရာနည်းဥပဒေကို လည်း သူတို့ချိုးဖောက်တာဖြစ် တယ်။ အဲဒီတော့ လက်ရှိတာဝန် ယူထားတဲ့အစိုးရတွေက ဆန္ဒပြ မှာ ဘာကြောင့်ကြောက်သလဲ ဒါကို အရင်ဆုံးမေးရမယ်။ ဆန္ဒ မပြခင်မှာဖြစ်ပျက်လာတဲ့ အဖြစ် အပျက်တွေကို စနစ်တကျဖြေ ရှင်းလို့ရတယ်။ ဒါကိုမဖြေရှင်းတဲ့ အတွက် လူထုက ဆန္ဒပြတာ။ ဆန္ဒပြတဲ့အကြောင်းရင်းက အ ကြောင်းအမျိုးမျိုးရှိတဲ့အထဲက အကြောင်းအရာကောင်းတွေကို ကြည့်ပြီး သူတို့သတ်မှတ်ထားတဲ့ ခွင့်ပြုချက်အရ လာတင်ရင်ခေါင်း စဉ်ကို ကြည့်ရမယ်။ ခေါင်းစဉ်ကို ကြည့်ပြီး ခေါ်ယူညှိနှိုင်းဖြေရှင်း လိုက်ရင် ဆန္ဒပြစရာမလိုဘူး’’ ဟု ကုန်ဈေးနှုန်းကျဆင်းရေးနှင့် တ ရားဥပဒေစိုးမိုးရေး ရန်ကုန်မြို့ တွင် အကြိမ်ကြိမ်ဆန္ဒပြတောင်း ဆိုနေသူ ဒီမိုကရေစီစဉ်ဆက် မပြတ်လှုပ်ရှားမှု အင်အားစု (MDCF)အဖွဲ့ခေါင်းဆောင် ကို ထင်ကျော်က ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ အရစီတန်းလှည့်လည် ခြင်းမပြုလုပ်မီ ၄၈ နာရီကြိုတင် ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားရမည်ဖြစ်သည်။

7Day News

No comments:

Post a Comment