Latest News

Thursday, November 9, 2017

ဖွဲ့စည်းပုံပြင်​ဆင်​​ရေး လူအင်​အား(၄၀၀)ခန့် ဆန္ဒထုတ်​​ဖော်​မည်

ဖွဲ့စည်းပုံပြင်​ဆင်​​ရေး လူအင်​အား(၄၀၀)ခန့် ဆန္ဒထုတ်​​ဖော်​မည်

 နိုဝင်​ဘာ(၉)၂၀၁၇၊ ရန်​ကုန်

၂၀၀၈ဖွဲ့စည်းပုံပြင်​ဆင်​​ရေးအတွက်​ လူအင်​အား၄၀၀ခန့်​ဖြင့်​ဆန္ဒထုတ်​​ဖော်​ပွဲကို နိုဝင်​ဘာလ (၁၂)ရက်​​နေ့တွင်​ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း ဆန္ဒထုတ်​​ဖော်​မည့်​ ဦး​ဆောင်​သူများထံမှသိရသည်​။

ဆန္ဒထုတ်​​ဖော်​မှုအတွက်​မြို့​တော်​ခန်းမ​ရှေ့တွင်​ခွင့်​ပြုချက်​​တောင်းခံခဲ့​ခြင်းဖြစ်​ပြီး​ကျောက်​တံတားမြို့နယ်​ ရဲတပ်​ဖွဲ့မှူးရုံးက တာ​မွေမြို့နယ်​ရှိ ဟစ်​တိုင်​တွင်​သာ ခွင့်​ပြုခဲ့​သည်​။

"တာ​မွေမှာပဲလုပ်​မှာပါ။ မီဒီယာ​တွေနဲ့​တော့(၁၂)ရက်​​နေ့မှပဲ​တွေ့ပါမယ်​"ဟု ဆန္ဒထုတ်​​ဖော်​မှုအတွက်​ပါဝင်​လုပ်​​ဆောင်​​နေသူ မမိုးမိုးသီက The Nyang News ကို​ပြောသည်​။

ဆန္ဒထုတ်​​ဖော်​ပွဲအတွက်​ ​အောက်​တိုဘာ(၂၉)ရက်​​နေ့ကခွင့်​ပြုချက်
တင်​ခဲ့ခြင်းဖြစ်​ပြီးတပ်​မ​တော်​​ထောက်​ခံပွဲ
ရှိသဖြင့်နိုဝင်​ဘာ(၄)ရက်​​နေ့ကိုခွင့်​ပြုခဲ့​ကြောင်းနှင့်
ကိုင်​​ဆောင်​မည့်ဗီနိုင်းများကို စခန်းတွင်​ပြသည့်​အခါ
နိုဝင်​ဘာ(၁၂)ရက်​​နေ့သို့​ပြောင်း
ရွှေ့ ပေးခဲ့ခြင်းဖြစ်​သည်
ဟု ၄င်းက​ဆက်​​ပြောသည်​။

အချိန်သုံးနာရီကြာ ​​​​​ဆန္ဒထုတ်​​ဖော်​ခွင့်​အတွက်​ ဒဂုံမြို့နယ်​မှ
ဦးစန်းဝင်း​အောင်​ဆိုသူက မြို့​တော်​ခန်းမ​ရှေ့ယာဉ်​ရပ်​နားကွင်းတွင်
ခွင့်​ပြု​ပေးရန်​ ​လျောက်​ထားခဲ့ခြင်း ဖြစ်​သည်​။

သို့ရာတွင်​ ​ကျောက်​တံတားမြို့နယ်​သည်​ရန်​ကုန်​မြို့၏ အဓိကအ​ရေးပါ​သော ​နေရာများနှင့်​အများပြည်​သူဆိုင်​ရာလမ်းမကြီးများနှင့်​အ​ရေးကြီးပုဂ္ဂိုလ်​ခရီးစဉ်​လမ်း​ကြောင်းများ ပါဝင်​​သော မြို့နယ်​တစ်​ခုဖြစ်​သည့်​အတွက်​ ငြိမ်းချမ်းစွာစု​ဝေးခြင်းနှင့်​ ငြိမ်းချမ်းစွာစီတန်းလှည့်​လည်​ခြင်း ပြုလုပ်​မည်​ဆိုပါက အများပြည်​သူခရီးသွားလာမှုအဟန့်​အတားဖြစ်​​စေခြင်း ၊စိတ်​ငြို ငြင်​​စေခြင်း ၊အန္တရာယ်​ဖြစ်​​စေခြင်း သိုမဟုတ်​ ထိခိုက်​နစ်​နာ​စေခြင်း၊ယင်းသို့ဖြစ်​နိုင်​စွမ်းသည်​ဟုစိုးရိမ်​ထိတ်​လန့်​​စေခြင်းတို့ ဖြစ်​​ပေါ်လာနိုင်​သည့်​အတွက်​ ဆန္ဒထုတ်​​ဖော်​ရန်​အ​ကြောင်းကြားသည့်​ ​နေရာအစား တိုင်း​ဒေသကြီးအစိုးရအဖွဲ့က သတ်​မှတ်​​ပေးထားသည့်
တာ​မွေမြို့နယ်​မှ ဟစ်​တိုင်​တွင်​သတ်​မှတ်
စည်းကမ်းချက်​များနှင့်​အညီပြုလုပ်​ရန်​ဟု ​ကျောက်​တံတားမြို့နယ်
 ရဲတပ်​ဖွဲ့မှုးရုံးမှ အဆန္ဒထုတ်​​ဖော်​မည့်​သူများထံ
အ​​ကြောင်းပြန်​ကြားစာတွင်​ ​ဖော်​ပြထားသည်​။

ကြံခိုင်​​ရေးအစိုးရလက်​ထက်​က NLDပါတီနှင့်​ ၈၈မျိုးဆက်​ငြိမ်းချမ်း​ရေးနှင့်​ပွင့်​လင်းလူ့အဖွဲ့အစည်းတို့ပူး​ပေါင်းပြီး
ပုဒ်​မ၄၃၆ပြင်​ဆင်​​ရေး စည်းရုံးလှုံ​ဆော်​မှုများပြုလုပ်​ခဲ့ပြီး
 ပြည်​သူငါးသန်း​ကျော်​က ပုဒ်​မ၄၃၆ပြင်​ဆင်
ရန်​​ထောက်​ခံခဲ့သည်​။

NLDပါတီ၏​ရွေး​ကောက်​ပွဲမဲဆွယ်​စည်းရုံး​ရေး
လုပ်​ငန်းစဉ်​တွင်​လည်းဖွဲ့စည်းပုံ
အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး ပါဝင်​ခဲ့သည်​။

ဓာတ်​ပုံ - ဆန္ဒထုတ်​​ဖော်​ပွဲတွင်​အသုံးပြုမည့်​ဗီနိုင်း
The Nyang News

No comments:

Post a Comment