Latest News

Monday, November 13, 2017

အပူချိန်မြင့်မားမှုကြောင့် လပွတ္တာ ဘက်တွင် မိုးရေလှောင်ကန်များ ကိုနှစ်ပေခန့် ထပ်တူး

အပူချိန်မြင့်မားမှုကြောင့် လပွတ္တာ ဘက်တွင် မိုးရေလှောင်ကန်များ ကိုနှစ်ပေခန့် ထပ်တူး

Photo..Myo Min Paing .လပွတ္တာ မြို့ နယ် ကွက်လိပ်ကျေးရွာရှိ မိုးရေလှောင်ကန်မှ ဒေသခံတစ်ဦးသောက်ရေခပ်နေသည်ကို နိုဝင်ဘာလအတွင်းကတွေ့ ရစဉ်

လပွတ္တာ နိုဝင်ဘာလ ၁၃ ရက်

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသောာ အပူချိန် လွန်ကဲခြင်းကို ရင်ဆိုင်ရန်  လပွတ္တာ ဒေသက မိုးရေလှောင်ကန် (သောက်ရေကန်)များ၏အနက်ကို ယခင်ကထက် နှစ်ပေခန့် ပိုတူးလာကြောင်း ဒေသခံများကပြောသည်။

အပူချိန်မြင့်မားလာမှုကြောင့် သောက်ရေကန်များသည် ရေခမ်းခြောက်မှုမြန်လာခြင်းကြောင့် ယခင်က (၈)ပေခန့် နက်သောမြေသား ရေလှောင်ကန်များကို ဒေသခံများကတစ်နှစ်လျှင် တစ်ပေခွဲကျော်နှစ်ပေခန့် အထိသောက်ရေကန်များကို အနက်ပိုတူးကြခြင်းဖြစ်သည်။

“ရာသီဥတုကတစ်ဖြည်းဖြည်းနဲ့ တော့ ပိုပူလာတာပေါ့ နေပူဒဏ်မြင့်လာတော့ ရေတွေ အခမ်းမြန်လာတယ် အဲ့ တော့ တစ်နှစ်ခမ်းသွားရင် နောင်နှစ်မှာ ပိုခံအောင် ပိုသုံးရအောင်ကျေးရွာက လူတွေက စုပြီး တော့ ထပ်ထပ်ပြီးတော့ တူးကြတယ် “ဟု လပွတ္တာမြို့ နယ် ကွက်လိပ်ကျေးရွာ က ကိုကျော်လွင်ကပြောသည်။

လပွတ္တာ ဒေသသည် နွေရာသီသောက်သုံးရေအတွက် ရေကန်များတူးကာ မိုးရေကိုခံယူ၍ သုံးစွဲရသော ဒေသဖြစ်သည်။

(၂၀၁၆)ခုနစ် ကွက်လိပ်ကျေးရွာမှ မိုးရေလှောင်ကန်များ ခမ်းခြောက် သွားမှုကြောင့် ဒေသခံများသည် အသွားအပြန် နှစ်နာရီခန့် ကြာသော မြို့ ပေါ်ရပ်ကွက်ရှိ လူမှုအသင်းများထံ သောက်သုံးရေများသွားရောက် ယူခဲ့ ကြရသည်။

“ရေပြတ်သွားတော့ တော်တော်ခက်ခဲပါတယ် ရေရတဲ့  မြို့ ပေါ်မှာ သွားယူနေရတာနဲ့ တင် တစ်နေ့ ကုန်ပြီး ထမင်းစားဖို့ အိမ်အလုပ်တောင်မလုပ်ရတော့ ဘူး “ဟု ကွက်လိပ်ကျေးရွာက ဒေါ်တင်တင်ခိုင်ကဆိုသည်။

အဆိုပါဖြစ်စဉ်များကြောင့် ဒေသခံများသည် သောက်ရေကန်များကို တစ်ပေခွဲခန့် ထပ်တူးနေသလို ကန်များမှရေများကိုလည်း မလိုအပ်ပဲ မသုံးတော့ဘဲ နွေရာသီကာလတစ်ခုလုံး သုံးစွဲနိုင်အောင် ကြိုးပမ်းနေကြသည်ဟုဆိုသည်။

အစိုးရအနေဖြင့်တော့မိုးရေလှောင် သောက်ရေကန်များကို ပြန်လည်ပြင်ဆင်ရန် ဘက်ဂျက်မရှိသေးတာကြောင့် NGOများအရပ်ဘက်အဖွဲ့ အစည်းများကိုသာ အကူညီတောင်းဆောင်ရွက်မည်ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကပြောသည်.။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့ က ကိုစိုင်မွန်ကတော့ “ဒါတွေက ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာမှု့ အပါ် အကျိုးဆက်တွေပေါ့ ဒါတွေကို ဖြေရှင်းဖို့ ကကျတော့ အစိုးရတစ်ခုတည်းလည်း မဖြစ်နိုင်ဘူး ကျေးရွာဘက်ကိုလည်း ဒီဗဟုသုတ ပညာပေးမှုတွေ ပေးရမယ်အဲ့ တော့မှသူတို့ (ဒေသခံ)ကိုယ်တိုင်ကစိတ်ပါဝင်စားမှုနဲ့  ခုဘယ်လိုဖြစ်နိုင်တယ် နောက်ကိုရောဘယ်လိုဖြစ်နိင်တယ်ဆိုတာသိပြီး သူတို့ ကတစ်ဆင့် မြို့ နယ် အဆင့်တင်ပြဒီကနေမှတစ်ဖြည်းဖြည်းအစိုးရဆီရောက်ပြီး ဆောင်ရွက်ရင် ပို အဆင်ပြေနိုင်ပါတယ် “ဟုအကြံပြုပြောဆိုသည်။

လပွတ္တာ မြို့ မှ ပြည်သူများသည် သောက်သုံးရေအတွက် မိုးရေကို သာ အားကိုးနေကြရပြီး အချို့ နေ ရာများတွင် (၈၀)ရာခိုင်နှန်း သောသောက်သုံးရေများမှာ ဖုံးအုပ်ထားခြင်းမရှိပေ။

လပွတ္တာမြို့နယ်တွင် လာမည့်နှစ်၃၀အတွင်း လက်ရှိ အပူချိန်ထက်၁ မှ ၂ ဒီဂရီဖာရင်ဟိုက်အထိတိုးလာနိုင်ပြီး ပင်လယ်ရေမျက်နှာပြင်သည်လည်း ၂၀ စင်တီမီတာမှ ၄၁ စင်တီမီတာအထိမြင့်တက်လာနိုင်သည်ဟ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ MCCA က ခန့် မှန်းထားသည်။
ယင်းအကျိုးဆက်ကြောင့် မိုးရာသီတိုတောင်းခြင်းနှင့် အတူ အပူချိန် မြင့်မားလာမှုကြောင့် ဆားငန်ရေ၀င်ရောက်မှုနှင့် ရေငွေ့ ပျံမှု လည်းများလာကာ သောက်သုံးရေ ကိုလုံလောက်စွာ ရရှိရန် တိုးမြှင့်နိုင်မှသာ လူနေထိုင်မှုအဆင်ပြေမည် ဟု မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာသူများကဆိုသည်။
မျိုးမင်းပိုင်

No comments:

Post a Comment