Latest News

Saturday, November 4, 2017



နေပြည်တော်၊ နိုဝင်ဘာ ၎
ရဲဇာနည်

လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
နေပြည်တော်၊ နိုဝင်ဘာ ၄
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူး မြို့နယ်၊ ကညင်ဒိုင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ပင်သာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတုတ်ခိုင်(၆၀)နှစ်နှင့် ဇနီးဖြစ်သူ မစိုးစိုး(၄၄)နှစ်တို့ လင်မယားချင်း စကားများရန်ဖြစ်စဉ် ဦးတုတ်ခိုင်မှ ဓားဖြင့်ခုတ်သောကြောင့် မစိုးစိုးတွင် ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားသဖြင့် ဦးတုတ်ခိုင် အား ညောင်ပင်သာနယ်မြေရဲစခန်း(ပ)၁၈၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment