စပါးပေါ်ချိန်အချိန်အခါမဟုတ်ရွာသွန်းမှာကို ဒေသခံများစိုးရိမ်
မိုးစပါးများသည် ဖြိုင်ဖြိုင်ပေါ်နေသည့်ယခုချိန်တွင် ပေါင်မြို့နယ်အတွင်းမိုးစပါးစိုက် တောင်သူများက အချိန်အခါမဟုတ် မိုးရွာသွန်းမည်ကိုစိုးရိမ်နေကြသည်။
မိမိတို့၏ စပါးစိုက်ခင်းများပျက်စီး ဆုံးရှုံးမည်ကို စိုးရိမ်းနေကြပြီး စိုက်ပျိုးထားရှိသော စိုက်ခင်းများကို တစ်ခင်းပြီးတစ်ခင်း အမြန်ရိတ်သိမ်းဆည်းနေရကာ နေ့စားစပါးရိတ်တောင်သူများ နေ့စဉ်အလုပ်နှင့်လက်မပြတ်လုပ်ကိုင်နေကြသည်ဟုဒေသခံတောင်သူများကပြောသည်။
"အခုက ရာသီဥတုမမှန်တော့ဘူးလေ ကိုယ့်စပါးစိုက်ခင်းတွေ မိုးမမိအောင် အချိန်မှီ လုပ်ကိုင်နေရ တယ်။ မိုးတာမိသွားရင် လုပ်ရကိုင်ရတာ ခက်ခဲတယ်။ ဟိုဟာပြန်လုပ် ဒီဟာပြန်လုပ်နဲ့ အရမ်းကိုရှုပ်တာ။ နောက်ပြီး ဈေးနှိုမ်ခံထိမှာ။ဒါကြောင့် ကျွန်တော်တို့မြို့နယ်မှ မိုးစပါးစိုက်တောင်သူတွေ မိုးရွာမှာကို စိုးရိမ်နေကြပြီး စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကိုလည်း တစ်ခင်းပြီးတစ်ခင်း သိမ်းဆည်းနေကြပါတယ်။ တစ်ချို့ကတော့ စက်နဲ့သိမ်းဆည်းနေကြတာလည်းရှိပါတယ်။ ပြီးတော့ စပါးစိုက်ထားတဲ့ တောင်သူတိုင်းက အပြိုင်အဆိုင် ငှားနေကြတော့ ကျွန်တော်တို့ စပါးရိတ် အငှားလိုက်တဲ့သူတွေ အတွက်ကတော့ နေ့တိုင်း အလုပ်လုပ်နေရတော့ နေ့စဉ်ဝင်ငွေရပြီး အဆင်ပြေပါတယ်" ဟု ကျွဲခြံကျေးရွာမှ နေ့စားစပါးရိတ် အငှါးလိုက်သူ ဦးကရင် က ပြောသည်။
ပေါင်မြို့နယ်သည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွန်ပြည်နယ်အတွင်း၌ မိုးစပါးစိုက်ဧက ဒုတိယအများဆုံးဖြစ်ပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၂၈၈၈၄ ဧက ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်သည် မိုးစပါးပေါ်ချိန်တွင် ကျေးရွာတိုင်းရှိ တောင်သူများက မိမိတို့၏ တစ်နွေစာအတွက် စားသုံးရန်နှင့်စီးပွားအဖြစ်ရောင်းချရန် မိရိုးဖလားလုပ်ငန်းတစ်ခုဖြစ်သောကြောင့် စပါးကိုအများဆုံး စိုက်ပျိုး ကြောင်း သိရသည်။
မြန်မာနိုင်ငံမှာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်အချိန်မတော်မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေမှုအပေါ် ဒေသခံများက လိုက်လျောညီထွေဖြစ်အောင် လယ်ယာလုပ်ငန်းတွေမှာပြောင်းလဲလုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေကိုလေ့ လာနေသူများကအကြံပြုထားသည်။
ဟံသာနွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment