Latest News

Thursday, October 19, 2017

ပုသိမ်လေဆိပ်မှ လေ့ကျင့်ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော G-4လေယာဉ်၏ အစိတ်အပိုင်းများကို ပြန်လည်တွေ့ရှိ


ပုသိမ်လေဆိပ်မှ လေ့ကျင့်ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော G-4လေယာဉ်၏ အစိတ်အပိုင်းများကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးဌာနချုပ်၏ သတင်းထုတ်ပြန်ချက်များအရ သိရှိသည်။

လေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး
 သော်ဇင်စိုးတို့နှစ်ဦးမှာ ယနေ့ထိရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။
G-4လေယာဉ်အစိတ်အပိုင်းများအား လေယာဉ်လေ့ကျင့်ပျံသန်းစဉ် စတင်အဆက်အသွယ်ပြတ်ပျောက်ဆုံးခဲ့သော နေရာနှင့် မြောက်ဘက်၅မိုင်အကွာ l ဂွမြို့၏တောင်ဘက် ၁၂မိုင်အကွာ သစ်တောအုပ်ထဲတွင် လေယာဉ်အစိတ်အပိုင်းများဖြစ်သော ဦးခေါင်းအပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊
စက်ပစ္စည်းအပိုင်းအစများနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူးတို့အား အောက်တိုဘာလ ၁၈ရက်နေ့ က တွေ့ရှိ
ခဲ့ခြင်းဖြစ်သည်။

 G-4ပျောက်ဆုံးသည့် စက်တင်ဘာလ ၅ရက်နေ့မှ တပ်မတော်ကာကွယ်ရေးဦးစီးဌာနချုပ်မှဦးဆောင်ကာ တပ်မတော်မှ(ကြည်း)တပ်များဖြင့်မြေပြင်ရှာဖွေခြင်း l တပ်မတော်(လေ)မှ ရှာဖွေကယ်ဆယ်ရေးလေယာဉ်များဖြင့် ဝေဟင်ရှာဖွေခြင်းနှင့်တပ်မတော်(ရေ)မှကမ်းရိုးတန်းသွားသင်္ဘောများဖြင့်ရေပြင်ရှာဖွေခြင်း တို့ကိုပြုလုပ်ခဲ့သော်လည်းတွေ့ရှိခြင်းမရှိသည့်အတွက် တွေ့ရှိသူအားဆုငွေထုတ်ကာ ရှာဖွေမှုများဆက်လက်ပြုလုပ်ခဲ့ပြီးနောက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်(၃)စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းနေစဉ် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုး မောင်းနှင်ခဲ့သော G-4လေယာဉ်သည် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌
ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထက်ဝဠာမင်း

No comments:

Post a Comment