Latest News

Wednesday, October 18, 2017

မဏ္ဍိုင်လေးရပ်တွေ့ဆုံးဆွေးနွေးပွဲပုသိမ်၌ပြုလုပ်


    ပုသိမ်lစက်တင်ဘာ ၁၄
   မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ ကြီးမှုးကျင်းပပြုလုပ်သော မဏ္ဍိုင်လေးရပ်တွေ့ဆုံနွေးပွဲအား စက်တင်ဘာလ၁၄ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ် ။
   အဆိုပါမဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သတင်းဂျာနယ်ပေါင်းစုံတွင် ဖော်ပြရေးသားနေသော မီဒီယာသမားများက စက်တင်ဘာလ၁၃ရက်နေ့ ၎င်းခန်းမ၌ အုပ်ချုပ်ရေး တရားရေးဌာနများ၌ သတင်းရယူမှုအပိုင်းနှင့်အခက်အခဲများကိုအကြို တင်ပြဆွေးနွေးပြီး ထိုဆွေးပွဲမှသတင်းမီဒီယာသမားအယောက်သုံးဆယ်ရွေးချယ်ကာ ယနေ့ကျင်းပပြုလုပ်သော မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတင် အုပ်ချုပ် တရားစီရင် နှင့်ဥပဒေပြုရေး မဏ္ဍိုင်မှတာဝန်ရှိသူများနှင့်အခက်အခဲများကိုအပြန်အလှန်တင်ပြဆွေးနွေးခဲ့ကြပါတယ်။

  မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ဥက္ကဌနှင့်ဒုဥက္ကဌ၊လွှတ်တော်ကိုယ်စားများ၊တရားသူကြီးချုပ်၊ဥပဒေချုပ်တို့နှင်ရှေ့နေများ၊အစိုးရအဖွဲ့ဝန်ကြီးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ l မြန်မာနိုင်ငံစာနယ်ဇယ်ကောင်စီဥက္ကဌနှင့်တာဝန်ရှိသူများ lသတင်းမီဒီယာသမားများတက်ရောက်
ခဲ့ကြပါတယ်။

     အခန်းအနားအစီအစဉ်များအရ တာဝန်ရှိသူများမှအသီးသီးမိန့်ခွန်းပြောကြားကြပါတယ်။
   အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး အပိုင်းများတွင်သတင်းရယူမှုအပိုင်းမျနှင့် အခက်အခဲရှိမှုများကို Evenven သတင်းဌာနမှနယ်သတင်းထောက် ကိုအောင်ကျော်မျိုးမှ ယခုလိုပြောကြားခဲ့ပါတယ်။
    "ဒီဘက်အစိုးရသစ်လက်ထက်မှာတော့ သတင်းရယူမှုအပိုင်းကတော့ ပိုပြီးလွယ်ကူလာပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာဆိုလဲ တာဝန်ရှိတဲ့သူတွေ ဖြေကြားတဲ့အပိုင်းတွေအားနည်းနေပေမဲ့ သက်ဆိုင်ရာဝန်ကြီးများကဖြေကြားပေးတဲ့အတွက် အခက်အခဲမရှိပါဘူး။ ဒါပေမဲ့ဝန်ကြီးချုပ်ကသတင်းသမားတွေ့နဲ့ တွေ့ဆုံမှုအပိုင်းကတော့အတော်လေးအားနည်းသေးပါတယ်။ လွှတ်တော်ပိုင်းမှာလဲအခက်အခဲသိတ်မရှိပါဘူး။ အဓိကအချက်ကတော့ တရားစီရင်အပိုင်းပါ။ တရားရုံးတွေမှာသတင်းသွားရောက်မေးမြန်းတဲ့အခါမှ တာဝန်ခံဖြေကြားမဲ့သူကအတိအကျဖြေကြားနိုင်ဖို့တော့လိုအပ်ပါတယ်။သတင်းသမားတွေလဲ သတင်းမီဒီယာဥပဒေနှင့်အညီလုပ်သလို သူတို့လဲဥပဒေတွေနဲ့အညီလုပ်ဆောက်စေချင်ပါတယ်။"ပြောသည်။
    အစိုးဌာနများနှင့်ပက်သက်၍သတင်းဖြေကြားမှုအပိုင်း အခက်အခဲများအား လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးဝင်းဌေးအားမေးမြန်းခဲ့ရာ ဖြေကြားမှုအပိုင်းမှာ အခက်အခဲမရှိကြောင်းနှင့် သတင်းမီဒီများအစိုးရဌာနနှင့်သက်ဆိုင်သောသတင်းရယူရသည့် အပိုင်းတွင်အခက်အခဲများရှိကြောင်းတင်ပြလာပါက အဆင်ပြေအောင်ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြန်
လည်ဖြေကြားခဲ့သည်။
ထက်ဝဠာမင်း

No comments:

Post a Comment