Latest News

Saturday, October 7, 2017

ရခိုင်ပြည်နယ်ကမြို့မဈေးကြီး ၅ခုကို ၄ထပ်အဆောက်အဦးများအဖြစ်အဆင့်မြင့်မည်


ရခိုင်ပြည်နယ်ကမြို့မဈေးကြီး ၅ခုကို ၄ထပ်အဆောက်အဦးများအဖြစ်အဆင့်မြင့်မည်

ရခိုင်ပြည်နယ် ရှိမြို့မဈေးကြီး၅ခုအား၎ထပ်အဆောက်အဦးများအဖြစ်ယခုဘဏ္ဍာနှစ်တွင်အဆင့်မြင့်တင်သွားမည်ဖြစ်ကြောင်းပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှသိရသည်။
စစ်တွေ ၊ကျောက်တော်၊ ရမ်းဗြဲ  တောင်ကုတ်နှင့်ဂွမြို့ များကမြို့မဈေးကြီးများကို၎ထပ်အဆောက်အအုံ
အဖြစ်အဆင့်မြင့်ရန် စီစဉ်နေခြင်းဖြစ်သည်။

'လက်ရှိဈေးတွေကကျပ်လာတယ်လေ။ဈေးသူဈေးသားတွေကလည်းများလာတယ်။ ဒါကြောင့်အဆင့်မြင့်တင့်မယ်လို့ကျွန်တော်တို့ကိုဝန်ကြီးဌာနကလည်းပြောလာပါတယ်။ ဒါကြောင့်အခုအတင့်မြင့်တင်ဖို့လုပ်ရတာပါ'ဟုရခိုင်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းသို့အဆင့်မြင့်တင်ရာတွင်ပထမထပ်တွင်သား ငါး၊ဒုတိယထပ်တွင်ဟင်းသီဟင်းရွက်နှင့်သစ်သီး၊တတိယထပ်တွင်အ၀တ်အထည်နှင့်အပေါ်ဆုံးအထပ်တွင်အနားယူအပန်းဖြေနိုင်မည့်အအေးဆိုင်များ ကော်ဖီဆိုင်များဖြင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
အဆင့် မြှင့်တင်မည့် အခြေနေများနှင့်ပတ်သတ်၍စစ်တွေမြို့မဈေးမှအထည်ဆိုင်ပိုင်ရှင်မလှလှသိန်းက 'လက်ရှိဈေးဆိုင်ခန်းတွေနေရာအပြောင်းအလဲများဖြစ်လာနိုင်မလား၊ပြီးတော့ဘယ်လို့စီမံခန့်ခွဲပြီးနေရာချထားမလဲ။ဒါတွေကိုတော့စိတ်ပူမီတယ်'ဟုပြောသည်။
အဆင့်မြင့်တင်မည့် ကုန်ကျမည့် ငွေကြေးအသေးစိတ်ကိုတော့ ပြည်နယ်အစိုးရကထုတ်ပြန်ပေးခြင်းမရှိပေ။
လတ်တလောတွင်မြို့မဈေးကြီးများအားအဆင့်မြင့်တင်နိုင်ရန်အတွက်လုပ်ငန်းရှင်များအားတင်ဒါစတင်ခေါ်ယူနေပြီဖြစ်ပြီးတင်ဒါလျောက်လွှာကိုအောက်တိုဘာ၁၆ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်းရခိုင်ပြည်နယ်အစိုးရကကြော်ငြာထားသည်။
ကျော်လင်းနိုင်

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post