Latest News

Monday, October 30, 2017

နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ကော်မတီ၏ ရန်ပုံငွေတွင် ပြည်ပ အထောက်အပံ့ လုံးဝမပါဟု ဦးကိုကိုကြီး ဆို

နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ကော်မတီ၏ ရန်ပုံငွေတွင် ပြည်ပ အထောက်အပံ့ လုံးဝမပါဟု ဦးကိုကိုကြီး ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကျောင်းသားမျိုးဆက်အသီးသီးပါဝင်မည့် နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီသုံးစွဲနေသည့် ငွေကြေးများတွင် ပြည်ပအထောက်အပံ့လုံးဝ မပါကြောင်း ဗဟိုကော်မတီတာဝန်ခံဦးကိုကိုကြီးကပြောသည်။ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီတွင် ရန်ပုံငွေအနည်းငယ်သာရှိပြီး ပြည်ပအထောက်အပံ့ယူ နေသည်ဟူသည့် သတင်းများမှာ မဟုတ်မမှန်သတင်းများသာဖြစ် ကြောင်း ဦးကိုကိုကြီးက ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၂၉ ရက်ကပြောသည်။


''ပြည်ပအကူအညီမပါဘူး။ အဲဒါကရှင်းတယ်။ အဲဒါတွေက တစ်ခုမှမဟုတ်ဘူး။ အခြေအမြစ်လည်းမရှိဘူး။ နောက်တစ်ခုက အဲဒါ ကစေတနာဆိုးတွေနဲ့ ဖြစ်နေကြတာ တွေ။ ဥပမာကိုယ်တွေလုပ်နေတဲ့ ငွေကြေးပမာဏဟာ ခြောက်ပြားတစ်ပဲပဲရှိတယ်။ အားလုံးမှန်းကြည့်လို့ရတယ်'' ဟု ၎င်းကပြောသည်။ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီအနေဖြင့် အဖွဲ့အစည်း စတင်ဦးဆောင်သူများ၏ ထည့်ဝင် ငွေများနှင့် တစ်ဦးချင်းအလှူရှင်တို့ ၏ငွေကြေးများသာ သုံးစွဲထားပြီး အချိန်မရွေးအစစ်ဆေးခံနိုင်ကြောင်း အောက်တိုဘာ ၃ဝ ရက် တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာရှိနိုင်ငံရေး ပါတီဖြစ်မြောက်ရေးဗဟိုလုပ်ငန်း ကော်မတီရုံးခန်းတွင်ပြုလုပ်သည့် ရုံးခန်းဖွင့်လှစ်ပွဲအခန်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကို ကြီးက မီဒီယာများသို့ပြောသည်။

''ကျွန်တော်တို့ငွေကြေးဘဏ္ဍာ ရေးကော်မတီက စာရင်းပြုစုပြီးတော့ ဝင်ငွေထွက်ငွေစတာတွေကို စနစ်တကျစီစဉ်ထားပါတယ်။ အဲဒီတော့ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ စတင်ဦးဆောင်သူများပေါ့။ စတင်စည်းရုံးလှုပ်ရှားသူများရဲ့ မတည်ငွေနဲ့ တစ်ဦးချင်းအလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ စတင်တာဖြစ်ပါတယ်။ အခုထိကျွန်တော်တို့လည်ပတ်နေတဲ့ ပမာဏကလည်း တော်တော်ကို အကျဉ်းရုံးပြီးတော့ တတ်နိုင် သလောက်အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် အချိန်မရွေးလည်း အစစ်ဆေးခံနိုင်အောင် ကျွန် တော်တို့ဘဏ္ဍာရေးကော်မတီက နေပြင်ဆင်ထားတာရှိပါတယ်'' ဟု ဦးကိုကိုကြီးကပြောသည်။ လက်ရှိအချိန်တွင်လည်း ဗဟို ကော်မတီဝင်များထံမှ တစ်ဦးလျှင် ကျပ်တစ်သောင်းနှင့်ပါတီဝင်များထံမှလည်း ငွေကြေးပမာဏတစ်ခုသတ်မှတ်၍ လစဉ်ကြေးကောက်ခံကာ ပါတီရန်ပုံငွေအတွက် စီစဉ်ထား ကြောင်း ၎င်းကဆက်လက်ပြောသည်။

HWA

Democracytoday

No comments:

Post a Comment