Latest News

Saturday, October 21, 2017

ပုသိမ် ပါမောက္ခချုပ်၏ အလွဲသုံးစား ပြုလုပ်နေမှုများ အပေါ် လူမှုရေး ဝန်ကြီးက ပြည်ထောင်စု ဝန်ကြီးထံ တင်ပြစာ ပေးပို့

ပုသိမ် ပါမောက္ခချုပ်၏ အလွဲသုံးစား ပြုလုပ်နေမှုများ အပေါ် လူမှုရေး
ဝန်ကြီးက ပြည်ထောင်စု ဝန်ကြီးထံ တင်ပြစာ ပေးပို့

ပုသိမ်၊ အောက်တိုဘာ ၂၁

နေပြည်တော်မှ တက္ကသိုလ်ဌာန ပြောင်းရွှေ့ရန် အမိန့် ညွန်ကြားချက် ကျထားသော ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေ၏ လက်ရှိ ပြုလုပ် ဆောင်ရွက်နေသော တာဝန် အလွဲသုံးစား ပြုလုပ်နေမှုများ အပေါ် ပြည်ထောင်စု ဝန်ကြီးထံ တင်ပြစာဖြင့်ပေးပို့၍ တားမြစ် ကန့်ကွက်လိုက်ကြောင်း လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောကြားခဲ့ သည်။

ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေသည် နေပြည်တော်မှ ပြောင်းရွေ့မိန့် ကျထားသောကြောင့် ပုသိမ် တက္ကသိုလ်နှင့် သက်ဆိုင်သည့် လုပ်ငန်း ကိစ္စများ တွင် ပါဝင်ခွင့် မရှိသော်လည်း ပုသိမ် တက္ကသိုလ် ဝန်ထမ်း အိမ်ယာဟောင်း များကို အလျှင်အမြန် အသစ် ပြန်လည် ဆောက်လုပ်ရန် ကုမ္ပဏီ တစ်ခုနှင့် ဆက်သွယ် စာချုပ် ချုပ်ဆိုခြင်း ၊ တက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု အပိုင်းများကို ဆက်လက် လုပ်ဆောင်နေခြင်းနှင့် အဆင့်မြင့် ပါမောက္ခချုပ် ညွန်ကြားရေးမှူးချုပ်၏ နာမည်အား အလွဲသုံးစား ပြုလုပ်နေခြင်များ အပေါ် လူမှုရေး ဝန်ကြီးက ပြည်ထောင်စု ဝန်ကြီးထံ တင်ပြစာ ပေးပို့၍ တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ပြောင်းရွှေ့ခွင့် ကျပြီးမှ ပါမောက္ခချုပ်က တက္ကသိုလ် ငွေကြေး စီမံခန့်ခွဲမှုကို ဆက်လက် လုပ်ဆောင်နေပါတယ်။ အဆင့်မြင့် ပါမောက္ခချုပ်ရဲ့ နာမည် ကိုလည်း အလွဲသုံးစား လုပ်ပြီး နေရာတိုင်း လိုလို ပြောပါတယ်။ သူပြောနေတဲ့ အဆင့်မြင့် ပါမောက္ခချုပ် ကကော သူပြသနာ ဖြစ်ရင် တစ်ကယ် တာဝန် ယူမှာလား။ ပြီးတော့ ငွေကြေး ကိုင်တွယ်မှု အပိုင်းတွေမှာလဲ သူ့ကို အရင်က တိုင်ကြား ထားတာ ရှိပါတယ်။ ဒီအချက် တွေကြောင့် ကျွန်မက သူ့လုပ်ရပ် တွေကို ရပ်တန့်စေဖို့ တားမြစ်တာပါ။ အဏ္ဏဝါသိပ္ပံမှာ နည်းပြ သရုပ်ပြ သုံးယောက် ခေါ်တဲ့ ကိစ္စမှာဆိုလည်း သူ မပြောင်းခင် ရေးဖြေ နှုတ်ဖြေ ဖြေခိုင်းပြီး အပြီး ခန့်အပ်သွားမယ်လို့ ကြားပါတယ်။ ဒါတွေကလဲ သွေးရိုးသားရိုး မဖြစ်နိုင်ပါဘူး" ဟု ဒေါက်တာ လှမြတ်သွေးက ပြောသည်။

လက်ရှိတွင် ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေ သည် အစိုးရက တရားဝင် ထုတ်ပြန်ထားသော ပြောင့်ရွှေ့ရန် အမိန့် ညွန်ကြားချက်ကို လက်တလော လိုက်နာခြင်း မရှိပဲ ဝန်ထမ်း အိမ်ရာများကို ကုမ္ပဏီမှ အကြွေး ဆောက်လုပ်ပေးမည် ဟုဆိုကာ ထိုကုန်ကျစရိတ် အကြွေးကိုလဲ ပြည်ထောင်စုမှ ချထားပေးခဲ့သော ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက် ရန်ပုံငွေတွင် ကုန်ဆုံးသွားသည့် အတွက် နှစ်ကုန်ပါက အဆင့်မြင့် ပါမောက္ခချုပ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း ပြန်လည် ပေးဆပ်သွားမည် ဆိုသော စကား အသုံးအနှုန်း များကို သုံးနှုန်းနေကြာင်း လူမှုရေး ဝန်ကြီးထံမှ သတင်းရရှိသည်။

တက္ကသိုလ် ဝန်ထမ်း အိမ်ရာ ဆောက်လုပ်ရန် အတွက် ထိုအဆောင်များ တွင် နေထိုင်သော ဆရာ၊ ဆရာမ နှင့် ဝန်ထမ်းများကို ပါမောက္ခချုပ်မှ တစ်ပတ်အတွင်း ဆင်းပေးရန် လာရောက် ပြောဆိုခြိမ်းခြောက်မှုများ ကိုလည်း ပြုလုပ်ခဲ့ကြောင်း ထိုအိမ်ရာတွင် လက်ရှိ နေထိုင်နေသော ဆရာမ ဝန်ထမ်း တစ်ဦးထံက သိရသည်။

သတင်း - ပြည့်စုံလင်း(ပုသိမ်)
စံတော်ချိန်

No comments:

Post a Comment