Latest News

Thursday, October 19, 2017

ကြံခင်းမြို့ မှာ ခိုးဝင်ဘင်္ဂါလီ(၇)ဦးဖမ်းဆီးရမိ တာကြောင့် လုံခြုံရေးတိုးမြှင့်

ကြံခင်းမြို့ မှာ ခိုးဝင်ဘင်္ဂါလီ(၇)ဦးဖမ်းဆီးရမိ တာကြောင့် လုံခြုံရေးတိုးမြှင့်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် အုပ်ပုံစစ်ဆေးဂိတ်တွင် စပါးအိပ်များကိုတင်ဆောင်လာသော ကုန်ကားတစ်စီးပေါ်တွင် တရားမဝင် ခိုးဝင်ဘင်္ဂါ(၇)အား စစ်တေးရေးရဲတပ်ဖွဲ့များမှ အောက်ဘာလ၁၉ရက်နေ့ ည၇နာရီ ၁၅မိနစ်ခန့်တွင်ဖမ်းဆီးရမိခဲ့ခြင်းကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက လုံခြုံရေးကိုတိုးမြှင့်လိုက်သည်။
"ကြံခင်းမြို့က ဧရာဝတီတိုင်းရဲ့ဝင်ပေါက်တစ်ခုဖြစ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုံခြုံရေးတင်းကြပ်ဆောင်ရွက်ဖို့ ညွန်ကြားထားတဲ့အတိုင်း ကျွန်တော်တို့ကလဲစစ်ဆေးရေးဂိတ်တွေမှာ အမြဲစောင့်ကြည့်စစ်ဆေးပါတယ် ကားတွေများရင်တော့သေခြာမစစ်ဖြစ်ပါဘူး ကားတွေရှင်းနေရင်တော့သေခြာစစ်ဖြစ်ပါတယ် အခုကားကလဲကားတွေရှင်းချိန်ဂိတ်ကဖျက်တော့ လုံခြုံရေးအဖွဲ့တွေကစစ်လိုက်တယ် အမိုးထဲဝင်စစ်တော့ ဘင်္ဂါလီ ၇ဦးကိုတွေ့လို့ လုံခြုံရေးတပ်ဖွဲ့တွေကဝိုင်းဖမ်းလိုက်တယ် သူတို့ကလဲပြန်လည်ခုခံတာမျိုးတစ်စုံတစ်ရာမလုပ်ပါဘူးကျနော်တို့ လုံခြုံရေး ထပ်မြှင့်ဆောင်ရွက်နေတယ်”ဟု "ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးထိုက်ကပြောသည်။

မင်းပြားမြို့မှ စပါးအိပ်၂၆၀နှင့် တရားမဝင် ခိုးဝင်ဘင်္ဂါလီး(၇)ဦးအားတင်ဆောင်သည်ဟုယူဆရသော ကုန်တင်ယာဉ်AYY8H-2866 Nissan UD6 သည် ပုသိမ် -မုံရွာကားလမ်းအတိုင်း ရန်ကုန်မြို့သို့ မောင်းနှင်လာစဉ် ကြံခင်မြို့တွင်တည်ရှိသော အုပ်ပုံစုစစ်ဆေးဂိတ်မှရဲနှင့်တာဝန်ရှိသူများမှ
မင်းပြာမြို့နယ်အတွင်းနေထိုင်သော ပွဲစားကိုကျော်ဝင်းမှဘင်္ဂါလီ ၁ဦးအား ငွေကျပ် ၁၂သိန်းဖြင့် ဘင်္ဂါလီ၇ဦးကိုရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်အတွင်းရှိ မင်းမဟာဓာတ်ဆီဆိုင်အနီးတွင် လူအချိန်းအဆက်လုပ်၍ လူရောက်မှငွေခြေစနစ်ကိုလက်ခံခဲ့ပြီး ၎င်းဘင်္ဂါလီ ၇ဦးအား အထက်ပါနေရာသို့ပို့ဆောင်ပေးရန်အတွက် မင်းပြားမြို့နယ်တွင်နေထိုင်သော ကုန်ကားမောင်းအားတစ်ဦးလျှင်ပို့ဆောင်ခ ငွေကျပ်၈သိန်း ဖြင့်ပြန်လည်ညိုနှိုင်းကာ တစ်ဆင့်ပို့ဆောင်စေခဲ့ခြင်းဖြစ်ကြောင်း ဘက်ရဲနယ်မြေခံရဲစခန်းမှ သတင်းထုတ်ပြန်သည်
  တရားမဝင်ဘင်္ဂါလီ ၇ဦးအား ဘက်ရဲနယ်မြေခံရဲစခန်းမှ (ပ)၁၃၉/၂၀၁၇ လူဝင်မှု့ကြည်ကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဥပဒေပုတ်မ ၆(၁)(၂)ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး ပွဲစားကိုကျော်ဝင် l ယာဉ်မောင်းဦးလှမြင့် l ယာဉ်နောက်လိုက်ရန်မောင်ထွန်း တို့(၃)ဦးအား (ပ)၁၄၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုတ်မ ၄၆၇ဖြင့်အမှုဖွင့်အရေးယူထားသည်။
ထက်ဝဠာမင်း

No comments:

Post a Comment