ဧရာဝတီတိုင်းနှင့် ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းဖောက်ရေး အပါအ၀င် မောင်တောဒေသဖွံ့ဖြိုးရေးကူညီမည်ဟု မန်းဂျော်နီပြော
ဧရာဝတီတိုင်းဒေ သကြီးနှင့် ရခိုင်ပြည်နယ် ဆက် သွယ်မည့် ကမ်းခြေပတ်လမ်း ဖောက်ရေးကိစ္စအပါအ၀င် မောင် တောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် အတတ်နိုင်ဆုံးပူးပေါင်းကူ ညီမည်ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။
ဝန်ကြီးချုပ် မန်းဂျော်နီ ဦး ဆောင်သောအဖွဲ့သည် အောက် တိုဘာ ၂၇ ရက် နေ့လယ်က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရဧည့်ဂေဟာတွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်းပြောကြားသည်။
မောင်တောဒေသအတွက် လိုအပ်သော ကူညီမှုများပေးနိုင် ရန် ၀န်ကြီးချုပ် မန်းဂျော်နီနှင့်အဖွဲ့ သည် အောက်တိုဘာ ၂၅ ရက်က စတင်ကာ ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ ရောက်ရှိပြီး အောက်တိုဘာ ၂၆ ရက်တွင် မောင်တော မြို့နယ်မြောက်ပိုင်းရှိ သစ်တုံနားခွဆုံကျေးရွာ၌ နေအိမ်ပြန်လည် တည်ဆောက်ရန် ပန္နက်ရိုက်ပေး ခဲ့သည်။‘‘ဧရာဝတီကမ်းခြေ ငွေ ဆောင်တို့၊ ချောင်းသာတို့၊ ရွှေ သောင်ယံတို့ ဒီဘက် (ရခိုင်)က ဂွအထိပေါ့။ အဲဒီဟာကို ကမ်းပတ်လမ်းကြီးဖောက်ဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့ တို့ဧရာဝတီအစိုးရနဲ့ ညှိ နှိုင်းထားပြီးပြီ’’ဟု မန်းဂျော်နီက ပြောသည်။
ဝန်ကြီးချုပ် မန်းဂျော်နီနှင့် အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်တွင် ရခိုင်ပြည်နယ်မှ ပြန် လည်ထွက်ခွာပြီး ထပ်မံလာ ရောက်မည့် ခရီးစဉ်များရှိနေသေး ကြောင်း ၎င်းက ပြောကြားသည်။
‘‘ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက အားမ ငယ်ဖို့ ပြောပါတယ်။ တိုင်းရင်း သားတွေကို ပစ်မထားဘူးလို့ အားပေးသွားပါတယ်’’ဟု သစ်တုံနား ခွဆုံကျေးရွာမှ မြိုအမျိုးသားတစ် ဦးက ပြောသည်။
7Day News
Friday, October 27, 2017
ဧရာဝတီတိုင်းနှင့် ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းဖောက်ရေး အပါအ၀င် မောင်တောဒေသဖွံ့ဖြိုးရေးကူညီမည်ဟု မန်းဂျော်နီပြော
ဧရာဝတီတိုင်းနှင့် ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းဖောက်ရေး အပါအ၀င် မောင်တောဒေသဖွံ့ဖြိုးရေးကူညီမည်ဟု မန်းဂျော်နီပြော
Reviewed by Ar Ti
on
11:49 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment