မြောက်ကိုရီးယား ပြဿနာဟာ အာရှဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် ခြိမ်းခြောက်မှုတခုဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရဲ့တိုးတက်မှုနှုန်းဟာ ဒီနှစ် ၆.၄ ရာနှုန်း၊ နောက်နှစ် ၆.၂ ရာနှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၆.၁ ရာနှုန်း ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး၊ တခြားဒေသတွေထက် ပိုပြီးအခြေအနေကောင်းမယ်လို့ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ မြောက်ကိုရီးယား ပြဿနာပေါ်ပေါက်လာတာကြောင့် ဒေသရဲ့တိုးတက်နှုန်း ထိခိုက်သွားနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒေသဆိုင်ရာ စီးပွားရေးပညာရှင်များအဖွဲ့ အကြီးအကဲ က သတိပေးလိုက်ပါတယ်။
ဒီပြဿနာကြောင့် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း ပြောပါတယ်။
RFA
No comments:
Post a Comment