Latest News

Sunday, October 1, 2017

ရိုဟင်ဂျာဟိန္ဒူ ဟူသောဝေါဟာရအသစ်ကိုလက်မခံ

ရိုဟင်ဂျာဟိန္ဒူ ဟူသောဝေါဟာရအသစ်ကိုလက်မခံ

မြန်မာနိုင်ငံလုံးဆို်င်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်က ကြေငြာချက်တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။အချက်၈ချက်ပါတဲ့ ဒီကြေငြာချက်ထဲမှာ" နိုင်ငံခြားမီဒီယာအချို့က ဟိန္ဒူလူမျိုးများကို ရိုဟင်ဂျာဟိန္ဒူ ဟူသောဝေါဟာရအသစ်အဖြစ်ခေါ်ဆိုနေခြင်းကို သတိထားမိပါတယ်။ထိုဝေါဟာရသည် မြန်မာနိုင်ငံရောက်ဟိန္ဒူဘာသာဝင်များ၏သမိုင်းကြောင်းနှင့်ဟိန္ဒူဗဟိုကောင်စီစည်းမျဉ်းပါ လူမျိုး(၁၀)မျိုးတွင် ပါဝင်ခြင်းလည်းမရှိပါ။လူတချို့က ပြည်ပနိုင်ငံများကို လှည်းဖျားရန်အတွက် လုပ်ကြံဖန်တီးထားသော စကားဖြစ်သဖြင့် ထိုသို့ခေါ်ညွှန်းသုံးစွဲခြင်းမပြုရန် တိုက်တွန်းအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မောင်တောဒေသအတွင်းအစွန်းရောက်အကြမ်းဖက်(ARSA)တို့ရဲ့သတ်ဖြတ်ခံရခြင်းကြောင့်သေဆုံးသွားတဲ့ ဟိန္ဒူလူမျိုးတွေအတွက် ဟိန္ဒူဓလေ့ထုံးစံနဲ့ ဆုတောင်းတဲ့ပွဲကို အောက်တိုဘာ၁ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ သျှရိ ဘူသ်နာသ်မဟာဒေ၀ ဟိန္ဒူဘုရားကျောင်းမှာ ပြုလုပ်ကျင်းပခဲ့ပြီး ထုတ်ပြန်ကြေညာခဲ့တာပါ ။

Mizzima

No comments:

Post a Comment