Latest News

Tuesday, October 10, 2017

အင်းရဲတံတားသစ်ကိုအစိုးရမှရွေးချယ်ထားသောမြေနေရာအတိုင်းဆောက်လုပ်ပေးရန်ဆန္ဒထုတ်ဖော်

ပုသိမ် l အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျေးရွာ အင်းရဲ -ရုံးပင် - ဆည်လေးချောင်ကူးတံတားအသစ်အား အစိုးရမှလက်ရှိရွေးချယ်ထားသော မြေနေရာအသစ်တွင်တည်ဆောက်ပေးရန် အင်းရဲကျေးရွာရှိဒေသခံပြည်သူများမှ အောက်တိုဘာလ၁၀ရက်နေ့ နံနက်၉ကျော်တွင် ကျုံပျော်မြို့ပေါ်တွင်တက်ရောက် ဆန္ဒ
ထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူဒေသခံလူအင်အား(၇၀၀)ကျော်က ကျုံပျော်မြို့လွှတ်တော်ကိုယ်စားလှယ်များရုံးရှေ့တွင်
စတင်စုဝေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းမှ ဗိုလ်ချုပ်ပန်းခြံရှေ့သို့ချီတက်လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲလမ်းလျှောက်တွင်ဆန္ဒထုတ်ဖော်သူများက
"ဧရာဝတီတိုင်းဒေသကြီး အစိုးရဆုံးဖြတ်ချက်အတိုင်း အင်းရဲ- ရုံးပင်- ဆည်လေး ချောင်းကူးတံတားသစ်ကိုရတနာလမ်းတွင် တည်ဆောက်ရေး""ဒို့အရေး"
"အများပြည်သူအကျိုးစီးပွားရှေးရှုရေး""ဒို့အရေး"
"ကျေးရွာဖွံ့ဖြိုးရေးနှောက်ယှက်သူများ""အလိုမရှိ"
"ပြည်သူ့ဘက်ကရပ်တည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ်သီတာကို""ထောက်ခံပါ၏"
"ဝန်ကြီးချုပ်မန်းဂျော်နီနှင့်လွှတ်တော်ကိုယ်စားလှယ်ဒေါ်သီတာ""ကျန်းမာပါစေ"
"ကွင်းဆင်းစိစစ်မှုမရှိ ပြည့်သူဆန္ဒမသိဘဲထင်ရာမြင်ရာပြောဆိုနေမှုများ""ချက်ခြင်းရပ်"စသည့်ကြွေးကြော်သံပါစာသားများပါသည့်လက်ကိုင်ပိုစတာများကိုကိုင်ဆောင်ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 "အပြန်မှာအသံတွေကြားနေရတယ် ကိုယ်စားလှယ်တွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒီတံတားဆောက်လုပ်မှုအပေါ်မှာ ငွေကြေးကောက်ခံနေတယ်လို့သတင်းတွေပြန့်နေပါတယ် အဲ့ဒါတစ်ကယ်မဟုတ်ပါဘူး ရွာသားတွေကလဲတံတားသစ်ကိုမြေနေရာသစ်ပြောင်းရွေ့ဆောက်ဖို့လဲ အကုန်ဆန္ဒရှိပါတယ် တံတားနေရာအသစ်မြေနေရာပြောင်းရွေ့ဖို့ကိုလဲ မဲခွဲဆုံးဖျက်တော့လဲ တံတားမြေနာအသစ်ဘက်ကဆောက်လုပ်ဖို့ကမဲအများဆုံးနဲ့ အနိုင်ရပါတယ် အစိုးရကိုလဲပြည်သူတွေမျက်နှာကိုကြည့်စေချင်ပါတယ်ဟု"အင်းရဲကျေးရွာရတနာပုံအမှတ်(၃)ရပ်ကွက်တွင်နေထိုင်သောဦးကြည်လင်းကပြောသည်။

အင်းရဲ-ရုံးပင်-ဆည်လေးချောင်းကူးတံတားသစ်ကိုပေအရှည် ၁၂၀တည်ဆောက်ရမှာဖြစ်ပြီး လက်ရှိ
တွင်ပြည်ထောင်စုဘတ်ဂျက်ငွေမှ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွက်တံတားသစ်ပေ၇၀အတွက်
ဘတ်ဂျက်ငွေကိုပြည်ထောင်စုမှချထားပေးခဲ့ပြီး ကျန်ပေ၅၀အတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်
ဆက်လက်တောင်းခံသွားရမည်ဖြစ်ကြောင်းသိရသည်။
ထက်ဝဠာမင်း

No comments:

Post a Comment