Latest News

Monday, October 2, 2017

နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲကို နေပြည်တော်သို့ ပြောင်းရွှေ့

နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲကို နေပြည်တော်သို့ ပြောင်းရွှေ့

ရန်ကုန်၊အောက်တိုဘာ၂

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးကို အဓိကတာဝန်ယူနေတဲ့ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်ကို ပြည်ထဲရေးဝန်ကြီးက နေပြည်တော်ကို ယနေ့မှာပဲ ပြောင်းရွေ့ လိုက်တယ်လို့ သတင်းရရှိပါတယ်။

ရဲမှူးချုပ်သူရစန်းလွင်ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရာထူးကနေ နေပြည်တော်အခြေစိုက် အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံးကွက်ကဲရေးမှူး အဖြစ်ပြောင်းလဲတာဝန်ယူရတော့မှာပါ။

ရဲမှူးချုပ်သူရစန်းလွင်နေရာကို မန္တလေးအခြေစိုက် အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံးကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးက အစားထိုးတာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်ဒီနေ့ လုပ်ဆောင်လိုက်တဲ့ ရဲမှူးချုပ်များ နေရာအပြောင်းအရွေ့ မှာ ရဲတပ်ရင်းတွေကို ကွပ်ကဲရတဲ့ အမှတ်(၁)(၂)(၃)(၄) ကွက်ကဲရေးမှူးများ နဲ့ ရခိုင်နယ်စပ်ကိုတာဝန်ယူရတဲ့ နယ်ခြားစောင့်တပ်ကွက်ကဲရေးမှူးနေရာအားလုံးပါဝင်နေတာကို
တွေ့ ရပါတယ်။

ရကဖ (၁) ကွပ်ကဲရေးမှူးက ရကဖ (၂) ကွပ်ကဲ ရေးမှူး၊ရကဖ(၂) ကွပ်ကဲရေးမှူးက ရကဖ(၄) ကွပ်ကဲရေးမှူး၊ရကဖ(၃) ကွပ်ကဲရေးမှူးက နယ်ခြားစောင့်တပ်ကွပ်ကဲရေးမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ကြရမှာပါ။

အပြောင်းအရွေ့တွေတဲ့ ပါတ်သတ်လို့ ရဲတပ်ဖွဲ့ဌာနချုပ် ပြောရေးဆိုခွင့်ထံ ဆက်သွယ်ပြီး သဘောထားမှတ်ချက် တောင်းခံခဲ့ပေမယ့်လည်း မရခဲ့၍ မဖော်ပြနိုင်ပါ။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ဆိုရင် ရခိုင်နယ်စပ်မှာရှိတဲ့ ကင်းစခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သတ်ပြီး ထိုစဉ်က နယ်ခြားစောင့်တပ်ကွက်ကဲရေးမှူး တာဝန်ယူထားတဲ့ ရဲမှူးချုပ်တစ်ဦးကို ရာထူးကနေထုတ်ပယ်ပြီး တရားစွဲဆိုခဲ့ပြီး အပြစ်ပေးခဲ့ဖူးပါတယ်။သူ့နေရာကို ရဲမှူးချုပ် သူရစန်းလွင် က အစားထိုးတာဝန်ယူနေတာ မနေ့က အထိပါ။

ဖြိုးထက်အောင်
Popular News

No comments:

Post a Comment