Latest News

Wednesday, October 11, 2017

မကွေးမြို့မရဲစခန်း အချုပ်ခန်းဖောက်ပြီး အချုပ်တရားခံ ၆ ဦး ထွက်ပြေးလွတ်မြောက်

မကွေးမြို့မရဲစခန်း အချုပ်ခန်းဖောက်ပြီး အချုပ်တရားခံ ၆ ဦး ထွက်ပြေးလွတ်မြောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မရဲစခန်း အချုပ်ဆောင် ၆ မှ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်က အချုပ်ခန်းဖောက်ပြီး အချုပ်တရားခံ ၆ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း မကွေးမြို့မရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

မကွေးမြို့မ စခန်းမှူး ဒုရဲမှူးဝင်းကျော်က “အချုပ်ဆောင် ၆ မှာ တရားခံ ၁၅ ဦး ချုပ်နှောင်ထားတဲ့ထဲက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တရားခံ ၄ ယောက်၊ မူးယစ်တရားခံ ၁ ယောက်၊ ခိုးမှု ၃၈၀၊ တရားခံ ၁ ယောက် စုစုပေါင်း ၆ ယောက် အချုပ်ခန်း ဖောက်ထွက်ပြေးခဲ့တာ ဖြစ်ပြီး လောလောဆယ် မကွေးတိုင်းဒေသကြီးမှာ ရှိတဲ့ ရဲစခန်း/ရဲကင်းစခန်း အားလုံး ပိတ်ဆို့စုံစမ်းရှာဖွေနေတယ်။ ထွက်ပြေး လွတ်မြောက်သွားတဲ့ တရားခံတွေကတော့ ဘိုဘိုလတ် (၂၉-နှစ်)၊ စိုင်းသီဟ (-၂၁-နှစ်)၊ ချစ်ကိုကို (၂၄-နှစ်)၊ အောင်ဇော်လင်း (၂၈-နှစ်)၊ သိန်းမင်းထိုက် (၁၈-နှစ်)၊ နိုင်စိုး (၂၈-နှစ်) တို့ဖြစ်ပြီး CCTV မှတ်တမ်းအရ မနက် ၃ နာရီ ၇ မိနစ် ၄၄ စက္ကန့်အချိန်မှာ သံဖြတ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်တယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

တာဝန်ပေါ့ဆတဲ့ ကင်းမှူး ရဲတပ်ကြပ်ညွန့်လှိုင်ပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ချုပ်နှောင်ထားပြီး ရဲစည်းကမ်းထိန်းသမ်းရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-မင်းထီး

DVB

No comments:

Post a Comment