Latest News

Saturday, October 21, 2017

နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး သေရေးရှင်ရေးကိစ္စဖြစ်ဟု မြောက်ကိုရီးယားပြော

နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး သေရေးရှင်ရေးကိစ္စဖြစ်ဟု
မြောက်ကိုရီးယားပြော

နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးဟာ မြောက်ကိုရီးယားအတွက် သေရေးရှင်ရေး ကိစ္စဖြစ်တယ်လို့ မြောက်ကိုရီးယား အကြီးတန်း သံတမန်က အောက်တိုဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

“နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးဟာ မြောက်ကိုရီးယားအတွက် သေရေးရှင်ရေး ကိစ္စ ဖြစ်တယ်၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားပိုင်ဆိုင်မှု အခြေအနေနဲ့အတူ ပူးတွဲနေထိုင်ဖို့ အမေရိကန်က ပြင်ဆင်ထားသင့်တယ်။ ဒါဟာ အာရှ အရှေ့မြောက်ပိုင်းမှာ တည်ငြိမ် လုံခြုံရေးနဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး သေချာစေမယ့် တခုတည်းသော နည်းလမ်းပဲ” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန မြောက်အမေရိကဌာနညွှန်ချုပ် ချိုးဆန်းဟွေက ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာ ကျင်းပတဲ့ နျူကလီးယား လက်နက် ဖောခြင်းသောခြင်း မပြန့်ပွားရေး ညီလာခံအတွင်း ခုလို ပြောလိုက်တာပါ။

အမေရိကန်ရဲ့ တိုက်ခိုက်နိုင်ချေကို ဟန့်တားဖို့ နျူကလီးယား လက်နက်တွေကို ခိုင်ခိုင်မြဲမြဲ ကိုင်ထားသင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်ရှိ အခြေအနေက အားဖြည့်ပေးနေတယ်၊ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုကို အကောင်အထည်ဖော်တာလို့ ဆင်ခြေပေးနေတဲ့၊ မြောက်ကိုရီးယားကို အကြပ်အတည်း ဆိုက်အောင် အားထုတ်မှုအားလုံးကို မြောက်ကိုရီး ယားအပေါ် ရန်လိုမှုနဲ့ စစ်ပြုမှု လုပ်ရပ်အဖြစ် သတ်မှတ်မယ်လို့လည်း သူက ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ စက်တင်ဘာ ၂၁ ရက်က ကြေညာချက် ထဲမှာ ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ မြောက်ကိုရီးယားကို လုံးဝဖျက်ဆီးပစ်ဖို့ မိန့်ခွန်းထဲမှာ ဆော်သြတဲ့ စိတ်ဖောက်ပြန်နေတဲ့ အမေရိကန် သူငယ်ပြန်နေသူကို သေချာပေါက် ထိန်းချုပ်ပြီး ပြန်ပေးဆပ်ခိုင်းမယ်၊ လုပ်ရပ်တွေက တုံ့ပြန်မှုတွေကို ဖိတ်ခေါ်တယ်လို့ သူက ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment