အကြမ်းဖက်သတ်ဖြတ်ခံရသူများအတွက် ဆုတောင်းပွဲ ဧရာဝတီတိုင်းဝန်ကြီးချုပ် တက်ရောက်
By သော်ဇင်မျိုး 8 October 2017
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်အဖွဲ့ ARSA ရဲ့ အကြမ်းဖတ်သတ်ဖြတ်ခံရတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ဟိန္ဒူလူမျိုးတွေ အတွက် ဆုတောင်းပွဲကို ပုသိမ်မြို့မှာ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့ပါ တယ်။
ဧရာဝတီတိုင်းဒေသကြီး ဟိန္ဒူဘာသာရေးအဖွဲ့က ဒီကနေ့ နေ့လယ် နှစ်နာရီခွဲက ပုသိမ်မြို့ စရီမဟာကာလီအမ္မာန်မယ်တော်ကြီးဘုရားကျောင်းမှာ ဝမ်းနဲကြေကွဲခြင်းနဲ့ ဟိန္ဒူဓလေ့ ဆုတောင်းခဲ့ပါတယ်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီ တက်ရောက်တဲ့အပြင် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပုသိမ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဟိန္ဒူဘာသာဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံခြားမီဒီယာအချို့က ဟိန္ဒူလူမျိုးတွေကို ရိုဟင်ဂျာဟိန္ဒူလို့ ခေါ်ဝေါ်နေကြတာနဲ့ ပတ်သက်လို့လည်း ဟိန္ဒူတွေက အဓိကထားကန့်ကွက်ခဲ့ကြပါတယ်။
DVB
http://burmese.dvb.no/archives/232693
No comments:
Post a Comment