Latest News

Sunday, October 1, 2017

ပြည်တွင်းစက်သုံးဆီဈေးနှုန်း အတက်ကြမ်း

ပြည်တွင်းစက်သုံးဆီဈေးနှုန်း အတက်ကြမ်း

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ယခုစက်တင်ဘာ လကုန်ပိုင်း ၁၀ ရက်အတွင်း တစ် ဂါလန်လျှင် ကျပ် ၁၅၀ ခန့်စီ မြင့်တက်ခဲ့ပြီး ၂ နှစ်အတွင်း အမြင့်ဆုံးနှုန်း အဖြစ် ဆက်လက်ရပ်တည်နေ သည်။

စက်တင်ဘာ ၂၉ ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးကွက်၌ အောက်တိန်း-92 တစ်ဂါလန် လျှင် ကျပ် ၃,၄၀၀ ခန့်၊ အောက် တိန်း-95 တစ်ဂါလန်လျှင် ကျပ် ၃,၆၀၀ ခန့်၊ ဒီဇယ်တစ်ဂါလန် လျှင် ကျပ် ၃,၄၀၀ ခန့်နှင့် အဆင့် မြင့်ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃,၄၅၀ ခန့်ဖြင့် ရောင်းချမှုများရှိ နေသည်။

လက်ရှိ ဖြစ်ပေါ်နေသောနှုန်း သည် ပုဂ္ဂလိကမှ စက်သုံးဆီ ရောင်းချသည့် သက်တမ်းတစ် လျှောက် ရက်ပိုင်းအတွင်း အမြန် ဆန်ဆုံး ဈေးမြင့်တက်မှုဖြစ်ပြီး ၂ နှစ်အတွင်း အမြင့်ဆုံးနှုန်းထား အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စက်သုံးဆီဈေးနှုန်း  မြင့် တက်နေ၍ အငှားယာဉ်များအ တွက် ဝင်ငွေသိသိသာသာထိခိုက် လာသည်ဟု ယာဉ်မောင်းအချို့ က ဆိုသည်။

‘‘ဆီဖိုးက အရင်ကထက်စာ ရင် နှစ်ထောင်၊ သုံးထောင် လောက် ပိုထွက်လာပေမယ့် ယာဉ်စီးခက တိုးတောင်းလို့ မရဘူး။ ရာသီဥတုကပူတော့ အဲကွန်းဖွင့် ရတဲ့အခါ ဆီက ပိုကုန်တယ်။ ဒီ ထက်တက်လာရင်တော့ ကားခ ကို ပိုတောင်းမှကိုရတော့မှာ’’ဟု မြောက်ဥက္ကလာပမြို့နယ်နေ အ ငှားယာဉ်မောင်း ကိုသက်ဝင်းကိုက ပြောသည်။

အငှားယာဉ်အများစုသည် ယခုရက်ပိုင်းအတွင်း ပုံမှန်စီးနေ ကျနှုန်းထက် ပို၍တောင်းခြင်းများ ကို ကြုံတွေ့လာရသည်ဟု ခရီး သွားကုမ္ပဏီဝန်ထမ်း မချိုသဲက ပြောသည်။

‘‘ဒီဈေးနဲ့ပဲ စီးနေကျဆိုလည်းမရဘူး။ ကားငှားရင် အခုနောက် ပိုင်း ဈေးကိုတော်တော်ဆစ်နေရ တယ်’’ဟု ၎င်းက ဆိုသည်။

 စက်သုံးဆီ  ဈေးနှုန်းများ သည် ဇွန်လဆန်းကစတင်၍ ပြန်လည်မြင့်တက်လာပြီး လက်ရှိ နှုန်းထားသည် အဆိုပါလကထက် တစ်ဂါလန်လျှင် ၄၀၀ ခန့် မြင့် တက်ခဲ့ကြောင်း စက်သုံးဆီအ ရောင်းဆိုင်များထံမှ သိရသည်။

 ကမ္ဘာ့ရေနံစိမ်းဈေးသည် မြန်ဆန်စွာမြင့်တက်လာနေသော ကြောင့် ပြည်တွင်း စက်သုံးဆီဈေး နှုန်းပါမြင့်တက်လာရခြင်းဖြစ် ကြောင်း စက်သုံးဆီလုပ်ငန်းလုပ် ကိုင်သူများက ဆိုသည်။

‘‘အမေရိကန်မှာ မုန်တိုင်း ဝင်တဲ့အချိန်ကစလို့ ရေနံစိမ်းတွေ ထုတ်ရောင်းမှုနည်းလာခဲ့တယ်။ အဲဒီဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့်လည်း စက်သုံးဆီဈေးနှုန်းတွေက ပြောင်းလဲလာခဲ့တာ ဖြစ်တယ်’’ဟု Max စက်သုံးဆီ အရောင်းဆိုင်ခွဲ မန်နေဂျာ တစ်ဦးက ဆိုသည်။

ကမ္ဘာ့ဈေးနှုန်းလည်း တည် ငြိမ်မှုမရှိသေးတာကြောင့် ပြည် တွင်းဈေးနှုန်းကို ခန့်မှန်းရန်မလွယ် သေးကြောင်း ဈေးကွက်  ကျွမ်း ကျင်သူများက ပြောသည်။

‘‘ပြည်ပကနေ အမြင့်ဈေးနဲ့ ဝယ်ယူထားတာတွေ ရှိတာ ကြောင့် ကမ္ဘာ့ဈေးကျရင်တောင် ပြည်တွင်းမှာ ချက်ချင်းပြန်ကျဖို့ တော့ အခြေအနေနည်းတယ်’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင် သူ ဦးအောင်သူစိုးက ပြောကြားသည်။

 ကမ္ဘာ့ရေနံစိမ်းဈေးသည် ဇွန်လဆန်းက တစ်စည်လျှင် ဒေါ် လာ ၅၀ ခန့်ရှိသာရှိပြီး စက်တင် ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ ခန့်အထိ ရှောက်ရှိခဲ့သည်။

ပြည်တွင်း  စက်သုံးဆီဈေး နှုန်းသည် ၂၀၁၄ က အောက်တိန်း-92 တစ်ဂါလန်လျှင် ၄,၂၅၀ ကျပ်နှင့် ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၄,၃၀၀ ဖြင့် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အောက်တိန်း-95နှင့် အဆင့်မြင့်ဒီဇယ်တို့သည် ဈေး ကွက်အတွင်း ရောင်းချခြင်း မရှိ သေးပေ။ ကမ္ဘာ့ရေနံစိမ်းဈေးသည် ထိုစဉ်က တစ်စည်လျှင် ၉၅ ဒေါ်လာခန့်အထိ ရှိခဲ့ကြောင်း စက် သုံးဆီဈေးကွက်မှတ်တမ်းများ အရသိရသည်။

7Day News

No comments:

Post a Comment