Latest News

Monday, October 30, 2017

နေပြည်တော်စည်ပင်မှ ဌာနမှူး ၂ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ

နေပြည်တော်စည်ပင်မှ ဌာနမှူး ၂ ဦး အဂတိလိုက်စားမှုဖြင့်
အရေးယူခံရ

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဌာနမှူး (ဒု ညွှန်ချုပ်) ဦးမင်းလွင်စိုးသည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ငွေကျပ် သိန်း (၂၀) ကို ယခုနှစ် မတ်လအတွင်းက လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ဦးမင်းလွင်စိုးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ဥပဒေ ပုဒ်မ ၅၆ အရ အောက်တိုဘာ ၃၀ ရက် မနက် ၁၀း၃၀ နာရီအချိန်က ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရသည်။

အလားတူ သားသတ်ဌာနမှ ဌာနမှူးဖြစ်သူ ဒေါက်တာ ခိုင်စိုးလှသည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ငွေကျပ် သိန်း (၄၀) ကို ယခုနှစ် မေလအတွင်းက လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ ချုပ်ရမန်တောင်းခံပြီး ဒေါက်တာ ခိုင်စိုးလှအား
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အောက်တိုဘာ ၃၀ ရက် မနက် ၀၉း၅၅ နာရီအချိန်တွင် မန္တလေးမြို့ အမှတ် (၃) နယ်မြေရဲစခန်း၌ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရသည်။

ထွန်း(နေပြည်တော်)
Photo - တိုင်တန်းသူမှ သက်သေအဖြစ်တင်ပြခဲ့သည့် ဓာတ်ပုံများ
New Watch

No comments:

Post a Comment