Latest News

Sunday, October 1, 2017

လျှော်ကြေးပေးပြီးရင် နောက်ထပ်အလုပ်တွဲမလုပ်တော့ဘူးဆိုတဲ့ သဉ္ဇာဝင့်ကျော်


လျှော်ကြေးပေးပြီးရင် နောက်ထပ်အလုပ်တွဲမလုပ်တော့ဘူးဆိုတဲ့
သဉ္ဇာဝင့်ကျော်

ရွှေရုပ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောကြားလာပါတယ်။

သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကတော့ မကြာခင်မှ ရွှေရုပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကွင်းပေါ်က အဖြစ် အပျက် တွေကို စက်တင်ဘာလ ၂၄ ရက်နေ့က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာရင်ဖွင့်ရေးသားထားခဲ့တဲ့ အကြောင်းအရာ နဲ့ပတ်သက် ပြီး လျှော်ကြေးပေးပြီးပါကလည်း သက်ဆိုင်သူတွေနဲ့လည်း နောက်ထပ်အလုပ်တွဲမလုပ်ဖြစ်တော့ဘူးလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

''ကိုယ်ကလည်း အမှန်တရားကိုချပြတာလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘာမှကို ထွေထွေထူးထူးမပြောတော့ပါဘူး၊ ဘာမှလည်း မရှင်းပြချင်တော့ပါဘူး။ ရှင်းပြတာလည်းမဟုတ်ပါဘူး ဒါဟာ ကိုယ့်ခံစားချက်ကို ရင်ဖွင့်လိုက်တာပေါ့နော်။ သိသင့် တဲ့သူတွေကလည်း သိပါတယ် ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးမပြောချင်တော့ဘူး ဒီကိစ္စမှာ သူတို့တောင်းတဲ့ စရန်ကိုလျှော်ဖို့ပဲ ကျန်တော့တယ်၊ စာချူပ်လျှော်ပြီးပြီဆိုတာနဲ့ ဒီကိစ္စက အားလုံးပြီးသွားပါပြီ။ ကိုယ့်ကိုယ်ဒီလိုမျိုး ပြုမှုဆက်ဆံတဲ့လူမျိုးနဲ့ လက်တွဲ အလုပ်မလုပ်တော့ဘူးလေ'' လို့ သူက ဆိုပါတယ်။

အနုပညာသက်တမ်းတစ်လျှောက်မှာလည်း ဒီလိုဆက်ဆံမှုမျိုး မရှိခဲ့တဲ့အတွက် ဒီလိုဆက်ဆံမှုမျိုးမခံနိုင်တဲ့သူတစ်ယောက်ဆိုတာ သိအောင် လုပ်ပြလိုက်တဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
ရုပ်ရှင်ပြန်ရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှားတယ်၊ပျော်တယ်ဆိုတဲ့ သရုပ်ဆောင် အကယ်ဒမီပန်းဖြူ: အနုပညာလောကနဲ့ဝေးတာ ၆ နှစ်ရှိပါပြီ။
ရုပ်ရှင်ပြန်ရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှားတယ်၊ပျော်တယ်ဆိုတဲ့ သရုပ်ဆောင် အကယ်ဒမီပန်းဖြူ
အနုပညာလောကနဲ့ဝေးတာ ၆ နှစ်ရှိပါပြီ။

'' ဒီအနုပညာသက်တမ်းတစ်လျှောက်မှာ ကိုယ့်ကို ဒီလိုဆက်ဆံခဲ့ဖူးတဲ့လူလည်းမရှိဘူး ကိုယ်ကလည်း အဲ့ဒီလိုဆက်ဆံ မခံနိုင်တဲ့သူမျိုး ဆိုတာကို ဒီလိုမျိုးပြမှလည်း လူတွေက ကိုယ့်ကို အဲ့ဒီလိုမဆက်ဆံကြမှာလေ ဒါက ကိုယ်ဒီလိုမျိုးလုပ်လို့မရဘူးဆိုတာ ပြလိုက်တဲ့ သဘောပဲ။ နောက်နောင်လည်း သူတို့နဲ့ရိုက်ဖို့ မရှိတော့ပါဘူး'' လို့ Duwun Media ကိုပြောပြခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပြီး ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ရွှေရုပ် ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်က အဖြစ်အပျက်လေးတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့က ဖေ့စ်ဘွတ်စာမျက်နှာ ထက်မှာ သူ့ရဲ့စိတ်ခံစားချက်တွေကို ချပြရေးသားခဲ့တာပဲ ဖြစ်ပါတယ်။
Duwun

No comments:

Post a Comment