Latest News

Monday, October 9, 2017

ရိုဟင်ဂျာလှေမှောက်၊ ၁၂ ဦးသေဆုံး

ရိုဟင်ဂျာလှေမှောက်၊ ၁၂ ဦးသေဆုံး

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသူ ရိုဟင်ဂျာမွတ်ဆလင်တွေ စီးလာတဲ့လှေတစီး တနင်္ဂနွေနေ့က တိမ်းမှောက်သွားတဲ့အတွက် ကလေးအများစုပါဝင်တဲ့ လူ ၁၂ ယောက် သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

လှေဟာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာမှောက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေး ၁၀ ယောက်၊ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ပါဝင်တယ်ဆိုပေမဲ့ လှေပေါ်မှာ လူဘယ်နှစ်ယောက်ပါသလဲ ဆိုတာတော့ မသိရသေးပါဘူး။ လှေပေါ်ပါလာသူထဲက ၈ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲအရာရှိတဦးကပြောပါတယ်။

RFA

No comments:

Post a Comment