ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ အန်စလော့တီကို ထုတ်ပယ်လိုက်ပါတယ်။
အသင်းဘုတ်အဖွဲ့က ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ၃ ဂိုးပြတ်နဲ့ရှုံးတဲ့ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်အပြီးမှာ ထုတ်ပယ်လိုက်တာပါ။
အသက် ၅၈ နှစ်အရွယ် အီတလီသားနည်းပြ အန်စလော့တီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့တဲ့ရာသီက ဘွန်ဒတ်စ်လီဂါမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်နဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်အောင် ပို့ဆောင်ထားပါတယ်။
လောလောဆယ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို လက်ထောက်နည်းပြက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
DVB
No comments:
Post a Comment