Latest News

Thursday, September 14, 2017

ဘင်္ဂါလီလူအုပ်စုလက်ချက်ဖြင့် ဟိန္ဒူ ကိုးဆယ်ကျော် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဆိုင်ရာ တင်ပြချက်


Reported by Kyaw Zaw Oo
ပြီးခဲ့သည့် သြဂုတ်လ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တို့တွင် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအုပ်စု၌ ဟိန္ဒူ ဘာသာဝင် (၉၃) ဦးတို့မှာ ဘင်္ဂါလီမူဆလင်များ၏ လက်ချက်ဖြင့် အသတ်ခံရပြီး၊ ရုပ်ရည်သင့်တင့်သူ အရွယ်ကောင်း ဟိန္ဒူအမျိုးသမီး (၈) ဦး နှင့် ကလေး(၁၀) ဦးတို့မှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ပြန်ပေးဆွဲသွားခြင်း ခံခဲ့ရပါသည်။ အသတ်ခံရသည် ဟု မြန်မာအစိုးရက ထုတ်ပြန်သည့် စာရင်းများတွင် ထို (၉၃) ဦးမှာ ယနေ့ထက်ထိ ပါဝင်ခြင်းမရှိသေးပေ။
ထိုသို့သတ်ဖြတ်သွားသူများသည် ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းသို့ကူးသွားကာ သတ်ဖြတ်သွားခံရသူများထံမှ လုယူရရှိထားသော အ၀တ်အစားများကို ၀တ်ဆင်လျက် ကူတူးပါ့လောင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များအဖြစ် စောင့်ရှောက်ခံလျက်ရှိနေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဟိန္ဒူဘုရားကျောင်းဝင်း ယာယီဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေသော ဟိန္ဒူဒုက္ခသည်များအနက်မှ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအုပ်စု ဇာတိ ဒုက္ခသည်များ နှင့်တကွ ၄င်းတို့နှင့် ဆက်စပ်သူ ဟိန္ဒူ ဒုက္ခသည်များအား ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေအချို့က သီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပြီးခဲ့သည့် သြဂုတ်လ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တွင် ခမောင်းဆိပ်ကျေးရွာအုပ်စု၌ ဟိန္ဒူဘာသာဝင်များသီးသန့်နေထိုင်သည့် ရဲဘောက်ဂျာကျေးရွာ (Place code 197821) နှင့် တောင်ရွာ (၀ါ) အနောက်ခမောင်းဆိပ် (Place code 197820) တို့တွင် ရှိနေသည့် ဟိန္ဒူဘာသာဝင်များအား သေနတ်အပါအ၀င် အခြား တုတ်၊ ဓါး၊ လက်နက် ကိုင်ဆောင်ထားသည့် ရာပေါင်းများစွာသော မူဆလင်လူအုပ်စုတို့က ၀န်းဝန်းဖမ်းဆီးကာ သတ်ပစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၄င်းဒုက္ခသည်တို့အား စုံစမ်းမေးမြန်း မှတ်တမ်းပြုခဲ့ပါသည်။ (ထိုရွာငယ်နှစ်ရွာမှာ ခမောင်းဆိပ်ကျေးရွာအုပ်စု အပိုင်နယ်မြေ ဖြစ်ပါသည်။)
၎င်းတို့ကျေးရွာများမှ ဘင်္ဂလာဒေ့ရှ်ဘက်သို့ထွက်ပြေးလွတ်မြောက်သွားပြီး ထိုနိုင်ငံဒုက္ခသည်စခန်းများအတွင်းသို့ ရောက်သွားသူများအား ထိုသူတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အင်တာဗျူးကာ Youtube တွင် (ဘင်္ဂလာဒေ့ရှ် ဘက်ခြမ်းမှ ပုဂ္ဂိုလ်များက) တင်ထားသော ဗီဒီယိုကလစ် ခြောက်ခုအား စစ်တွေ ဟိန္ဒူဒုက္ခသည်များအား ကျွန်တော်တို့က ပြသရာ၊ မိမိတို့၏ မောင်၊ အစ်ကို၊ ချွေးမ၊ မြေး၊ ယောက်မ၊ နှမ စသည်တို့အား ဗီဒီယိုထဲတွင် မြင်ရသည်နှင့် ၄င်းတို့အသီးသီး မျက်ရည်ကျ ငိုကြွေးကြပါသည်။ ဗီဒီယိုတွင်ပါဝင်သူ (ဘင်္ဂလာဒေ့ရှ် ရောက်) ဒုက္ခသည်များက ၄င်းတို့မှာ “ဖော်ကီရာဘာဇာ” မှ ဖြစ်ကြောင်း ဖြေကြားကြပါသည်။ “ဖော်ကီရာဘာဇာ” မှာ ပြည်ထဲရေးဝန်ကြီးဌာန စာရင်းအရ ခမောင်းဆိပ်ကျေးရွာအုပ်စု ဟု ခေါ်သောနေရာကို ဒေသခံများက ခေါ်ဝေါ်သော အခေါ်အဝေါ်ဖြစ်ပါသည်။
အခင်းဖြစ်ပွားခဲ့သည့်ကျေးရွာနှစ်ရွာ (ရဲဘောက်ကျာ နှင့် တောင်ရွာ နှစ်ရွာ) ရှိ မူရင်းလူဦးရေ၊ အဝေးရောက်နေသူအရေအတွက်၊ အခင်းဖြစ်စဉ်အချိန် ကျေးရွာတွင် ရှိနေသဖြင့် အသတ်ခံရသူများ၊ ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းသို့ ပြန်ပေးဆွဲခေါ်ယူခြင်းခံရသူ အရေအတွက်တို့အား မေးမြန်း မှတ်တမ်းပြုခဲ့ကြပါသည်။ (ကျွန်တော်တို့ကမေးမြန်းသည့် စစ်တွေရောက် ဟိန္ဒူ IDP များမှာ ထိုနှစ်ရွာအနီးရှိ ဈေးနှင့် ရဲစခန်းအနီးတွင် အခင်းဖြစ်ချိန်၌ ပိတ်မိနေခဲ့ပြီး နောက်ရက်များကျမှ အစိုးရက ရဟတ်ယဉ်ဖြင့်ကယ်ထုတ်ပေးခဲ့ရသူများ၊ ကျေးရွာမှ ဝေးရာသို့ရောက်နေသဖြင့် အသက်ဘေးမှလွတ်မြောက်ခဲ့ရသော ဟိန္ဒူရွာသားများ၊ ပြန်ပေးဆွဲခံရပြီး ဘင်္ဂလာဒေ့ရှ်ဖက်ခြမ်းသို့ ရောက်သွားကာ ပြန်လည်လွတ်မြောက်လာသည့် ဘင်္ဂလာဒေ့ရှ်တွင် သောင်တင်နေသည့် အမျိုးသမီး ရှစ်ဦး၏ ဆွေမျိုးသားချင်းများ ဖြစ်ကြပါသည်။ ထိုဆွေမျိုးသားချင်းများမှာ ထိုအမျိုးသမီးများနှင့် ဖုန်းဆက်ကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြထားပြီး ဖြစ်သဖြင့် ထိုသူတို့၏ ပြောစကားမှ တစ်ဆင့် အဖြစ်အပျက်ကို မေးမြန်း မှတ်တမ်းတင်ပါသည်။)
မေးမြန်းတွေ့ရှိချက်များအရ သြဂုတ်လ(၂၄) ရက်နေ့ မွန်းလွဲပိုင်း လေးနာရီခန့်တွင် ဖြစ်ပျက်ခဲ့သည့် ရဲဘောက်ကျာကျေးရွာ သတ်ဖြတ်မှုတွင် (၅၆) ဦး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး၊ နောက်တစ်နေ့ သြဂုတ်လ (၂၅)ရက်နေ့ ဆယ်နာရီခန့်တွင် တောင်ရွာ၌ သတ်ဖြတ်ခြင်းခံရသူအရေအတွက်မှာ (၃၇) ဦး ဖြစ်သည့်အတွက် နှစ်ရွာပေါင်း အသတ်ခံရသူ အရေအတွက် စုစုပေါင်းမှာ (၉၃) ဦးဖြစ်ပါသည်။ (တချို့၏အဆိုအရ တိုက်ခိုက်သတ်ဖြတ်မှုများကို ပြုလုပ်သည်မှာ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုကြပြီး၊ သတ်ဖြတ်ခံရသူအရေအတွက်မှာ (၉၈)ဦးဖြစ်သည် ဟု တချို့က ဆိုပါသည်။)
မြန်မာ-ဘင်္ဂလာ နယ်စပ်မှ အဖြောင့်တိုင်းလျှင် (၃.၃) မိုင် ခန့်သာ ဝေးသည့် ရဲဘောက်ကျာကျေးရွာတွင် တိုက်ခိုက်မှုအား ပြုလုပ်ကာ ရွာလုံးကျွတ် အစပျောက်သတ်ဖြတ်ခဲ့ကြသည် ဟု ဆိုပါသည်။ သေနတ်များ၊ ပေါက်ဆိန်များ၊ ဓါးများကို ကိုင်ဆောင်ထားကြသော ရာပေါင်းများစွာသော မျက်နှာ အနက်ရောင်စဖုံးထားကြသည့် လူအုပ်စုသည် ရွာကိုဝိုင်းကာ ရွာတွင်းရှိသမျှ ဟိန္ဒူများအား ရွာတစ်နေရာတွင် စုစည်းလိုက်သည်။ လက်ကိုင်ဖုံးများအားလုံးကို သိမ်းဆည်းသည်။ ထို့နောက် ထိန်းသိမ်းရန် ခေါ်သွားသည့် သဘောဖြင့် ရွာနှင့် အနောက်တောင်ဘက် မကျတကျ ဘော်တော်လာ (ဘင်္ဂါလီ)ကျေးရွာအနီး တောင်ချိုင်တစ်ခုသို့ ၀ိုင်းရံစုရုံးလျက် ခေါ်သွားကြသည်။ ထိုနေရာရောက်သည့်အခါ ၀ိုင်းရံထားသည့် ဘင်္ဂါလီများအလယ်၌ ဟိန္ဒူများအားလုံးကို ခုတ်ထစ်သတ်ဖြတ်လိုက်ကြသည်။ ရွာထဲတွင် ရှိနေခဲ့သည့် ရွာသူရွာသားတစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့။ အကုန်လုံး လက်စပျောက် အသတ်ခံကြရသည်။ သို့ရာတွင် ရွာပြင်ကိုရောက်နေခဲ့သည့် ဟိန္ဒူအမျိုးသမီးတစ်ဦးမှာ ဖမ်းဆီးသတ်ဖြတ်ခြင်းမခံရဘဲ လွတ်မြောက် ကျန်ရစ်ခဲ့သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် တစ်ညတာမျှ ဆက်လက်အသက်ရှင်သန်ခဲ့သည်။
ထိုသို့ မွန်းလွဲပိုင်းအချိန် မိမိရွာအား ဘင်္ဂါလီမူဆလင်များက လူအင်အားသုံးဝန်းရံကာသတ်ဖြတ်နေသည်ကို မသိသော ရဲဘောက်ကျာရွာသူ ဒေါ်ဟာလွာနီ (အသက် ၄၀-ခန့်) သည် ထမင်းချိုင့်တစ်ချိုင့်ကို လက်မှာဆွဲလျက် ရွာကို လမ်းလျှောက်ပြန်လာခဲ့သည်။ ရွာနားနီးသည့်အခါ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည့်အတွက် သတိနှင့်ချဉ်းကပ်လျက် ပုန်းခိုချောင်းကြည့်ရာမှ အဖြစ်အပျက်များကို မြင်ခဲ့ရသည်။ ဘင်္ဂလာဒေ့ရှ်သို့ရောက်နေသော သူမ၏သားဖြစ်သူ နှင့် သူမကိုယ်တိုင်မှလွဲ၍ သူမ၏ တစ်အိမ်တည်းနေ ကျန်မိသားစုဝင် ခြောက်ဦးလုံး အသတ်ဖြတ်ခံရသည်။ ရဲဘောက်ကျာတစ်ရွာလုံးပေါင်း အိမ်ခုနစ်ဆောင်အနက်မှ ရွာမှာ ရှိနေသူအားလုံး အသတ်ခံရသည်။ ယခုသတ်ပွဲ၌ (၅၆) ဦးသေသည်။
အဖြစ်အပျက်ကိုကြည့်မြင်ရပြီး ဒေါ်ဟာလွာနီမှာ လက်တွင်ကိုင်လာသော ထမင်းချိုင့်ကိုလည်းကိုင်နိုင်ရန် အင်အားမရှိတော့သဖြင့် တောလမ်းတစ်နေရာတွင် ပစ်ထားခဲ့ပြီး၊ အနီးဆုံး ဟိန္ဒူ ရွာသိမ်ငယ်ဖြစ်သည့် တောင်ရွာ (ခေါ်) အနောက်ခမောင်းဆိပ်ရွာသို့ ပုန်းရှိုးကွယ်ရှိုးဖြင့် အရောက်လာခဲ့ပြီး ထိုရွာတွင် ညအိပ်သည်။ ဒေါ်ဟာလွာနီ ပြောပြသမျှအားလုံးကို ဟိန္ဒူဘာသာဝင် ရွာသူရွာသားများကြားရကာ ကြီးစွာ တုန်လှုပ်ကြောက်ရွံ့ခြင်း ဖြစ်ကြသည်။ ညအချိန်ထွက်ပြေးရန်ကလည်း အရပ်လေးမျက်နှာတွင် ဘင်္ဂါလီရွာများ အထပ်ထပ်။ ခုခံတိုက်ခိုက်ရန်မှာကလည်း မိမိတို့မှာ စုစုပေါင်းအိမ်ခြေ အိမ်ရှစ်အိမ်၏ လောလောဆယ် ရွာတွင်ရှိနေသူ ကလေး၊ လူကြီး အရေအတွက်မှာ စုစုပေါင်း (၅၄) ဦးမျှသာရှိသည်။ ဒေါ်ဟာလွာနီ တစ်ယောက် ရောက်လာသည့်အတွက် (၅၅) ဦးဖြစ်လာသည်။ ထိုနေ့ညတွင် ဘာမှမလုပ်မကိုင်တတ်ကြသဖြင့် ဘုရားတ၍ ညအချိန်ကိုကုန်လွန်စေရသည်။ ယခုကိစ္စမကြုံရခင် သုံးရက်လောက်ကပင် မည်သည့် တယ်လီဖုန်းလိုင်းမှ ဖုန်းဆက်၍ မရဘဲ ပြတ်တောက်နေခဲ့သည်။ ဟိုတစ်ရွာကိုပဲ သူတို့လုပ်ပြီးသွားရင် ကျေနပ်သွားမှာပါ၊ ငါတို့ရွာကိုတော့ မလုပ်လောက်ပါဘူး ဟု ကြိုးစား ဖြေသိမ့်တွေးရသည်။ (မအိပ်နိုင်သော ထိုည သန်းခေါင်ခန့် နှင့် မနက်မိုးမလင်းမီအချိန်များတွင် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်နယ် နေရာပေါင်း သုံးဆယ်ခန့်တို့၌ အချိန်ကိုက် တိုက်ခိုက်မှုများ ဖြစ်ပွားသည်။)
မျက်နှာများကို ဖုံးအုပ်ထားကြပြီးသကာလ သေနတ်၊ ပုဆိန်၊ ဓါး စသည်ဖြင့် လက်နက်ပေါင်းစုံ စွဲကိုင်ထားသူများ ရာထောင်ချီကာ တောင်ရွာသို့ နောက်တစ်နေ့ နံနက် (၈)နာရီအချိန်တွင်စတင်ရောက်ရှိသည်။ မျက်နှာကိုသာ ပိတ်သားအနက်စဖြင့် အုပ်ထားသည်မဟုတ်၊ ခန္ဓာကိုပါ အနက်ရောင်အထည်ဖြင့် ဖုံးလာကြသည်။ (အစ္စလမ်အမျိုးသမီး ၀တ်ထည်များကို ခြုံလာကြပုံရသည်။) အိမ်များမှ ရွှေ၊ ငွေ၊ အ၀တ်အစားများကို လုယက်ကြသည်။ ရွာထဲရှိသမျှလူအားလုံးကို ရွာထဲတစ်နေရာတွင်စုသည်။ ရှိသမျှ လက်ကိုင်ဖုန်းများအားလုံးကို သိမ်းဆည်းသည်။ ထို့နောက် အကျဉ်းသားများအားလုံးကို ရွာ၏ အနောက်တောင်ဘက် ဘော်တော်လာ (ဘင်္ဂါလီ)ကျေးရွာအနီးရှိ တောင်ချိုင်တစ်နေရာသို့ ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် အသင့်တူးပြီးသားကျင်းကြီးတစ်ခု ရှိနေသည်။
အကျဉ်းသားများမှာ အသင့်ကြိုးတုပ်ပြီးသားရှိနေသည်။ အသတ်ခံရမည့်အကျဉ်းသားများအား မျက်လုံးစည်းထားသည်။ ရုန်းရင်းဆန်ခတ် သတ်ခြင်းမဟုတ်ဘဲ အကျဉ်းသားများအား အသေအချာ ခုတ်ပိုင်းသတ်ဖြတ်ကာ တွင်းထဲသို့ ပစ်ချကြသည်။ မသတ်မီ သံလက်သီးဖြင့်ထိုးသူကထိုးရာ သွားများကျွတ်ကျသူကျွတ်ကျသည်။ ခုတ်ပိုင်းသတ်သည့်အချိန်တွင် “အလ္လာဟု အက္ကဘာ” ဟု သတ်ဖြတ်သူများက အော်ကြသည်။ ခုတ်သည့်အခါလည်း တစ်ချက်ခုတ်ယင်း တစ်ခွန်းပြောယင်း ခုတ်ကြသည်။
“မင်းလားကွ၊ နိုင်ငံသားကတ်ပြား ရထားတဲ့ အကောင်၊ တစ်နိုင်ငံလုံးသွားချင်ရာသွားလို့ရတယ် ဆိုတဲ့အကောင်၊ အခု မင်းဘာတတ်နိုင်သေးလဲ”
(မှတ်ချက်။ ။ အသတ်ခံရသည့် ဟိန္ဒူဘာသာဝင်ရွာသားများမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။)
“ရခိုင်သားတွေကိုအားကိုးတဲ့ကောင်တွေ၊ စစ်တပ်ကို အားကိုးတဲ့ကောင်တွေ။ မင်တို့ ရခိုင်သားနဲ့ စစ်တပ်ကို အခု သွားခေါ်ပါလား”
“ကျောက်ခဲနဲ့လုပ်ထားတဲ့ ရုပ်ထုတွေကို ရှိခိုးတဲ့အကောင်တွေ၊ ဒီကောင်တွေ သေမှအေးမယ်”
. . . စသည်ဖြင့် တစ်ခေါက်အော်လိုက် တစ်ချက်ခုတ်လိုက်ဖြင့် ခုတ်ထစ်သတ်ဖြတ်ကာ တွင်းထဲသို့ ပစ်ချကြသည်။
အရွယ်ကောင်း အမျိုးသမီး ရှစ်ဦးနှင့်တကွ ထိုသူတို့နှင့် ပတ်သက်သူ ကလေးငယ် ဆယ်ဦးကိုသာ ချန်လှပ်လျက် အကုန်လုံးကို ခုတ်ထစ်သတ်ဖြတ်ကြသည်။ ကျန်နေသေးသည့် အမျိုးသမီးများအား အစ္စလမ်ဘာသာသို့ ပြောင်းလဲဝင်ရောက်မည်လားဟု မေးမြန်းရာ ဘာသာပြောင်းပါမည်ဟု ကတိပေးသည့်အတွက် ထိုအမျိုးသမီးများနှင့် ကလေးများအား သတ်ဖြတ်ခြင်းမပြုဘဲ ချန်ထားလိုက်ကြသည်။ ရဲဘောက်ကျာရွာမှ ပြေးလာသည့် ဒေါ်ဟာလွာနီ (ခန့်မှန်း ၄၀-နှစ် ၀န်းကျင်ခန့်) မှာ စွဲမက်ဖွယ် ရုပ်အဆင်းမရှိတော့သည့်အတွက် ဆက်လက် အသက်ရှင်သန်ခွင့် မရခဲ့တော့ပေ။ ထို့အပြင် ဒေါ်ဟာလွာနီ မှာ လွန်ခဲ့သော သုံးရက်ခန့်က ရွာနီးချင်းဘင်္ဂါလီတစ်ဦးနှင့် အချင်းများခဲ့ကြ၍ အပြန်အလှန် အော်ဟစ်ရန်ဖြစ်ခဲ့ကြရာ၊ ထိုဘင်္ဂါလီက ဒေါ်ဟာလွာနီအား နင် ထမင်းဝအောင်စားထား၊ နောက်သုံးရက်ကြာတဲ့အခါမှ နင့်ကိုငါ ဘာလုပ်မလဲ ဆိုတာကို နင်သိမယ် ဟု အော်ဟစ်ကြုံးဝါးဖူးထားရာ သူမမှာ လွတ်လမ်း မရှိတော့ပေ။
နံနက်ရှစ်နာရီမှ စတင်သော လုယက်ဖျက်ဆီး သတ်ဖြတ်ခြင်းအလုပ်သည် နံနက် ဆယ်နာရီခန့်တွင် အဆုံးသတ်သည်။ ဒေါ်ဟာလွာနီ လက်ဆင့်ကမ်းပြောပြခဲ့သော ရဲဘောက်ကျာရွာဖြစ်ရပ် နှင့် မိမိတို့ ကိုယ်တွေ့ကြုံရသော တောင်ရွာဖြစ်ရပ်တို့အား ထပ်ဆင့်လက်ဆင့်ကမ်းရန် အမျိုးသမီး ရှစ်ဦး နှင့် ကလေးငယ် ဆယ်ဦးတို့ အသက်ရှင်ကျန်ခဲ့သည်။ တောင်ရွာတွင် တောင်ရွာသားများနှင့်တကွ ဒေါ်ဟာလွာနီအပါအ၀င် စုစုပေါင်း (၃၇) ဦးသတ်ဖြတ်ခံရသည်။
ထို ဆယ်နာရီ အချိန်ခန့်တွင်ပင် ဤခမောင်းဆိပ် ကျေးရွာအုပ်စုရှိ ရဲစခန်းနှင့် ဈေးနားဝန်းကျင်ကို ၀န်းရံတိုက်ခိုက်ခဲ့ကြသေးသော်လည်း မအောင်မြင်ဘဲ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။ ဈေးနှင့် ရဲစခန်းတွင် ရှိနေကြသော တိုင်းရင်းသားများ၊ ၀န်ထမ်းများ၊ ဟိန္ဒူများမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
ထို့နောက် ဓါးစာခံအမျိုးသမီး ရှစ်ဦး နှင့် ကလေး ဆယ်ဦးတို့အား ဘင်္ဂါလီအကြမ်းဖက်သမားများက ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုအမျိုးသမီးများသည် မိမိတို့ ရွာသူရွာသားတစ်ရာခန့်အား ရခိုင်ဗုဒ္ဓဘာသာဝင်များကသတ်ဖြတ်လိုက်သဖြင့်ထွက်ပြေးလာရကြောင်း စသည်ဖြင့် လံကြုတ်ဇာတ်လမ်းများအား ဘင်္ဂလာဒေ့မီဒီယာများအား (ခြိမ်းခြောက်မှုအောက်တွင်) ဖြေကြားခဲ့ရပြီး၊ ထိုပြောင်းပြန်သတင်းမှားများကို ဘင်္ဂလာဒေ့ရှ် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။
ရွာသားများအား တိုက်ခိုက်သတ်ဖြတ်ကာ မိမိတို့အား ခေါ်ဆောင်သွားသူများမှာ ဘင်္ဂလာဒေ့ရှ့် ဘက်ခြမ်းသို့ရောက်သွားသည့်အခါ ၄င်းတို့၏ မျက်နှာဖုံးများကို ချွတ်လိုက်ကြသဖြင့် ထိုသူတို့မှာ မိမိတို့နှင့် ရွာနီးနားချင်း ဘင်္ဂါလီများပင် ဖြစ်ကြောင်း အမျိုးသမီးများက တွေ့ရလေသည်။
အကျဉ်းခံအမျိုးသမီး ရှစ်ဦးအနက်တစ်ဦးဖြစ်သည့် ဘီနာနီ၏ ယောင်္ကျားဘက်မှ ဆွေမျိုးအချို့ ဘင်္ဂလာဒေ့ရှ်တွင်ရှိနေကြရာ၊ မြန်မာဘက်ခြမ်းတွင် မတည်မငြိမ်ဖြစ်နေသည့်အတွက် ခမောင်းဆိပ်နှင့် ၀န်းကျင်မှ မူဆလင်ရော ဟိန္ဒူများပါ ရောက်လာကြသည်ဆိုသဖြင့် ခမောင်းဆိပ် ဟိန္ဒူများအား ၄င်းတို့လိုက်ရှာကြသော် ဒုက္ခသည်စခန်းတွင် တစ်ယောက်မှ မတွေ့ရချေ။ မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ကျူးလွန်မှုကို မျက်မြင်ကြုံခဲ့ရသော်လည်း လွတ်မြောက်လာခဲ့ပြီး ဘင်္ဂလာဒေ့ရှ်သို့ရောက်နေသည် ဟုဆိုသော အမျိုးသမီးများအကြောင်းကို ဘင်္ဂလာမီဒီယာက စတင်ဖော်ပြကြသော်လည်း ထိုအမျိုးသမီးများအား ဒုက္ခသည် စခန်းများတွင် လိုက်ရှာ၍ မတွေ့ပေ။ ဒုက္ခသည်စခန်းမဟုတ်သော လူနေအိမ်တစ်အိမ်တွင် ချုပ်နှောင်ထားကြောင်း အစအနသိလာရသည့်အတွက် ဘင်္ဂလာရဲတပ်ဖွဲ့ကိုအကြောင်းကြားလိုက်ရာမှ ရဲတပ်ဖွဲ့က ၀င်စီးသဖြင့် အမျိုးသမီးရှစ်ဦးနှင့် ကလေးများ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။ ရာဇ၀တ်ကောင်များကိုကား ဖမ်းမမိလိုက်ချေ။
ထိုအမျိုးသမီးများနှင့် ကလေးများမှာ လူ (၉၃)ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအား မျက်မြင်ကြုံတွေ့ခဲ့ရသည့် သက်ရှိသက်သေများဖြစ်ကြပါသည်။ ၄င်းဓါးစာခံများလွတ်မြောက်ပြီးနောက် ဟိန္ဒူဂုရုကြီးတစ်ဦးနှင့်တကွ ရိုက်ကူးထားသည့် ဓါတ်ပုံတွင် ၀ဲမှယာသို့ အစဉ်အတိုင်း တွေ့ကြရပါသည်။
ဝဲ မှ ယာ သို့ -
၁။ (မ)အာချိုဝါရီ ၊ အသက် ၂၀-နှစ်ခန့် ခန့်မှန်း ၊ ကလေး(သားသမီး) နှစ်ဦး အတူပါလာ ၊
၂။ (မ)အော်နီကာ ၊ အသက် ၁၇-နှစ်ခန့် ခန့်မှန်း ၊ ကိုယ်ဝန် ခုနစ်လ ၊
၃။ (မ)ရီခါး ၊ အသက် ၂၆-နှစ် ၊ သားသုံးယောက် အတူပါလာ ၊
၎။ ဂုရုကြီး “အာပ်တာ နော်ဒေါ်- မဟာဂီရိစ်”
၎။ (မ)ရှုးရှီးလာ ၊ အသက် ၂၃-နှစ် ၊ သမီးငယ်တစ်ယောက် အတူပါလာ ၊
၅။ (မ)ရိုစ်နာနီ ၊ အသက် ၁၈-နှစ် ၊ တစ်လသားအရွယ် မောင်ငယ်တစ်ယောက်ပါလာ ၊
၆။ (မ)ရာ့စ်ကုမ္မာရီ ၊ အသက် ၁၇-နှစ် ၊
၇။ (မ)ဂင်္ဂါ ၊ အသက် ၂၃-နှစ် ၊ သားတစ်ယောက် အတူပါလာ ၊
၈။ (မ)ဘီနာနီ ၊ အသက် ၃၀-နှစ် ၊ ကလေးနှစ်ယောက် အတူပါလာ ၊
ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူအချို့က ဘင်္ဂလာကမ်းဖက်ရောက် ဟိန္ဒူဒုက္ခသည်များအား လူတွေ့မေးမြန်းသည့် ဗီဒီယိုကလစ်ခြောက်ခုကို အညတရ Youtube အကောင့်ငယ်တစ်ခု ဖြစ်သည့် অপ্রিয় কথা। မှတဆင့် ကမ္ဘာကြီးကို စတင်တင်ပြလိုက်ရာ၊ ဖြစ်ရပ်၏ပြောင်းပြန်မုသားတို့အား ဖြန့်ဖြူးခဲ့ကြသည့် ဘင်္ဂလာဒေ့ရှ် မီဒီယာများ ခပ်မဆိတ်ဖြစ်ကုန်သည်။ ဗီဒီယိုကလစ်တို့တွင် ဖြေဆိုသူတို့က ပုဆိန်ကိုင် မျက်နှာဖုံးသမားများ၏ သတ်ဖြတ်မှုအား ပြောပြကြသည်။ သတ်ဖြတ်သူတို့မှာ ဗမာစစ်တပ် မဟုတ် ဟု သူတို့ကပြောသည်။ သတ်ဖြတ်သူတို့မှာ ရခိုင်တွေ မဟုတ် ဟု သူတို့ကပြောသည်။
ပြန်ပေးဆွဲခံရရာမှ လွတ်မြောက်လာခဲ့ကြသော အမျိုးသမီးများသည် ကူတူးပါ့လောင်ဒေသ ဒုက္ခသည်စခန်းတွင်နေရသော်လည်း စိတ်မှာလုံခြုံခြင်းမရှိကြပေ။ မိမိတို့ရွာသူရွာသားများအား သတ်ဖြတ်ခဲ့သူများသည် မိမိတို့အနီးအနားတွင် ဒုက္ခသည်အဖြစ်ရှိနေကြလေသည်။ မိမိတို့ခိုလှုံနေရာသို့ ခဏခဏလာကြည့်ကြသော ဘင်္ဂါလီဒုက္ခသည်များထဲတွင် မိမိလင်ယောင်္ကျား၊ မိမိမောင်ဖွားများအတွက် မိမိတို့ချုပ်ပေးခဲ့သော အင်္ကျီများကို ၀တ်ဆင်ထားသူများပါဝင်နေသည်မှာ စိတ်ထိခိုက်ဖွယ်ရာ ကျောချမ်းစရာ ကောင်းလှပေသည်။ ထိုအင်္ကျီများကို အမျိုးသမီးများ မှတ်မိကြလေသည်။
အကြောင်းကံမလှကြရှာသည့် ထိုအမျိုးသမီးများသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အသက်ရှင်လျက်ရှိနေသေးသည့် ၄င်းတို့၏ ဆွေမျိုးသားချင်းများထံ မိမိတို့ကြုံခဲ့ရသော တောင်ရွာ သတ်ဖြတ်မှုကြီးအား မျက်ရည်လည်ရွှဲဖြင့် ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းမှနေ၍ ဖုံးဆက်ပြောပြကြပါသည်။ ထို့အပြင် မိမိတို့မကြုံခဲ့ရသော်လည်း ဒေါ်ဟာလွာနီက လက်ဆင့်ကမ်းပေးလိုက်သည့် ရဲဘောက်ကျာရွာ သတ်ဖြတ်မှုကြီးအားလည်း ထပ်ဆင့်လက်ဆင့်ကမ်းပြောပြကြပါသည်။ ထိုဆွေမျိုးသားချင်းတို့က ကျွန်တော့်အား ပြောပြကြသည်။ ဓါးစာခံဖြစ်ခဲ့သူ အမျိုးသမီးငယ်တစ်ဦး၏ အစ်ကို ဖြစ်သူက ကျွန်တော့်အတွက် ဘာသာပြန်ပေးပါသည်။ ကျွန်တော်က ကမ္ဘာကြီးကို ထပ်ဆင့်ပြောပြပါသည်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၇-ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့
မှတ်ချက်။ Youtube ဗီဒီယိုလင့်များအား English version ၏ အဆုံးတွင် ကြည့်ပါရန်)
===========
Report on Massacre of more than 90 Hindus by Bengali Terrorists
================
Reported by Kyaw Zaw Oo
On 24th and 25th of 2017 August, 93 Hindu minority members in Kha Maung Seik village Tract of Maungdaw township were slaughtered by Bengali Muslims, 8 young good-looking Hindu women, together with 10 kids were kidnapped into Bangladesh across the border. Those 93, who were murdered, have not been listed as killed in the government announcements.
The killers have gone across the border into Bangladesh, took shelter at some refugee camp there and get looked after, and are wandering around wearing the clothes they have got as booty from the massacre victims.
The other day on 10 September, I conducted some exclusive interviews with Hindu IDP peoples from Kha Maung Seik village tract who are staying at a temporary relief camp in a Hindu temple of Kyaungtetlan quarter of Sittwe township.
Some helping friends and I made inquiries about the killing of Hindu people by a large Muslim mob of many hundreds with their faces covered, carrying guns, machetes, axes and other weapons in their hands. The killings happened at small Hindu villages of Ye Bauk Kyar village (Place Code 197821) and Taung Ywar (a.k.a) Anauk Kha Maung Seik (Place Code 197820) on August 27 and on August 28 respectively. (These two small villages are parts of bigger Kha Maung Seik village tract.)
Firstly, I took out my laptop and opened six Youtube video clips of interviews with their fellow villagers who got away from the killings and safely arrived at Bangladeshi camps. Some citizen journalists in Bangladesh had recorded the interviews and posted them on Youtube. When Hindu IDPs of Sittwe saw the faces of their beloved ones speaking on my computer screen, they started weeping. Those Hindu refugees in video clips says that they are from “Fokira Bazaar”, which is the name that local people called Kha Maung Seik village tract.
We asked and recorded number of original populations in the two small villages, number of people who were away from the village at the time of the crime, those who were killed during the crimes, and those who were kidnapped into Bangladesh. (Those Hindu IDPs who we asked questions were those who were airlifted by a government chopper after being forced to stay at a nearby security station for some days, villagers who happened to be away from the villages at the time of the incidents, IDP relatives of the women kidnapped to Bangladesh by Bengali terrorists but rescued a few days later, stranded in Bangladesh. Those relatives have been communicating with once-abducted women and heard their narrative of what have happened to them.)
Our findings have revealed that 56 Hindu villagers were killed in Ye Bauk Kyar village massacre which happenned around 4 0’clock in the afternoon of 24th August, another 37 Hindus were slaughtered at nearby Taung Ywar village around 10 o’clock in the morning of 25th August, thus the total fatality headcount makes 93 in these two killings. Looking at the timeline of events, the first massacre of Ye Bauk Kyar village was launched less than half a day before the night-time co-ordinated attacks on 30 security outposts by the terrorists. (A different timeline told by some says that the attacks happened on 28th August and number of people killed are said to be 98.)
The first attack was made on Ye Bauk Kyar village which was only three miles away from the border if measured in a straight line, resulting in complete disappearance of the living population of this small village. Hundreds of people, who covered their faces in pieces of black cloth and carrying guns, axes and machetes in their hands, first surrounded the village and made Hindu villagers gather somewhere in the village. They asked for all the cell phones from the villagers and took them away. They led them out of the village, being surrounded among them. After placing them at the center of the crowd, they chopped them and killed them all. All the villagers who happened to be in the village at that time were slaughtered. One lucky woman was, at that time, out of village, thus spared from death. But, just for one night. Her name was Daw Khalwani.
Daw Khalwani, a 40-year-old Hindu woman from Ye Bauk Kyar, was walking back to her village carrying a tiffin carrier in one of her hands, without knowing that Bengali Muslims were launching a massacre there. As she noticed commotion while getting near the village, she hid under cover and happened to see the whole horrifying episode. Except for her son, who was on a trip to Bangladesh and herself, the rest six members of her household were murdered. All the seven households in the village were killed. The death toll then and there was 56.
As she no longer had any energy to carry the tiffin carrier, she threw it somewhere along the path, stealthily headed to the nearest small Hindu village of Taung Ywar (a.k.a) Anauk Kha Maung Seik village, spent the night there. She told the villagers what had just already happened to Ye Bauk Kyar village, and they all were overwhelmed with fear. To run away during the night was not a reasonable option, as large Bengali villages were all around the area and they would not be able to pass through. As the village’s total population that night including children and the old is only 54, fighting back is a totally impossible task. (The head-count added up to 55 as Daw Khalwani had arrived.) In fear and helpless, they spent the night praying since they could not work out any way out. All the telephone connections were already dead since three days ago. They consoled themselves thinking up that those Bengali Muslims might have been satisfied with wiping out one Hindu village and they might not be coming to them. (During that sleepless night, Bengali terrorists launched co-ordinated attacks on about 30 security outposts in Maungdaw, Buthidaung and Rathedaung townships.)
Hundreds of attackers with guns, axes and machetes arrived at Taung Ywar 8 o’clock in the next morning. These terrorist, who had covered their faces with pieces of black cloth, looted the houses. They not only covered their faces in black cloth but their bodies in black as well. (Actually, they seemed to have put on Muslim women’s clothes.) They gathered the villagers on a plot in the village. All the hand-phones were removed from the villagers. Then, the armed mob led them out of the village, proceeded in the south-western direction and arrived at a small valley near Baw Taw Lar (Bengali) village. There was a big pit on the ground ready for their purpose.
All the prisoners were tied with ropes. The prisoners who were going to be executed were blindfolded. The butchering and killing the prisoners were done without happening any disarray, and parts of the bodies were thrown into the pit. Some executioners punched the prisoners on the faces until their teeth broke off. With final cut on each unfortunate prisoner, they cried out “Allah Hu Akkaba.” Mostly, they shouted some spiteful sentences from their mouths while making each deathly blow with their weapons on the victims.
“Is that you who have citizenship card? Is that you who can go anywhere in this country freely?” (The victims were Myanmar citizens.)
“You bastards resort to Rakhine people and Burmese Army. Now go and ask your Rakhine people and your Burmese army to come here.”
“You worship statute made of stone. You should be killed.”
Except for eight young good-looking women and ten kids, all the villagers were slaughtered. Eight women were asked whether they were going to convert into Islam or not. As the women agreed to convert, their own lives and the kid’s were spared. As for Daw Khalwani, the 40-or-so-year-old woman who got away from massacre in her village the previous day, she was not young and attractive enough to survive. In addition to this, she had had exchange of heated words with a Bengali from a neighboring village three days ago, during which the Bengali shouted at her that she would know what he would do to her three days later.
The whole process of attack started at 8 o’clock in the morning and ended at 10:00, leaving a death toll of 37, including Daw Khalwani. Luck had it that eight women and ten kids survived to tell the world about what happened here in Taung Ywar but also to relay the sorrowful story of Ye Bauk Kyar massacre, which was told to them by Daw Khalwani.
Around the same time at ten o’clock, the terrorists surrounded the police staion and nearby marketplace of this Kha Maung Seik village tract and started attacking. But the attempt was unsuccessful and they withdrew. Some indigenous people, service persons and Hindus in this police station and nearby area were left alone and safe again.
The abductees of eight women and ten kids were taken by Bengali terrorists across the border into Bangladesh. Furthermore, they were forced to response some media interviews with make-up stories saying that about 100 Hindus were killed by Rakhine Buddhists. That utter falsehood was published widely in Bangladeshi media.
After they had crossed the border, the captors removes their face covers and turned out to be Bengalis from their neighboring villages.
Some of one abductee woman’s in-laws live on that side of Naf river in Bangladesh, and they started looking for Hindus from Kha Maung Seik. They had heard that all the people from Kha Maung Seik area, including Hindus, had moved into Bangladesh, but they could not find any one of two small villages. Then, Bangladeshi media started to mention about some women who survived the alleged massacre of Burmese army and arrived in Bengladesh, but their relatives could not find them in refugee camps. After a few days of intense search, they came to know that the women were being detained in a house. Police was informed and they raided the house. Thus the women and the kids were rescued. But the culprits got away.
A photo of these eye-witnesses of Kha Maung Seik massacre with a Hindu guru is attached in this article. The names of the people in the photo are as follows:
From left to right –
(1) Miss Ashowari, about 20 years old, two children with her,
(2) Miss Anika, about 17 years old, seven months pregnant,
(3) Miss Rikha, 26 years old, three sons with her,
(4) Guru Afta Nanda Mahagirij
(5) Miss Sushila, 23 years old, a daughter with her,
(6) Miss Rujnani, 18 years old, one month old baby brother with her,
(7) Miss Rajkumari, 17 years old,
(8) Miss Ganga, 23 years old, one son with her, and
(9) Miss Binani, 30 years old, two children with her.
Some activists in Bangladesh made short video interviews with Myanmarese Hindu refugees in Bangladesh, posted six video clips on an obscure Youtube account by the name of অপ্রিয় কথা।, thus they let the world know the truth. But the mainstream media outlets remained silent without making any responses. The interviewees told of axe-weilding attackers with their faces covered. They told the world that the attackers were not Myanmar Army. Not Rakhine Buddhists.
The women, who were rescued from the hands of their captors, cannot feel safe while living in Kutupalong refugee camp. The murderers who killed their villagers are going about near them, as Muslim refugees from Myanmar. It sends a chill into spine to see Bengali refugees who sometimes come and stare at them are wearing their husband’s or other family members’ clothing. The women have recognized some clothing.
Those unfortunate women made phone calls to their surviving relatives in Myanmar, and told them about the massacre and about what had happened to them. And they also relayed story of the massacre at Ye Bauk Kya Kyar village, about which was informed to them by the late Daw Khalwani. The relatives told all these things to me. An elder brother of one of the once-abductee girls conducted as a translator during our fact-finding process. I am now telling the world about this massacre.
U Kyaw Zaw Oo
Rakhine State Hluttaw Representative
Sittwe Township Constituency Number (2)
2017 September 13
===========
Links to above-mentioned six Youtube video clips: -
1. https://m.youtube.com/watch?v=tnpvV2HHIs0

2. https://m.youtube.com/watch?v=xz3cpBMtCLw

3. https://m.youtube.com/watch?v=LFy8lh2PdXY

4. https://m.youtube.com/watch?v=rAadlH5AXTE

5. https://m.youtube.com/watch?v=fhKKPehIPa4

6. https://m.youtube.com/watch?v=PPBbt4SjqJo

No comments:

Post a Comment

Blog Archive