Latest News

Tuesday, September 19, 2017

မြောက်ကိုရီးယားအစိုးရကို အမြင့်မားဆုံး ဖိအားပေးဖို့ သဘောတူ

မြောက်ကိုရီးယားအစိုးရကို အမြင့်မားဆုံး ဖိအားပေးဖို့ သဘောတူ

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးပျံနဲ့ အနုမြူ စမ်းသပ်မှုတွေ အရှိန်မြင့်လာတာနဲ့ အမျှ၊ မြောက်ကိုရီးယား အစိုးရကို အမြင့်မားဆုံး ဖိအားပေးဖို့ အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သဘောတူခဲ့ကြပါတယ်။

တနင်္လာနေ့က သမ္မတနှစ်ဦး တယ်လီဖုန်းကတဆင့် ပြောဆိုသဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂမာ ဂေဘရီယယ်ကတော့ မြောက်ကိုရီးယားနဲ့ တိုက်ရိုက်ဆွေးနွေးပြောဆိုဖို့ တိုက်တွန်းပါတယ်။ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ဖွယ်ရှိသေးတယ်လို့ ဂျာမဏီအစိုးရ ယူနေပြီး၊ အဓိပတိ အိန်ဂျာလာမာကဲကလည်း တွေ့ဆုံဆွေးနွေးမှုကနေ အီရန်ရဲ့ နျုကလီယားအစီအစဉ် အဆုံးသတ်သွားခဲ့တာကို နမူနာယူဖို့ ပြောဆိုခဲ့ပါတယ်။

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူတာတွေကို ခေတ္တခဏ သည်းခံကြဖို့ တိုက်တွန်းလိုက်ပြီး မြောက်ကိုရီးယား ပြဿနာအတွက် ရှေ့လားရာအမြင်နဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေလည်း လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီအတွင်း ကုလသမဂ္ဂက ပိတ်ဆို့အရေးယူလိုက်တာကြောင့် မြောက်ကိုရီးယားမှာ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်သွားခဲ့ပါတယ်။

RFA

No comments:

Post a Comment