Latest News

Thursday, September 14, 2017

မြို့မှာပုသိမ်


မြို့မှာပုသိမ်
ဗာဒံသီးကို  လိပ်​က​လေးသီးလို့​ခေါ်တဲ့မြို့၊
ခရမ်းချဉ်​သီးကို​မြေပုံသီးလို့​ခေါ်တဲ့မြို့၊
မျက်​နှာသုတ်​ပုဝါကိုဖူး​စောင်​လို့​ခေါ်တဲ့မြို့၊
ဟာလဝါ​ဆိုတဲ့မုန့်​ကိုလက်​​ဆောင်​ပေးဖို့သာဝယ်​တတ်​ပြီး
ဈေးကြီးလွန်းလို့ဝယ်​ပြီးစား​လေ့စားထမရှိတဲ့သူ​တွေ​နေတဲ့မြို့၊
ရွာသစ်​မုန့်​ဟင်းခါးလို့​ခေါ်တဲ့
မုန်​ဟင်းခါးမုန့်​ဖတ်​​သေး​သေး​လေး​တွေနဲ့စားရတဲ့မုန့်​ဟင်းခါးရှိတဲ့မြို့၊
ဘယ်​မြို့​ကော်​ရည်​​ခေါက်
ဆွဲနဲ့မှမတူတဲ့ရိုးရှင်းပြီးအရသာ
ရှိတဲ့​ကော်​ရည်​​ခေါက်​ဆွဲရှိတဲ့မြို့၊
မြို့တစ်​ကာကထွက်​တဲ့ပုဇွန်​ချဉ်
တွေထက်​ပို​ကောင်းပြီးအရသာ
ရှိတဲ့တာကိုင်းပုဇွန်​ချဉ်​ထွက်​တဲ့မြို့၊
ပို​ကောင်းပြီး​မွေးကြိုင်​အရသာရှိတဲ့ပိ​တောက်​​ချောင်းထန်းသီးမုန့်​ထွက်​တဲ့မြို့​အရသာ
ရှိတဲ့သစ်​ပုတ်ကုန်းထန်းလျက်​နဲ့ကတက်​ချဉ်​ထွက်​တဲ့မြို့
၊မြန်မာပြည်မှာအ​ကောင်းဆုံးကြိမ်​နီကုန်းဒညင်းသီးထွက်​တဲ့မြို့၊ကျွန်းလျားရှည်​နာနတ်​သီးနဲ့၊အရသာအရှိဆုံးသနပ်​ဖက်​သရက်​သီးကိုမှစားရတဲ့မြို့
၊မြန်​မာပြည်​မှာအ​ကောင်​ဆုံးဥတို​ပေါ်
ဆန်းဆန်​ကိုမှစားရတဲ့မြို့၊ပြစ်​ဆိမ့်​လက်​ဖက်​ရည်​ရတဲ့မြို့၊
အပျို.​ချောနဲ့မိန်းမလှ​တွေ​ပေါတဲ့မြို့၊ဘယ်​​တော့မှအဓိကရုဏ်းမဖြစ်​ခဲ့တဲ့မြို့...
ကိုယ်​တို့ပုသိမ်​မြို့။
Aung Min
https://www.facebook.com/permalink.php?story_fbid=272825889900816&id=100015202205834













No comments:

Post a Comment