Latest News

Wednesday, September 27, 2017

ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းမယ့် သံအမတ်တွေရဲ့ ဒီနေ့ခရီးစဉ် ရာသီဥတုကြောင့် ရွှေ့ဆိုင်း

ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းမယ့် သံအမတ်တွေရဲ့ ဒီနေ့ခရီးစဉ် ရာသီဥတုကြောင့် ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်ဖြစ်စဉ်တွေကို မြေပြင်ကွင်းဆင်းလေ့လာမယ့် နိုင်ငံတကာသံအမတ်တွေရဲ့ ဒီနေ့ခရီးစဉ်ကို ရာသီဥတုအခြေအနေကြောင့်
နောက်ဆုတ်လိုက်ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။ စစ်တွေကတစ်ဆင့် မောင်တောဒေသကို ရဟတ်ယာဉ်နဲ့သွားရမှာဖြစ်တဲ့အတွက် မိုးရွာနေရင် အဆင်းအတက်ပြုလုပ်ရမှာ ခက်တာကြောင့်နောက်ဆုတ်လိုက်တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို နောက်အပတ်ထဲမှာ လာရောက်ဖို့ စီစဉ်ထားတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ သွားရောက်လေ့လာမယ့်အဖွဲ့ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရဲအောင်က ဦးဆောင်မှာဖြစ်ပြီး အစိုးရကိုယ်စားလှယ် (၁၀)ဦး၊ နိုင်ငံတကာသံအမတ် (၅၀)၊ မီဒီယာအဖွဲ့ (၁၀)ဦး လိုက်ပါဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်း - လ၀န်းရံ (စစ်တွေ)
5Plus News

No comments:

Post a Comment