Latest News

Wednesday, September 20, 2017

ဖောင်စီးရင်း ရေငတ်နေသူများ

ဖောင်စီးရင်း ရေငတ်နေသူများ

အပြောကျယ်လှသော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ‘ဝုန်း...ဝုန်း’ဆိုသည့် လှိုင်းရိုက်သံက ကိုအောင်ဌေးကို ဖိတ် ခေါ်သလို ဖြစ်နေသည်။
ကိုအောင်ဌေးသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေဒေသ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် နေထိုင်သည့် ရေလုပ်သားဖြစ်သည်။ ယခင်က ကိုအောင် ဌေးတစ်ယောက် ပင်လယ်ပြင်မှ လှိုင်းရိုက်သံကြားလျှင် မနေနိုင်ဘဲ ငါးဖမ်းထွက်ခဲ့သည်။ သို့သော် ယခုအခါ မည်မျှပင် ရာသီဥတုသာယာပြီး လှိုင်းရိုက်သံ ကြားနေပါစေ ငါးဖမ်းမထွက်ဖြစ်တော့ဟု ဆိုသည်။

ပင်လယ်ပြင်သို့ ကိုအောင် ဌေး မထွက်ဖြစ်သည်မှာ တစ်နှစ် ခန့် ကြာမြင့်ပြီဖြစ်သည်။

 ဘင်္ဂလားပင်လယ်အော်သို့ ကိုအောင်ဌေးကဲ့သို့ ရေလုပ်သားများ ငါးဖမ်းမထွက် ဖြစ်သည်မှာ ရာသီဥတုဆိုးရွား၍ ပင်လယ်ပြင် တွင် ငါးရှားပါးနေခြင်းကြောင့် မဟုတ်ဘဲ မောင်တောခရိုင်၌ မကြာခဏ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပင်လယ် ဓားပြအချို့ကြောင့် ဖြစ်သည်ဟု ကိုအောင်ဌေးကပြောသည်။

‘‘မောင်တောမြို့နယ် တောင်ပိုင်းမှာ အဒူလာကိန်းဆိုတဲ့ ဓားပြအဖွဲ့က အရမ်းသောင်းကျန်းတယ်။ ပင်လယ်ပြင်ကိုထွက်ရင် ငါးမရမှာထက် ဓားပြအဖွဲ့ကို ကြောက်နေရတယ်’’ဟု ကိုအောင်ဌေးက ဆိုသည်။

ကိုအောင်ဌေးတွင် ငါးဖမ်းစက်လှေတစ်စီးရှိပြီး ရေလုပ်သား ၁၀ ဦးခန့် ငှားရမ်းလုပ်ကိုင်သည်။

ကိုအောင်ဌေးတို့ အဖွဲ့သည် ယခင်က ဒီရေထရက်များတွင် ဘင်္ဂလားပင်လယ်အော်သို့ ည အိပ်ခရီးထွက်ကာ ငါးဖမ်းခဲ့ကြ သည်။ တစ်ကြိမ် ငါးဖမ်းထွက် လျှင် ပင်လယ်ထဲ၌ ခုနစ်ရက်ခန့် ကြာမြင့်ပြီး ငါးရကောင်းလျှင် ကောင်းသလို ငါးဖမ်းသမားများ အဆင်ပြေကြကြောင်း သူက ဆို သည်။

ငါးအရကောင်းသည့် အ ကြိမ်များတွင် တစ်ပတ်ကို ရေလုပ်သားတစ်ဦးလျှင် ကျပ်တစ်သိန်းထိရရှိပြီး မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာအဆင်ပြေသည်ဟု ကျောင်းသူနှစ်ဦး ဖခင် ကိုညီချေက ဆို သည်။

သို့သော် ယင်းအခြေအနေ သည် ယနေ့ကာလတွင် အိပ်မက် သဖွယ်ပင် ဖြစ်နေသည်။

‘‘၂၀၁၆ အောက်တိုဘာ အ ကြမ်းဖက်မှု နောက်ပိုင်းမှာတော့ ညအိပ်မထွက်တော့ဘဲ နေ့ချင်း ပြန်ထွက်ခဲ့ကြတယ်။ အခုတော့ လုံးဝမထွက်တော့ဘူး’’ဟု ကို အောင်ဌေး၏ ငါးဖမ်းစက်လှေ လုပ်သား ကိုညီချေကပြောသည်။

လက်ရှိတွင် ကိုညီချေသည် ငါးဖမ်းမထွက်ဖြစ်သည်မှာ တစ် နှစ်ခန့်ရှိနေပြီး ကြုံရာကျပန်းအလုပ်ဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနေရသည်ဟု ပြောသည်။

ကိုအောင်ဌေးကဲ့သို့ ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ထဲသို့ ငါးဖမ်းမထွက်သည့် ရေလုပ် သားပေါင်းသည် မောင်တောမြို့ နယ်တွင် ထောင်ချီရှိသည်။

 မောင်တောမြို့နယ်တွင် ကမ်းနီးငါးဖမ်းစက်လှေ (စက် တပ်) အစီး ၃၀၀ ကျော်၊ တစ်နိုင် တစ်ပိုင် ငါးဖမ်းလှေ (စက်မဲ့) အစီး ၁,၃၀၀ ကျော်ရှိကြောင်း ခရိုင်ငါး လုပ်ငန်းဦးစီးဌာနက ထုတ်ပြန် ထားသည်။

 ရခိုင်အပါအဝင် ဒေသခံ တိုင်းရင်းသားများ ငါးဖမ်းလှေပိုင်ဆိုင်မှုသည် ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး အများစုမှာ ဘင်္ဂါလီများက ပိုင်ဆိုင်သည်။

ကမ်းနီးငါးဖမ်းစက်လှေတစ် စီးတွင် ရေလုပ်သားခုနစ်ဦးမှ ၁၀ ဦးအထိ လိုက်ပါတတ်သလို စက်မဲ့ငါးဖမ်းလှေ၌ ရေလုပ်သား အ နည်းဆုံးနှစ်ဦး ပါဝင်သည်။ ထို့ ကြောင့် မောင်တောမြို့နယ်မှာပင် ရေလုပ်သား အနည်းဆုံးငါးထောင် ကျော်ရှိသည်။ ဒေသထွက် ငါးများကို မောင်တောနယ်စပ် ငါးဈေးကွက်တွင် အဓိကရောင်းချပြီး ဘင်္ဂလားဒေ့ရှ်သို့လည်း အနည်း ငယ်တင်ပို့သည်။

၂၀၁၆ အောက်တိုဘာ အ ကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား ခဲ့ပြီးနောက် လုံခြုံရေးအခြေအနေ အရ ဘင်္ဂါလီလူမျိုးများအနက် နိုင်ငံသားစိစစ်ခံရမည့် ကတ်ပြား NVC ရှိသူများကိုသာ ပင်လယ်ပြင် ထွက် ငါးဖမ်းဆီးခွင့်ပေးရာ ရေ လုပ်သားအများစုသည် NVC ကတ် မလုပ်လို၍ ငါးဖမ်းမထွက် ကြပေ။ ယင်းသို့ ဘင်္ဂါလီလူမျိုးများ အပြင် ရခိုင်ဒေသခံ ရေလုပ်သား များပါ လုံခြုံရေးအရ ငါးဖမ်းမ ထွက်ကြသဖြင့် မောင်တောနယ် စပ်တွင် ငါးရှားပါးမှုများ ကြုံတွေ့ နေရသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။

မောင်တောမြို့နယ်တွင် ငါး ဖမ်းလုပ်ငန်း လုပ်ကိုင်သူအများစု သည် ဘင်္ဂါလီလူမျိုးများဖြစ်သည်။ အကြမ်းဖက်သမားများနှင့် မြို့ နယ်ရှိ ဘင်္ဂါလီများရောနှောမှု မရှိ စေရေး ငါးဖမ်းထွက်ခွင့်ကို ကန့် သတ်ထားခဲ့သည်။

မောင်တောမြို့နယ်ရှိ ငါးဖမ်း သမားများ အဆင်ပြေစေရန် ငါး ဖမ်းလှေများ မှတ်ပုံတင်ခြင်းနှင့် ရေလုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းကို ၂၀၁၇ ဇန်နဝါရီတွင် ကျေးရွာများ ထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည်။ သို့သော် လက်ရှိအချိန်တွင် လုံခြုံရေးအခြေအနေအရ မောင် တောဒေသ၌ ငါးဖမ်းခွင့် ကန့် သတ်ထားသည်။

နိုင်ငံသားစိစစ်ခံရမည့်ကတ် ပြား(NVC)ရှိသူများကိုသာ အစိုးရက ပင်လယ်ပြင်သို့ ထွက်ခွာခွင့် ပေးထားသည်။ အစိုးရ၏ စီစဉ်မှုကို အချို့ဘင်္ဂါလီများက လိုက်နာ၍ NVC များ ပြုလုပ်ကာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခဲ့သော်လည်း အများစုသည် NVC ကတ် မလုပ်လို၍ ငါးဖမ်းလုပ်ငန်း ရပ်နားခဲ့ကြသည်။

ထို့အပြင် ကိုအောင်ဌေးတို့ ကဲ့သို့ ရေလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် ဒေသခံများ လည်း လုံခြုံရေးအခြေအနေ ကြောင့် ငါးဖမ်းမထွက်ရဲခြင်းဖြစ် သည်။

‘‘မောင်တောမြို့က တဖြည်း ဖြည်း နေထိုင်ဖို့ မသင့်တော်တဲ့မြို့ ဖြစ်လာပါပြီ။ စားစရာ ငါးမရှိ၊ လုံခြုံရေးကလည်း စိုးရိမ်နေရနဲ့ လေ’’ဟု မောင်တောမြို့ခံ မြို့မိ မြို့ဖ ဦးအောင်ကျော်ညွန့်က ပြော သည်။

ယင်းသို့ ငါးဖမ်းလုပ်ငန်းများ ရပ်နားလာ၍ မောင်တောမြို့နယ် တွင် ငါးရှားပါးမှုကို လက်ရှိတွင် ကြုံတွေ့လာရသည်။ ဒေသတွင်းမှ ထွက်ရှိသည့် ငါးများ မဝင်ရောက်သဖြင့် မောင်တောနယ်စပ် ငါးဈေးကွက်သို့ စစ်တွေ၊ ကျောက် ဖြူနှင့် သံတွဲမြို့နယ်များမှ ငါးများ ဈေးကွက်ဝင်လာသည်။

မောင်တောနယ်စပ် ငါးဈေး ကွက်သို့ တစ်ရက်လျှင် အခြားဒေ သမှ ငါးရေခဲဘူးနှစ်ဆယ်ကျော်ထိ ဝင်ရောက်နေကြောင်း ငါးရောင်း ဝယ်ရေးလုပ်ကိုင်သူ ကိုကျော် ကျော်ဦးက ပြောသည်။ ‘‘မောင် တော ငါးဖမ်းလှေတွေ မထွက် တော့ စစ်တွေ၊ ကျောက်ဖြူကနေ မှာပြီး ရောင်းရတယ်။ ငါးဈေးမ ကြီးပေမယ့် သယ်ယူစရိတ်ကြီး တော့ ကျွန်တော်တို့လည်း ဈေးပို ရောင်းရတယ်။ ဒေသတွင်း ငါးဖမ်း လှေတွေက ငါးတွေရရှိခဲ့တဲ့အချိန် က ဈေးလျှော့ရောင်းနိုင်ခဲ့တယ်’’ ဟု ကိုကျော်ကျော်ဦးကဆိုသည်။

ဒေသတွင်း ငါးများမဖမ်းနိုင် သဖြင့် မောင်တောနယ်စပ်ဈေး ကွက်တွင် ငါးတစ်ပိဿာလျှင် တစ် သောင်းခွဲထိ ဈေးရှိနေပြီး အခြေ ခံလူတန်းစားအချို့သည် ဈေးကြီး သည့် ငါးများ မစားနိုင်တော့ ကြောင်း မောင်တောမြို့ခံ ဒေါ်စိုးစိုးကပြောသည်။ ‘‘ငါးဈေးတွေ တအားကြီးလို့ ကြက်ဥ၊ လက် ဖက်သုပ်နဲ့ နှစ်ပါးသွားနေရတာ တော်တော်ကြာပါပြီ’’ဟု ဒေါ်စိုး စိုးက ဆိုသည်။

မောင်တောဒေသတွင် ပင် လယ်ပြင်နှင့် မြစ်ချောင်းများသို့ ငါးဖမ်းထွက်သူနည်းပါးကာ ငါး အဝင်နည်းနေသဖြင့် ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရန် ရခိုင်ပြည် နယ်အစိုးရအဖွဲ့က ကျေးရွာများ၌ ရေချိုငါးကန်များ တူးဖော်ပေး ခြင်း၊ ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ပြုလုပ်နေသည်။

အကြောင်းအမျိုးမျိုးကြောင့် ပင်လယ်ပြင်နှင့် မြစ်ချောင်းများအ တွင်းမှ ဈေးကွက်အတွင်း ငါးဝင် ရောက်မှု မရှိဖြစ်နေသော မောင် တောမြို့နယ်တွင် ငါးစားသုံးမှု ဖူ လုံရန် ကျေးရွာ ၈၂ ရွာ၌ ရေချိုငါးမွေးမြူရေးကန် ၈၂ ကန်ကို ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြီးခဲ့သည့်ဧပြီကစ၍ တူးဖော်ပေးခဲ့ သည်။ ငါးမွေးမြူရေးကန်တစ်ကန်၏တန်ဖိုး ကျပ်သိန်း ၆၀ ခန့်ရှိသည်။

သို့သော် အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် မိမိတို့ အလုပ် များကို ပုံမှန်မလုပ်ကိုင်နိုင်တော့ ဘဲ လုပ်ငန်းများအားလုံး ကစဥ့်က လျားဖြစ်လာသည်။ မောင်တော ဒေသရှိ ငါးဖမ်းလှေအများစု ငါးဖမ်းမထွက်ဖြစ်၍ ပင်လယ်ပြင်နှင့် မြစ်ချောင်းများတွင် ငါးသယံဇာတ ပေါများနေမည်မှာ သေချာသည် ဟု ကိုအောင်ဌေးက ပြောသည်။ ယင်းသို့ ပင်လယ်ပြင်နှင့် မြစ် ချောင်းများတွင် ငါးများ ပေါများ စွာ ရှိနေသော်လည်း ကိုအောင် ဌေး အပါအဝင် ငါးဖမ်းသမားများ သည် လုံခြုံရေးအရ ငါးဖမ်းမ ထွက်ရဲ ဖြစ်နေဆဲဖြစ်သည်။

‘‘လက်ရှိမှာ မောင်တောက ငါးဖမ်းလှေတွေကို လုံခြုံရေးအရ ငါးဖမ်းခွင့် တားမြစ်ထားပါတယ်။ ရေယာဉ်မှတ်ပုံတင်နဲ့ ရေလုပ်ငန်း လိုင်စင်ပြုလုပ်ရင် ငါးဖမ်းဆီးခွင့် ရနိုင်တယ်ဆိုပြီး မျှော်လင့်ချက်နဲ့ မှတ်ပုံတင်နဲ့ လိုင်စင်လုပ်တဲ့သူ များခဲ့တယ်။ ဒါပေမဲ့ ထင်တားတဲ့ အတိုင်း ဖြစ်မလာဘဲ ပြဿနာတွေ ဆက်ဖြစ်လာတော့ ရေလုပ်သား တွေ ဒုက္ခရောက်တာပေါ့’’ ဟု အလယ်သံကျော် ကျေးရွာအုပ်စု ငါးဖမ်းရေယာဉ်အသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ဘိုးစဉ်ဘောင်ဆက် ရေလုပ် ငန်းလုပ်ကိုင်ခဲ့သော ကိုအောင် ဌေးတို့လို ဒေသခံများသည် ပင် လယ်ကြီးကို ငေးမောရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

‘‘ပင်လယ်ပြင်ကြီး တစ်ခုရှိ ပေမယ့် ဖောင်စီးရင်း ရေငတ်နေ သူများဖြစ်နေကြပြီ’’ဟု ကိုအောင် ဌေးက ဘင်္ဂလားပင်လယ်ပြင်ကို ငေးမောရင်း ပြောသည်။

7Day News

No comments:

Post a Comment