Latest News

Thursday, September 21, 2017

စစ်တွေလူစုလူဝေးကြောင့် ဖမ်းဆီးခံရသူ ၉ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲမည်

စစ်တွေလူစုလူဝေးကြောင့် ဖမ်းဆီးခံရသူ ၉ ဦးကို ပုဒ်မ ၅ ခုဖြင့် တရားစွဲမည်

နိရဉ္စရာ၊ စက်တင်ဘာ ၂၁

စက်တင်ဘာလ ၂၀ ရက်နေ့ ညဥ့်က စစ်တွေမြို့ ဆတ်ရိုးကျ ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော လူစုလူဝေးနှင့် မတည်ငြိမ်မူ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် အရပ်သား ၉ ဦးကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက နိရဉ္စရာသတင်းဌာနသို့  ပြောကြားသည်။

“ ၉ ဦး ဖမ်းထားပါတယ်။ ဒဏ်ရာရသူ တစ်ဦးအပါအ၀င် ၉ ဦးဖြစ်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းအရင်းက ဥပဒေမဲ့ လူစုလူဝေး ပါဝင်တာရယ်၊ တရားဥပဒေနဲ့ အညီ ဖြိုခွင်းဖို့ အတွက် ရဲတပ်ဖွဲ့မှ တောင်းဆိုတာကို မလိုက်နာတဲ့ အတွက်ရယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တုတ်၊ ဓါး၊ ဂျင်ဂလိနဲ့ တိုက်ခိုက်ခြင်း၊ ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခြင်း စတဲ့ မူခင်းတွေကို ဆောင်ရွက်တဲ့ အတွက် ဖမ်းရတာ ဖြစ်ပါတယ်” ဟု ပြည်နယ် ရဲမှူးကြီးက ပြောသည်။

သူတို့အား ပုဒ်မ ၅ ခုနှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ ၎င်းပုဒ်မများထဲတွင် ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၄၄၀ တို့ပါဝင်ကြောင်း ပြည်နယ်ရဲမှူးက ပြောသည်။

“ အခြေအနေဆိုးဆိုးရွားရွား ဖြစ်ခဲ့သလဲဆိုရင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာ ရပါတယ်။ တစ်ဦးကတော့ ခြေထောက်မှာ ဓားထိ ပြတ်ချတဲ့ အတွက် ၁၂ ချက် ခြုပ်ရပါတယ်။ အရပ်သားတွေဘက်က ဒဏ်ရာရပြီး ဆေးရုံတက်တာက တစ်ဦးပါ။ ကျန်တဲ့ ဒဏ်ရာ ရသူတွေက ဆေးရုံတက်တာတော့ မတွေ့ရပါ” ဟု ပြည်နယ်ရဲမှူးက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်နေ့ ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ရခိုင်အလင်းတံခါး ဥက္ကဋ္ဌမှ ဒေါ်ကျော့စိန်က ရခိုင်ဒေသခံများ အနေဖြင့် တစ်စုံတစ်ရာ အကြမ်းဖက်ခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။

“ ဒီပြသနာက နေ့လယ် ၂ နာရီကျော်ကတည်းက ဖြစ်နေပါပြီ။ အဲဒီစက်လှေပေါ်မှာပါတဲ့ အိုင်စီအာရ်စီ ကုန်ပစ္စည်းတွေကို လူတွေက မသင်္ကာဘူး။ ဒီပစ္စည်းတွေဟာ ကုလားတွေဆီကို ပို့မှာ ဖြစ်တဲ့ အတွက် ဖွင့်ပြီး စိစစ်ကြည့်ချင်တယ်လို့ ဒေသခံတွေ ပြောတယ်။ ဒါကို လုံးဝ ဖွင့်လို့မရလို့ အာဏာပိုင်တွေက ပြောတဲ့ အတွက် ပြသနာ ဖြစ်တာပါ။ ရခိုင်တွေဘက်က လုံးဝ အပြစ်မရှိဘူး။ ပွင့်လင်း မြင်သာမှု လုံးဝ မရှိတဲ့ အတွက် ဒီလို အဖြစ်မျိုး ဖြစ်တာပါ” ဟု ဒေါ်ကျော့စိန်က ပြောဆိုသည်။

၎င်းပြင် မီးသတ်ကားမှ မလိုအပ်ဘဲ မြို့အနှံ့ ဥသြဆွဲပြီး အခင်းဖြစ်ပွားရာသို့ သွားရာမှ မီးသတ်ကားနောက် လူများက လိုက်ပါလာခဲ့သဖြင့် လူစု လူဝေး ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း၊  ရဲတပ်ဖွဲ့က လူအုပ်များလာသဖြင့် လူစုခွဲရာတွင် အထက်ကို ထောင်မပစ်ဘဲ ဗလာကျည်ဖြင့် လူအုပ်ထဲ ပစ်ကြောင်း၊ သို့အတွက် ကလေးငယ် တစ်ဦး နာခေါင်းကို ထိကြောင်း၊ နောက်တစ်ယောက်တွက် ခြေသလုံးကိုထိပြီး တစ်ခြား နောက်တစ်ယောက် ဘေးစပ်ကို ထိကြောင်၊  အချက်ပေါင်းများစွာပစ်ခတ်ကြောင်း၊ ယခု ဆေးရုံတွင် ဒဏ်ရာရသူ တစ်ဦးကိုလည်း လက်ထိပ်ခတ်ပြီး ဖမ်းဆီးထားကြောင်း၊ အစကတည်းက ပစ္စည်းများကို ဖွင့်ပြလိုက်လျှင်ရကြောင်း၊ မဖွင့်ပြရာမှ ပြသနာ ပိုကြီးထွားခဲ့ရခြင်း ဖြစ်ကြောင်း သူမကြေေပြောဆိုသည်။

No comments:

Post a Comment