Latest News

Monday, September 18, 2017

မြောက်ကိုရီးယားကို ထိန်းချုပ်ဖို့ စစ်ရေးရွေးချယ်မှုသာကျန်တော့တယ်လို့ ကုလဆိုင်ရာ ကန်သံအမတ် ပြော

မြောက်ကိုရီးယားကို ထိန်းချုပ်ဖို့ စစ်ရေးရွေးချယ်မှုသာကျန်တော့တယ်လို့ ကုလဆိုင်ရာ ကန်သံအမတ် ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယားကို ကိုင်တွယ်ထိန်းချုပ်ဖို့ နည်းလမ်းရှာမရဖြစ်နေတာကြောင့် အမေရိကန်အနေနဲ့ ပင်တဂွန်စစ်ဌာနချုပ်ဘက် လှည့်ရမလိုဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟေလီက ပြောလိုက်ပါတယ်။

လုံခြုံရေးကောင်စီမှာ ဒီကိစ္စဆွေးနွေးရတာ အားကုန်မောပန်းလာပြီမို့ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်လက်ကို ပျော်ပျော်ကြီး လွှဲပေးလိုက်တော့မယ်လို့ CNN သတင်းဌာနကိုပြော ခဲ့ပါတယ်။

ကုလသမဂ္ဂက တားမြစ်နေတဲ့ကြားက မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဂျပန်နိုင်ငံပေါ်က ကျော်ဖြတ်ပြီး ဒုံးပျံစမ်းသပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေအမျိုးမျိုးရှာကြံခဲ့ပေမယ့် နောက်ဆုံးတော့ စစ်ရေးရွေးချယ်မှုသာ ကျန်တော့တယ်လို့  အမေရိကန်သံအမတ်ကြီး က ပြောသွားပါတယ်။

RFA

No comments:

Post a Comment