အကြမ်းဖက် သောင်းကျန်းမှုများ ရှုတ်ချပွဲ ဘူးလက်လှဆွေနှင့် ဒေါ်ခင်ဝိုင်းကြည် မိတ္ထီလာတွင် ယနေ့ ဟောပြောမည်
မိတ္ထီလာမြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် အကြမ်းဖက် သောင်းကျန်းမှုများ ဆန့်ကျင်ရှုတ်ချပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဖြစ်သည့် ဦးလှဆွေ (ဘူးလက်) နှင့် ဒေါ်ခင်ဝိုင်းကြည်တို့ ဟောပြောမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
အဆိုပါပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကာ စည်းခုံကြီးကန်ဘောင်တွင် ဟောပြာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင် ဟောပြောမှုတွင် ပါဝင်မည့် ဦးဝင်းဇော် (အမျိုးသားနိုင်ငံရေး) က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည် လူမျိုးရေး/ ဘာသာရေး ပြဿနာ မဟုတ်ဘဲ အစွန်းရောက် အကြမ်းဖက် သောင်းကျန်းသူ ARSA များအနေနှင့် နယ်မြေသိမ်းရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော အကြမ်းဖက်မှုဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း၊ သတင်းမှားများကို အခြေခံ၍ မြန်မာနိုင်ငံအပေါ် အကျပ်ကိုင် စွက်ဖက်သော ပြည်ပနိုင်ငံများကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါပွဲတွင် ဦးဝင်းဇော် (အမျိုးသား နိုင်ငံရေး)၊ အမတ်ဒိန် (စာရေးဆရာ) နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းများဖြစ်သည့် ဘူးလက်လှဆွေနှင့် ဒေါ်ခင်ဝိုင်းကြည်တို့ ဦးဆောင် ဟောပြောမည်ဖြစ်ကြောင်း၊ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုမိန့် ၄/၂၀၁၇ ဖြင့် လူဦးရေ ၁၀ဝ၀ ခန့်သည် မိတ္ထီလာမြို့ပေါ်တွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
The Voice
Wednesday, September 27, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment