Latest News

Tuesday, September 19, 2017

မွတ်ဆလင်တွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရတာမရှိ ၊ တိုင်းရင်းသားတွေပဲ သတ်ဖြတ်ခံနေရလို့ ကာကွယ်ရေးဝန်ကြီးပြော

မွတ်ဆလင်တွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရတာမရှိ ၊ တိုင်းရင်းသားတွေပဲ သတ်ဖြတ်ခံနေရလို့ ကာကွယ်ရေးဝန်ကြီးပြော

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်ခံရတာ မရှိပဲ လူမျိုးသုဉ်းသတ်ဖြတ်တယ် ဆိုပြီး လိမ်နေကြတယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တကယ်တမ်း မျိုးနွယ်စု ပျက်သုဉ်းရေးအတွက် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာဟာ ရခိုင် ၊မြို ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေသာဖြစ်တယ်လို့ ဘီဘီစီရဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခြင်း ရှိမရှိ မေးခွန်းကို ဖြေကြားရာမှာ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ဖြေဆိုခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေး မိန့်ခွန်းပြောဆိုမှု အခမ်းအနားကို တက်ရောက်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကို လူတွေသိန်းချီ ထွက်ပြေးနေရတာက ဘာကြောင့်ပါလဲဆိုတဲ့ မေးခွန်းကိုတော့
မွတ်ဆလင်တွေအနေနဲ့ သူတို့က စတိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေး လုပ်ငန်းစဉ်တွေ လုပ်တဲ့အချိန်မှာ ကြောက်တဲ့အတွက် ထွက်ပြေးကြတာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment