Latest News

Tuesday, September 19, 2017

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းကို မြို့တော်ခန်းမရှေ့ပြသစဉ် မီးပြတ်တောက်မှု ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်ဒုတိယ အင်ဂျင်နီယာ ချုပ် ဦးစ၀င်းနိုင်နှင့်အင်တာဗျူး


အင်တာဗျူး
“ခင်ဗျားကို ကျွန်တော် အကုန်ပြောမယ်။ ကျွန်တော် ကလဲ သူ့ ကို လူစားမရသေးလို့ ကို ထားနေရတာ
နံပါတ်(၁)ရိုးသားတယ် ၊အလုပ်ဆိုလည်း အသေလုပ်တယ် ၊နံပါတ် (၃)ကတော့ သူက လူတိုင်းကို လည်း မယုံဘူး။ သူတစ်ယောက်တည်းသိမ်းကျုံးလုပ်ချင်တယ်။ ပြောချင်တာက သူအောက်က ၀န်ထမ်းကို မခိုင်းတတ်ဘူး။ မခိုင်းတတ်တော့ သည်လို မြို့ ကြီးမှာ လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့ က ခက်ခဲတယ်ဗျာ ၊ဒါပေမဲ့  သည်ဖြစ်စဉ်မှာ သူ့ ဘက်က ရည်ရွယ်ချက် မရှိဘူးဆိုတာတော့ သေချာတယ် ။ဒါကတကယ်ပဲတိုက်ဆိုင်မှုဖြစ်သွားတာပါ။တာဝန်မယူချင်လို့ ပြောတာလည်းမဟုတ်ဘူးနော် ပြန်ပြောရမယ်ဆိုရင်တော့ နှစ်ဖက်လုံးမှာကလည်းလိုအပ်ချက်တွေရှိတယ်”
ဦးစ၀င်းနိင်
(ဧရာဝတီတိုင်းဒေသကြီး ဒုတိယ လျပ်စစ်အင်ဂျင်နီယာချုပ် )

စက်တင်ဘာလ(၁၉)ရက်နေ့ ကနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းကို ပုသိမ်မြို့ တော်ခန်းမ ရှေ့ က LEDမှာပြသနေစဉ် မီးပြတ်တောက်မှုအပေါ်ဒေသခံများက မြို့ နယ် လျပ်စစ်ဌာနကို ဝေဖန်မှုတွေ မြင့်တက်နေသည့်အပေါ် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်ဒုတိယ အင်ဂျင်နီယာ ချုပ် ဦးစ၀င်းနိုင်နှင့် တိုင်းဧရာရဲ့ 
အယ်ဒီတာတစ်ဦးက သွားရောက်တွေ့ ဆုံမေးမြန်းထားပါတယ်။

Time Ayeyar ။။ ။။တွေ့ ဆုံ မေးမြန်းခွင့်ပေးတာကိုကျေးဇူးတင်ပါတယ်။ ပထမဆုံး
သိချင်တာက သည်နေ့ မြို့ နယ်လျပ်စစ်ဖြန့် ဖြူးမှု အခြေနေကို သိချင်ပါတယ်။
U S W Naing ။။ ။။သည်နေ့  ဘာတွေလုပ်နေလဲဆိုတဲ့  အရာကိုတော့ ကျွန်တော့် အနေနဲ့  အသေး
စိတ်အလွတ်မပြောနိုင်ပါဘူး။ဌာနတစ်ခုချင်းကတော့ စီမံချက်တွေနဲ့ လုပ်နေတာပဲ ။

Time Ayeyar ။။ ။သည်နေ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မိန့် ခွန်းကို မြို့ တော်ခန်းမရှေ့ မှာ LEDနဲ့ ပြသ
မယ်ဆိုတာ သိပါလား ။
U S W Naing ။။ ။။ကျွန်တော်တို့ မသိပါဘူး ဘာကြောင့် မသိလဲဆိုရင် ကျွန်တော်တို့ ဆီကို မည်သူတစ်စုံတစ်ရာ ကမှစာပို့ အကြာင်းကြားတာလည်းမရှိဘူး ၊ဖုန်းနဲ့ ဆက်သွယ်ပြောဆိုတာလည်းမရှိဘူး ၊

Time Ayeyar ။ ။ဒီနေ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာကို ဒေသခံတွေ ကြည့်နေ့ စဉ်မှာပဲ မီးပြတ်သွားပါတယ်။သည်အခြေနေရဲ့ ဖြစ်စဉ်ကို ပြောပြပါ။
U S W Naing ။။ ။ မီး စပြတ်ပြတ်ချင်းပဲ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း ကျွန်တော့် ဆီ ဖုန်းဆက်လာပါတယ်။သူက သစ်ကိုင်းကျိုးကျလို့ ပြောတယ်။ အဲ့ တော့မှ ဗျာ ဆိုပြီး ကျွန်တော် အိုင်ကွန်နဲ့ ခေါ်တယ်။ သစ်ကိုင်းကျိုးတယ်ပြောတာ ဘာဖြစ်တာလဲ လှမ်းမေးတယ် ။မီးဖြတ်ထားတယ်ပြောတယ်။ ဟာ ဘယ်လိုဖြစ်တာလဲ ။ကျွန်တော်က အိုင်ကွန်နဲ့ ပြောသလို ဖုန်းတွေကလည်းတစ်လုံးပြီးတစ်လုံးလာတယ် ဗျ။ အဲလို့ ပြောနေရင်းဖြေနေရင်းမှာ မီးပြန်လာနေပြီလို့ ပြောတယ်။

Time Ayeyar ။ ။ဒါဆိုမီးပြတ်တောက်သွားတာဘယ်လောက်ကြာသွားလဲ ။
U S W Naing ။။ ။၁၀နာရီ ၂၃ မှာဖြစ်တာ ၂၇မိနစ်မှာပြန်လာတာဆိုတော့ လေးမိနစ်လောက်ကြာသွားပါတယ် ။

Time Ayeyar ။ ။ဟုတ်ပြီ။ဆက်ပြောပါဦး ။အဓိက မီးပြတ်ရတဲ့ အကြောင်းရင်းကို။
U S W Naing ။။ ။ ထွေအုပ် ရုံး ထဲမှာ ထရန်စဖော်မာ တက်ဖို့  ရှိတာကို တပ်ဖို့ ကျတော့ မလွတ်တဲ့ 
အကိုင်းကိုခုတ်ဖို့ ကျတော့ ဓတ်လိုက်မှာစိုးလို့  ။ဘရိတ်ကာကို ချလိုက်တာ မီးပိတ်လိုက်တာ။ ဒါပဲ။
အကြောင်းရင်းက ။

Time Ayeyar ။ ။ထပ်ပြီးမေးချင်တာက သစ်ပင်ခုတ်လိုက်လို့ မီးပြတ်တာမဟုတ်ဘူးဆိုတာ သေချာလား။
U S W Naing ။။ ။ သေချာတယ် ခုတ်ဖို့ အတွက်ကို ဓာတ်လိုက်မှာစိုးလို့  မီးဖြတ်လိုက်တာ ။သူ့ အလုပ်က ခုတ်ပြီးရင် ပြန်ဖွင့်မယ်ပေါ့။ ဒါပထမသူ့ အလုပ် နောက်ကျတော့ ဒါကို ဆက်မလုပ်တော့ ဘူး၊ဘရိတ်ကာပြန်တင်လိုက်တာ။

Time Ayeyar ။ ။အခုလိုဖြစ်သွားတဲ့ အခြေနေကို တာဝန်ရှိသူတစ်ယောက်အနေနဲ့  စိစစ်တွေ ရှိမှုက ဘယ်လိုပါလဲ
U S W Naing ။ ။ခုပဲ ကျွန်တော်တို့ တွေ ဒါကို ပြန်လည် သုံး သပ်နေတာပါ ။အဲဒီနေရာမှာ တာဝန်ယူထားတဲ့  အင်ဂျင်နီယာကလည်းပေါက်စလေး။ မြောင်းမြကပြောင်းလာတာ အတွေ့ အကြုံမရှိဘူး။ ၊အင်မတန်
လုပ်သက်နုသေးတယ်။ လပိုင်းပဲရှိသေးတယ် ၊သူ ဒီလို လူအုပ်ကြီး နဲ့ ကြည့်နေတာကို တွေ့ လိမ့်မယ်လို့ ထင်တယ် ။သို့ သော် ဘာမှမတင်ပြဘူး ၊အကုန်လုံးက အားလုံးတိုက်ဆိုင်သွားတာ ။အဲတော့ သူကသာတင်ပြရင် ဒါကို မလုပ်နဲ့ လို့ ပြောမှာပေါ့ ။အားလုံးက တိုက်ဆိုင်သွားတာ ။ပြောရမယ်ဆိုရင်တော့ ထူတာပေါ့ ဗျာ။

Time Ayeyar ။။ ။။တစ်ခုသိချင်တာက ဆရာတို့ အနေနဲ့  ဒီလို အတိုင်ပင်ခံပုဂ္ဂိုလ် မိန့် ခွန်းပြောတာကို
ဘယ်လောက်အရေးကြီးတယ်ထင်ပါလဲ ။
U S W Naing ။ ။။သိပ်အရေးကြီးပါတယ် ။ကျွန်တော်တို့ ဆီကို သာ ကြိုတင်အကြောင်းမယ်ဆို ကျွန်တော်တို့ က မီးပြတ်သွားရင် သုံးဖို့ အဆင်သင့် မီးစက်တစ်လုံးတောင်ထားပေးရမှာ။

Time Ayeyar ။။ ။မြိ့ နယ် အင်ဂျင်နီယာ လျပ်စစ်မှုးကတော့ သူ မသိဘူးပြောတယ် ဒါကိုလည်းတော်တော်များများဖေန်နေကြတယ် ဒီအပေါ်မှာရောဘာပြောချင်လဲ ။
U S W Naing ။ ။သူကပွင့်ပွင့်လင်းလင်းအမှန်အတိုင်းပြောလိုက်တာ ဘာလို့ လဲဆို အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောမယ့် မိန့်ခွန်းကို သည်နေရာမှာ ပြမယ်ဆိုတာ သူမသိဘူးပြောတာ ၊ဘာ့ကြောင့်လဲဆို ကျွန်တော်တို့ ဆီကို ကြိုအကြောင်းကြားတာမှ မရှိတာ ဒါပေမဲ့ လူထုကို ပြောတဲ့ အခါတော့ နားလည်အောင်ရှင်းပြရမှာပါ။

Time Ayeyar ။ ။။ဆိုတော့ သည်နေရာမှာ ပြသမယ်ဆိုတာကို ကြိုမပြောဘူးပေါ့
U S W Naing ။ ။ဟုတ်တယ် ခုပဲ NLDက ကိုပေါက်စကလည်းဖုန်းဆက်တယ် သူတို့ ကြိုမပြာမိတာပါ၊
ကျွန်တော်တို့ ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ပါဆိုပြီ တောင်းပန်တယ်.။

Time Ayeyar ။ ။အဲ့ တော့အဓိကတာဝန်ရှိတဲ့  မြို့ နယ် လျပ်စစ်အင်ဂျင်နီယာကို တာဝန်ရှိသူတစ်ယောက်အနေနဲ့  ဘာပြောဖြစ်လဲ
U S W Ning ။ ။သူ့ ကိုကျွန်တော်တို့  တော်တော်ပြောဖြစ်တယ် ၊ဒါပေမဲ့  ကျွန်တော် တစ်ခုတော့ပြောမယ်။ သူ့ ကိုအရေးယူမယ်ဆိုရင် ကြိုပြောလားဆိုတာက သူ့ ဘက်က မေးစရာရှိလာတယ် ။ကျွန်တော် တာဝန်မယူချင်လို့ ပြောတာမဟုတ်ဘူးနော် အားလုံးကိုချုံပြာရမယ်ဆို နှစ်ဦးနှစ်ဖက်စလုံးမှာ လိုအပ်ချက်ရှိတယ် ဒီလို ပွဲမျိုးလုပ်မယ်ဆို ပေါင်းစပ် လုပ်ကိုင်သင့်တယ် ။သူ့ အနေနဲ့ ရည်ရွယ်ချက် လည်းမရှိဘူး။ အဲ့ တာတော့ အာမခံတယ် ။ကျွန်တော်ပြောသလို သူခိုင်းလိုက်တဲ့  သူကလည်း ထူတယ်။ ပါးနပ်မှုမရှိဘူး။

Time Ayeyar ။ ။ဆိုတော့ ဌာနအတွင်း ဆောင်ရွက်တဲ့ အခြေနေကရောဘယ်လိုရှိမလဲ။
U S W Naing ။ ။ခင်ဗျားကို ကျွန်တော် အကုန်ပြောမယ်။ ကျွန်တော် ကလဲ သူ့ ကို လူစားမရသေးလို့ ကို ထားနေရတာ။ နံပါတ်(၁)ရိုးသားတယ် ၊အလုပ်ဆိုလည်း အသေလုပ်တယ် ၊နံပါတ် (၃)ကတော့ သူက လူတိုင်းကို လည်း မယုံဘူး။ သူတစ်ယောက်တည်းသိမ်းကျုံးလုပ်ချင်တယ်။ ပြောချင်တာက သူအောက်က ၀န်ထမ်းကို မခိုင်းတတ်ဘူး။ မခိုင်းတတ်တော့ သည်လို မြို့ ကြီးမှာ လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့ က ခက်ခဲတယ်ဗျာ။ ၊ဒါပေမဲ့  သည်ဖြစ်စဉ်မှာ သူ့ ဘက်က ရည်ရွယ်ချက် မရှိဘူးဆိုတာတော့ သေချာတယ် ။ဒါကတကယ်ပဲတိုက်ဆိုင်မှုဖြစ်သွားတာပါ။ တာဝန်မယူချင်လို့ ပြောတာလည်းမဟုတ်ဘူးနော်။ပြန်ပြောရမယ်ဆိုရင်တော့ နှစ်ဖက်လုံးမှာကလည်းလိုအပ်ချက်တွေရှိတယ်။

Time Ayeyar ။ ။ခုလိုဖြစ်သွားတဲ့ အပေါ် လျပ်စစ်ဌာနက တာဝန်ရှိသူတစ်ယောက်အနေနဲ့  ကြည့်ရှုနေတဲ့  ဒေသခံတွေကိုရော ဘာများပြောချင်လဲ
U S W Naing ။ ။အများကြည်ညိုလေးစားတဲ့  ခေါင်းဆောင် ပုဂ္ဂိုလ်တစ်ယောက်ပြောတာကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ နားထောင်ချင်ကြတာပေါ့။ သည်လိုအခြေနေမျိုးမှာ ရုတ်တရက်ပြတ်သွားတဲ့ အခါ အခြေနေမှန်ကို မသိတဲ့ အခါကျတော့ ဒေသထွက်မှာပဲ ကျွန်တော်ဆိုလဲ ဆဲမှာပဲ ။အဲ့ အချိန်မှာပဲ တာဝန်ယူတဲ့သူက မီဒီယာတွေနဲ့  တွေ့ တဲ့ အခါ ကျွန်တော် မသိပါဘူးဆိုပြီးတုန်းတိဖြေတော့ သွားရောပေါ့ ။နားလည်အောင် ရှင်းပြရမယ်။ အဲ့ တော့ သူ့  က နားလည်အောင်ပြောပြရမှာ ။ရည်ရွယ်ချက်ကတော့မရှိဘူး ၊ပြည်သူတွေကိုပြောခြင်တာက တိုက်ဆိုင်မှုဖြစ်သွားတာကို ခွင့်လွတ်ပါလို့ ပဲ ပြောပါရစေ။

Time Ayeyr ။။။။။။။။။တစ်ခြားဖြည့်စွက်ပြောချင်တာရှိလား
U S W Naing။ ။ဒီဖြစ်စဉ်မှာ မသိသောသူက အမျိုးမျိုးပြောလို့ ရတယ်။တမင်လုပ်တယ်လို့ လည်းပြောလို့ ရတယ်။ ငါတို့ ကို မနာလို လို့ လား အမျိုးမျိုး ပြောလို့ ရတယ်။ သို့ သော် အဖြစ်မှန်က တော့ဒါပါပဲ။ တကယ့် ကိုတိုက်ဆိုင်မှုဖြစ်သွားတာပါ ။၊တာဝန်မယူချင်လို့ လည်းမဟုတ်ဘူး ၊အကုန်လုံးကို တာဝန်ယူပါတယ်။ သို့ သော် သူ့ ကို သည်ကိစ္စမှာ မင်းနမော်နမဲ့ ဖြစ်တာလားလို့  စွဲချက်တင်လို့ မရနိုင်ဘူး။ သူ့ ကိုအကြာင်းအကြားတာမရှိသလို ကျွန်တော်ဆီကိုလည်း ဘယ်သူကမှ အကြောင်း ကြားလာတာမရှိ ဘူး။ ၊ညွန်ကြားတာလည်းမရှိဘူး ၊အဲ့ တော့ အားလုံးကတိုက်ဆိုင်မှုတွေဖြစ်တာပါ။
Time Ayeyr ။။။။။။။။။အချိန်ပေးဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment