ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ ဒုက္ခသည်တွေထဲမှာ ARSA အဖွဲ့ဝင်တွေ ပါနေ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၇ ရက်နောက်ပိုင်း အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထဲမှာ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ရိုဟင်ဂျာကယ်တင်ရေး တပ်မတော်- ARSA အဖွဲ့က အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ အမေရိကန်အခြေစိုက် Benar News သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။
Cox's Bazaar မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ အသက် ၁၈ နှစ်အရွယ် "အဗ္ဗဒူဆူခါ" ဆိုသူက.. သူဟာ ARSA အဖွဲ့ဝင်တဦးဖြစ်ပြီး သူတို့ရွာမှာ အဖွဲ့ဝင် ၄ဝ လောက် ရှိခဲ့ကြောင်း၊ သူတို့ဟာ တုတ်ဓားတွေကို လက်နက်အဖြစ် ကိုင်ဆောင်ခဲ့ပြီး၊ မိသားစုတွေက ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့က တပ်မတော်စစ်ကြောင်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ရပြီး မိခင်ဖြစ်သူနဲ့ ညီမဖြစ်သူ သေဆုံးခဲ့ကြောင်း Benar News ကို ဖြေကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းစခန်းတွေမှာ အခြေချနေတဲ့ လူငယ် ၅ဝ ကျော်ကို ARSA အဖွဲ့က တပ်ဖွဲ့ဝင်အဖြစ် စည်းရုံး ခေါ်ဆောင်သွားခဲ့တယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment