Latest News

Monday, August 21, 2017

ငှက်ရုပ်နဲ့ နိင်လို့ ဆေးမင်းကြောင်ထိုးထားတဲ့ အမျိုးသားတစ်ဦး ချောင်းရိုးအတွင်း ပုပ်ပွသေဆုံး


ငှက်ရုပ်နဲ့ "နိုင်"လို့ ဆေးမင်ကြောင်ထိုးထားတဲ့ အမျိုးသားတစ်ဦး ချောင်းရိုးအတွင်း ပုပ်ပွသေဆုံး
ဟံသာနွန်
 အသက် ၃၅နှစ်အရွယ်ခန့် အမျိုးသားတစ်ဦး ချောင်းရိုးအတွင်း ပုပ်ပွသေဆုံးမှု မွန်ပြည်နယ်
ပေါင်မြို့ နယ်တွင်ဖြစ်ပွါးခဲ့ သည်။
ပေါင်မြို့နယ်၊ ရွာတန်ရှည်ကျေးရွာအနောက်ဘက် ကွင်းအမှတ် ၇၆၆လယ်ကွင်း၊ ကွင်းမ ချောင်းရိုးအတွင်း သေဆုံးနေခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။

“ အသက် ၃၅နှစ်အရွယ်ဝန်ကျင်းခန့် လောက်ပေါ့ ။ဝဲလက်ဖျံတွင် ငှက်ရုပ်နှင့် နိုင်ဟု ဆေးမှင် ကြောင် ရေးထိုးထား တယ်။”ဟု ပေါင်မြို့ နယ် ရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောသည်။

 သြဂုတ်လ ၂၁ရက်၊ နံနက် ၇နာရီခန့်တွင် ၄င်းလယ်ကွင်းအနီးတွင် နေထိုင်သူတစ်ဦးမှ တွေ့ရှိသဖြင့်
အကြောင်းကြားရာ တာဝန်ရှိသူများမှ သွားရောက်ကြည့်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

အဆိုပါသေဆုံးမှုအား ပေါင်မြို့ နယ်စခန်းက ဒုရဲအုပ်အောင်ဌေးကတရားလို ပြု၍ သေမှုသေခင်းအမှတ်စဉ် ၄၁/၂၀၁၇ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားပြီးလူမျိုး/ဘာသာ၊ အလုပ်အကိုင်၊ နေရပ်လိပ်စာစုံစမ်းဆဲဖြစ်သည်ဟုရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။

No comments:

Post a Comment