Latest News

Tuesday, August 22, 2017

ဆယ်ရက်ခန့် ကအစ်မဖြစ်သူနှင့် ကွဲသွားသော ယောက်ဖအား ဓါးဖြင့် ထိုး


ဆယ်ရက်ခန့် ကအစ်မဖြစ်သူနှင့် ကွဲသွားသော ယောက်ဖအား ဓါးဖြင့် ထိုး
ဟံသာနွန်
လွန်ခဲ့ သောဆယ်ရက်ခန့် ကအစ်မဖြစ်သူနှင့် ကွဲသွားသော ယောက်င်္ကျားကို ဇနီးသည်၏မောင်က ဓားနှင့်ထိုးမှု သြဂုတ်၂၂ရက်နေ့မွန်းလွဲပိုင်း ကသထုံမြို့ တွင်ဖြစ်ပွါးခဲ့ သည်။

လင်မယားချင်း စိတ်သဘောထား မတိုက်ဆိုင်၍ကွဲခဲ့သောဇနီးသည် မ-----------------၏မောင်အရင်း
ကို------------မှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး  အသင့်ယူဆောင်လာသော ဓါးအချွန်ဖြင့် လဖက်ရည်ဆိုင်
တွင်ထိုင်နေသော ကို -------အား အနောက်မှဓါးဖြင့် ဝင်ထိုးခဲ့ ခြင်းဖြစ်သည်ဟု သထုံရဲစခန်းကတာဝန်ရှိ
သူတစ်ဦးကပြောသည်။

အဆိုပါဓားထိုးမှုဖြစ်စဉ်ကြောင့် ကို ------မှာ ဝဲဘက်ဂုတ်ပိုးတွင်ထိုးသွင်းဒါဏ်ရာများ ရရှိခဲ့ပြီး  သထုံခရိုင်ဆေးရုံကြီးသို့တင်ပို့ကုသနေရသည်ဟု သထုံရဲစခန်းကသတင်းထုတ်ပြန်သည်။

လတ်တလောတွင် ဓားဖြင့် ထိုးသူဟုဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေပြီးရဲစခန်းက(ပ) ၈၂၀/ ၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ-၃၂၆ဖြင့်အမှုဖွင့်ထားသည်။

No comments:

Post a Comment