Latest News

Friday, August 11, 2017

မူးယစ်ဆေးပြဿနာကို တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေအဖြစ် ဒေါ်နယ်ထရမ့် ကြေညာ

မူးယစ်ဆေးပြဿနာကို တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေအဖြစ် ဒေါ်နယ်ထရမ့် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မူးယစ်ဆေးဝါးပြဿနာကို တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေအဖြစ် သြဂုတ် ၁၀ ရက်က ကြေညာခဲ့ပါတယ်။

“ဒီမူးယစ်ဆေးပြဿနာဟာ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ကျေနာ် အခုပဲ တရားဝင်ပြောပါမယ်၊ ဒီပြဿနာဟာ အရေးပေါ်ခြေအနေပါ။ တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေပါ။ ကျနော်တို့ ဒီကိစ္စအပေါ်မှာ အချိန်ေ်တွအများကြီး၊ ငွေတွေအများကြီး၊ ကြိုးပမ်းအားထုတ်မှု အများကြီးကို သုံးသွားမှာပါ။ ဒီပြဿနာနဲ့ပတ်သက်ပြီး မူဝါဒရေးဆွဲပြီး တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေဖြစ်အောင် လုပ်သွားပါ့မယ်။ ဒီပြဿနာ ကျေန်ာတို့ တခါမှမကြုံဘူးတဲ့ အရေးကြီးပြဿနာပါ။”

“ကျနော် အရွယ်ရောက်တဲ့ ကာလတွေတုန်းကလည်း ဆေးပြား စတဲ့ မူးယစ်ဆေးဝါးခေတ် ထခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ လွန်ခဲ့တဲ့ လေးငါးနှစ်က ဖြစ်ခဲ့တဲ့ မူးယစ်ဆေးပြဿနာလောက် ဆိုးဝါးတာမဟုတ်ပါဘူး။ ဒီကိစ္စဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာပါ။ အမေရိကန်တနိုင်ငံတည်းဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်တနိုင်ငံလုံးအဆင့် အရေးပေါ်ပြဿနာတခုပါ။ ဒါကြောင့် ကျနော်တို့ ဒီကိစ္စကိုင်တွယ်ဖို့ မူဝါဒ ရေးဆွဲနေပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောကြားသွားပါတယ်။

အမေရိကန်နိုင်ငံမှာ တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေ ဆိုတာမျိုးကို ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားတဲ့အချိန်မျိုး၊ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အခါမျိုးမှာသာ ထုတ်ပြန်လေ့ရှိပါတယ်။

DVB

No comments:

Post a Comment