Latest News

Friday, August 4, 2017

မြောင်းမြမြို့အမှတ်(၈)ရပ်ကွတ် မြဂုဏ်ရည် လမ်း ရှိနေအိမ်တွင် လုယက်မှုဖြစ်ပွား


သြဂုတ် လ ၄ ရက် ။
မြောင်းမြမြို့အမှတ်( ၈ )ရပ်ကွတ် မြဂုဏ်ရည် လမ်း ရှိနေအိမ်၌ယနေ့ ၄.၈.၂၀၁၇ ရက် မနက် ၁၁:၂၀ ခန့်တွင် လုယက်မှုဖြစ်ပွား ။ ။ ။
မြောင်းမြမြို့ မြဂုဏ်ရည် လမ်း နေအိမ်တွင် မနှင်းပွင့်အောင်သည် အိမ်၌တစ်ဦးတည်းနေထိုင်တခါးပိတ်နေ
စဉ်မနက် ၁၁း၂၀ ခန့် အချိန်တွင် အမျိုးသား ၂ ဦး နေအိမ်သို့ ရောက်လာ၍ တစ်ဦးက ပါးစပ်ကို ပြေးပိတ်၍ ကျန်တစ်ဦးက ဓားနှင့်ထောက်ကာ"သော့ ဘယ်မှာ လဲ ။ ငွေဘယ်မှာလဲ" မေးကာ မသိဟု ဖြေဆိုနေချိန်
တွင် တစ်ဦးက သေတ္တာ ထားရှိသည့်နေရာ သို့သွား ၍ သေတ္တာ များအား ရိုက်ဖွင့်ပြီး သိန်း ၈၀ ကျော်နှင့်
မှန်တင်ခုံပေါ် တင်ထားသေားOppo R 5 နှင့် Sansugm Note 2 ဖုန်း နှစ်လုံးအားယူ ကာ" မအော်နဲ့။အော် ရင် သတ်ပစ်မယ်" ပြောပြီး ထွက်သွားခဲ့ရာ အိမ်အဝတွင်အသင့် စောင့်နေသူ အမျိုးသမီး တစ်ဦး ဆိုင်
ကယ်ပေါ်သို့တက်၍ မောင်းပြီး ထွတ်ပြေးသွားခဲ့ကြောင်း သတင်းပေး တိုင်ကြားခဲ့ပါသည် ။
ယင်းအမှုကို မြောင်းမြ မြို့နယ် စခန်းမှူး ဒုရဲမှူး အောင်ဇော်မင်းနှင့်အဖွဲ့သည် တရားခံဟု ယူဆရသူ တစ်ဦးအားဖမ်းမိထား ၍ ၎င်းတရားခံအား ပ ၃၆၅ / ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၄ / ၁၄၄ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိ ရပါသည် ။
တောသားကြီး
https://www.facebook.com/permalink.php?story_fbid=1830687020579599&id=100009149578132

No comments:

Post a Comment