Latest News

Sunday, July 9, 2017

KIAနဲ့ TNLA ဗုံးခွဲဖို့ ပူးပေါင်းကြံ စည်နေကြောင်း တပ်က လက်ကမ်း စာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လိုက်လံဖြန့်ဝေထားတဲ့ လက်ကမ်းစာစောင်ကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းပြီးဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေကို တပ်မတော်က မနေ့က လားရှိုးမြို့မှာ လိုက်လံဖြန့်ဝေခဲ့ပါတယ်။

လားရှိုးမြို့ကို လုံခြုံရေးစိတ်ချရအောင်လုပ်ထားပြီး ဗုံးခွဲတိုက်ခိုက်တာမျိုးတွေမဖြစ်ရအောင် လူထုက ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ် တယ်လို့ လားရှိုးစစ်ဗျူဟာမှုး ဗိုလ်မှူးကြီး ကျော်သန်းဆွေက ပြောပါတယ်။

"အဲဒီပန်းဖလက်မှာပါတဲ့အတိုင်းပါပဲ ကျနော်တို့လူထုကို မက်ဆေ့ပေးတာပါ၊ ကျန်တဲ့အဖွဲ့တွေ လည်း အဲလိုပဲရှင်းပြထားတယ် ကျန်တဲ့မီဒီယာတွေ လည်းမေးပါတယ်ခင်ဗျ၊ ကျန်တာက လုံခြုံရေးအရ စိုးရိမ်ရလားလို့မေးကြတယ် မဟုတ်ပါဘူးလို့ လူထုကိုမက်ဆေ့ပေးတာပါလို့ လူထုပူးပေါင်းပါဝင်မှ အောင်မြင် မှာပါ ကျနော်တို့ရထားတဲ့သတင်းကို လူထုကိုချပြတာဖြစ်ပါတယ်၊ လုံခြုံရေးတွေ စိတ်ချရ အောင်လုပ်ထားပါတယ်၊ လူထုပူးပေါင်းပါဝင်မှရမှာ အကုန်လုံးတော့ ဒိဗ္ဗစက္ခုတော့မရဘူးပေါ့ဗျာ၊ အဲဒါ ကြောင့် လုံခြုံရေးကတော့ နေ့ရောညရော မြို့ထဲမှာပတ်တာရော ဘာရော အကုန်လုံးကတော့လုပ်နေ ပါတယ်၊ သို့သော်လည်း တစ်မြို့လုံးကြီးကို အကုန်လုံးလုပ်ဖို့အတွက် ကျနော်တို့ရှိတဲ့အင်အားနဲ့ လုပ်တဲ့အချိန်မှာ လူထုပါပူးပေါင်းပါဝင်မယ်ဆိုရင် ပိုပြီးအောင်မြင်နိုင်မယ်ဆိုပြီး ကျနော်တို့ က ဒီဟာ ပန်းဖလက်ကိုဝေတာပါ"

လားရှိုးမြို့ကို ဗုံးခွဲတိုက်ခိုက်ဖို့ ပြည်သူလူထုကို အကြမ်းဖက်တာမျိုးတွေလုပ်မှာမဟုတ်ဘူးလို့ KIA ပြန်ကြားရေးဌာနက ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

"ကျနော်တို့ဖက်ကပြောမယ်ဆိုရင် နံပါတ်တစ်ကတော့ ကျနော်တို့လုံးဝမဟုတ်ဘူးလို့ပြောလိုတယ်၊ နံပါတ်နှစ်အနေနဲ့ကတော့ အဲဒါမျိုးဖြစ်ရပ်တွေ ကတော့ မကောင်းတဲ့ဖြစ်ရပ်တွေဖြစ်ပါတယ်၊ ကျနော်တို့ကတော့ ပြည်သူလူထုတွေရှိရာ လူစုလူဝေးရာမှာ အကြမ်းဖက်အမူအယာကျနော်တို့ မလုပ်ပါဘူး၊ အဲလိုစေလွှတ်လိုက်တယ်ဆိုတာကတော့ တပ်မတော်ဖက်က ကျနော်တို့ကို နာမည် ပျက်စေလို့ အဲလိုသတင်းတွေလွှင့်တယ်လို့ ယူဆပါတယ်’’

KIA အဖွဲ့က အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို ဗုံးဖောက်ခွဲဖို့စေလွှတ်ထားကြောင်း၊ TNLA အဖွဲ့က လူ ၂၀ ဦးခန့်ကလည်း ဗုံးခွဲတိုက်ခိုက်မယ့်နေရာတွေကို ကြိုတင်လေ့လာနေကြောင်း ၊ လူစည် ကားရာ ဈေး၊ ကားဂိတ်၊ ဘူတာရုံ၊ အစိုးရဌာနဆိုင်ရာရုံးအဆောက်အဦးတွေကို ပစ်မှတ်ထား လေ့လာ လျက်ရှိကြောင်း သတင်းတွေရထားတာဖြစ်တယ်လို့ အဲဒီလက်ကမ်းစာစောင်မှာ ပါရှိပါတယ်။

KIA နဲ့ TNLA အဖွဲ့တို့ဟာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဖက်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေမကြာမကြာ ဖြစ်ပွားနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment