Latest News

Thursday, July 6, 2017

မစ်ဆူဘီရှီ (Chemical)မှ မြစ်ရေသန့်စက်များ မြန်မာနိုင်ငံတွင် ရရှိနိုင်တော့မည်

မစ်ဆူဘီရှီ (Chemical)မှ မြစ်ရေသန့်စက်များ မြန်မာနိုင်ငံတွင် ရရှိနိုင်တော့မည်

ဂျပန်နိုင်ငံ၏ Mitsubishi Chemical Holdings မှနေပြီး မြန်မာနိုင်ငံတွင် စီးပွားရေး တိုးတက် လာသည့်နှင့်အမျှ လုံခြုံစိတ်ချရသည့် သောက်ရေသန့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ပုဂ္ဂလိကနှင့် အများပြည်သူ ဆိုင်ရာ ကဏ္ဍများအတွက် မြစ်ရေသန့်စင်ရေး စနစ်များကို စတင်ရောင်းချ ပေးတော့ မည်ဖြစ်ကြောင်း Nikkei Asia Review သတင်းဌာန ဖော်ပြချက်အရ သိရသည်။

တိုကျိုအခြေစိုက် Mitsubishi Chemical ၏ ရေသန့်စင်ရေးစနစ် စီးပွားရေးဆိုင်ရာ ကုမ္ပဏီအုပ်စုဝင် ဖြစ်သည့် Wellthy ကော်ပိုရေးရှင်းက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ထည့်ဝင်ပြီး မြန်မာနိုင်ငံမှ Myanmar Water Engineering & Products နှင့် အကျိုးတူ ပူးပေါင်းကာ ဆောင်ရွက် သွားရန် ရှိကြောင်း သိရသည်။

အဆိုပါ Myanmar Water Engineering & Products လုပ်ငန်းနှင့် ချိတ်ဆက်ရခြင်းမှာ အဆိုပါကုမ္ပဏီသည် ရေသန့်စင်ရေးစနစ်နှင့် ပတ်သက်ပြီး ပြည်တွင်းဈေးကွက်တွင် ကောင်းမွန်သည့် မှတ်တမ်းများ ရှိကြောင်း ဆိုသည်။

Wellthy အနေဖြင့် အဆိုပါလုပ်ငန်း စတင်လည်ပတ်ပါက အဆင်ပြေ ချောမွေစေရန် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် စေ့စပ်ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းများရှိကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် ရေသန့်စင် စနစ်များအား EPC (Engineering, Procurement, and Construction) စီးပွားရေး စနစ်အတိုင်း စတင်မည်ဖြစ်ပြီး စက်ပစ္စည်းနှင့် အဆောက်အအုံ လုပ်ဆောင်ခြင်း လုပ်ငန်းများကို စာချုပ်စာတမ်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။ ရေသန့်စင်ရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်စွာ ချိန်ညှိနိုင်ပြီး အဆင့် အတန်းမီသည့် သောက်ရေသန့်နှင့် ရေအရင်းအမြစ်အရ လိုအပ်သည့် စက်ပစ္စည်းများကို ထည့်သွင်းခြင်းများအား Wellthy က လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ကင်ညာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံပြီးလျှင် Wellthy ၏ တတိယမြောက် နိုင်ငံရပ်ခြား ရေသန့်စင်ရေး ဆိုင်သည့် စီးပွားရေး လုပ်ငန်း ရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြစ်အား မြို့နှင့်နီးသည့် ရေအရင်းအမြစ် အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ မြစ်ရေများအား hollow fiber membranes ဖြစ်သန့်စင်ပြီးနောက် reverse osmosis membranes ဖြင့် ပင်လယ်ရေ ကို ရေချိုပြောင်းသည့် လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမည် ဖြစ် သည်။ ရန်ကုန်မြို့သည် မိုးများခြင်း ခြောက်သွေ့ခြင်း အချိန်များ ရှိသည့် အတွက် ရန်ကုန်မြစ်မှ ရေများသည့် အတ်ဒမန်ပင်လယ်ထဲသို့ စီးဆင်းရာ တွင် ရာသီအလိုက် ကွဲပြားမှုရှိသည်။
စိုင်းဟန်
Ref: Nikkei Asia Review
The Ladies News

No comments:

Post a Comment