Latest News

Thursday, July 6, 2017

မောင်တောဒေသ အကြမ်းဖက်သတ်ဖြတ်နေမှုနှင့် ပတ်သက်၍ အချက်သုံးချက်တွေ့ရှိဟု ရဲမှူးချုပ်သူရစန်းလွင်ပြောကြား

မောင်တောဒေသ အကြမ်းဖက်သတ်ဖြတ်နေမှုနှင့် ပတ်သက်၍
အချက်သုံးချက်တွေ့ရှိဟု ရဲမှူးချုပ်သူရစန်းလွင်ပြောကြား

 ရခိုင်ပြည်နယ် မောင် တောဒေသတွင် ဖြစ်ပေါ်နေသော အကြမ်းဖက် သတ်ဖြတ်နေမှုများ အပေါ် သုံးသပ်ရာ အချက်သုံးချက် တွေ့ရှိရသည်ဟု အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။
မောင်တောဒေသ၌ ဇွန်လ အတွင်းက ကျေးရွာအုပ်ချုပ်ရေး မှူးများ အပါအဝင် အကြမ်းဖက် သတ်ဖြတ်ခံရသူ ဆယ်ဦးရှိပြီး ဇူလိုင်တွင် နှစ်ဦးရှိသည်။ အကြမ်း ဖက်မှု စတင်ဖြစ်ပွားသည့် ၂၀၁၆ အောက်တိုဘာမှ လက်ရှိအချိန် ထိ သတ်ဖြတ်ခံရသည့် အရပ်သား ၄၃ ဦး ရှိခဲ့သည်။

‘‘ဒီအပေါ်မှာလည်း ဒေသ မတည်မငြိမ်ဖြစ်အောင် သူတို့ (ဘင်္ဂါလီ) အချင်းချင်းလည်း အ ကြမ်းဖက်ပြီး သတ်ဖြတ်နေတာ ဖြစ်တယ်။ အကြမ်းဖက်သတ်ဖြတ် နေတာကို ကိုယ်တို့ သုံးသပ်ကြည့် တာတော့ သူတို့ချင်း ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ပါဝင်မှာပေါ့။ နောက်တစ်ချက်ကလည်း သူတို့ အချင်းချင်း အရေးယူဆောင်ရွက် တာတွေရှိတယ်။ အရေးယူ ဆောင်ရွက်လို့ ထောင်ကျသွား တာတွေရှိတယ်။ အခု ထောင်က ပြန်လွတ်လာတဲ့အခါကျတော့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်နဲ့ အုပ် ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေကို ပြန်လည် သတ်ဖြတ်တာတွေ လည်း တွေ့ရမှာဖြစ်တယ်’’ဟု ရဲမှူးချုပ် သူရစန်းလွင်က သုံးသပ် သည်။

တတိယအချက်သည် ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်း ဆက်စပ်နေသူများကို ဖမ်းဆီးဖော်ထုတ်ရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက သတင်းပေး၍ အဖမ်းခံရခြင်းဖြစ်သည်ဟု အကြမ်းဖက်သမားများက ယူဆကာ သတ်ဖြတ်မှုများလည်း ရှိသည်ဟု ၎င်းကဆိုသည်။

‘‘သတ်တယ်ဆိုကတည်းကို က ဒေသမတည်ငြိမ်မှုကိုလာပြီး ဂယက်ရိုက်တာပေါ့။ တကယ် တမ်းကျတော့ စောစောက ကိုယ် ပြောတဲ့ အခြေခံအချက်သုံးချက် အပေါ်မှာ မူတည်တယ်လို့တော့ သုံးသပ်တယ်’’ဟု သူရစန်းလွင် ကပြောသည်။

၂၀၁၆ အောက်တိုဘာက စတင်ဖြစ်ပွားသည့် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ် ပေါ်ပြီးနောက် ယင်းဒေသ၌ အရပ်သားများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ သတ်ဖြတ်ခံရမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရာ စုစုပေါင်း ၄၀ ကျော် အသတ်ခံရပြီး ပျောက်ဆုံးနေသူများ၊ ဖမ်းဆီးခံနေရသူ များလည်းရှိသည်။

လက်ရှိတွင် မောင်တောဒေသ မှုခင်းကျဆင်းရေးနှင့် နယ် မြေစိုးမိုးရေးအတွက် လုံခြုံရေး တပ်ဖွဲ့အင်အား တိုးမြှင့်ထားပြီး မြို့ရွာများ လုံခြုံရေးကို နယ်ခြား စောင့်တပ်နှင့် ရဲတပ်ဖွဲ့က တာ ဝန်ယူထားကာ တောတောင်များ တွင် အကြမ်းဖက်သမားများ မခို အောင်းနိုင်ရေး တပ်မတော်က နယ်မြေရှင်းလင်းမှု ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

ဇွန်လအတွင်းက မောင် တောဒေသ၌ အကြမ်းဖက်သတ် ဖြတ်မှုများ တိုးမြှင့်ဖြစ်ပေါ်လာ ကာ မေယုတောင်ကြောတွင် လည်း အကြမ်းဖက်သင်တန်းပေး သည့်နေရာနှင့် လိုဏ်ဂူများ တွေ့ရှိခဲ့ပြီးနောက် အစိုးရ၏အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ် လုံခြုံရေးအခြေအနေနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လာကြောင်း ဇူလိုင် ၁ ရက်က သတင်းထုတ်ပြန် ထားသည်။

‘‘ကိုယ်တို့ သမိုင်းတရားခံအ ဖြစ်မခံနိုင်ဘူး။ အဓိကကတော့ ဒီဒေသတည်ငြိမ်အောင်၊ တရား ဥပဒေစိုးမိုးအောင် လုပ်ရမှာ ကိုယ်တို့တာဝန်ပဲ’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။
7Day News

No comments:

Post a Comment