Latest News

Thursday, July 13, 2017

ရန်ကုန်- မန္တလေး အမြန်လမ်း ၁၇၆ မိုင်တွင် ဓားပြတိုက်မှု ဖြစ်ပွား

ရန်ကုန်- မန္တလေး အမြန်လမ်း ၁၇၆ မိုင်တွင် ဓားပြတိုက်မှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၃

ရန်ကုန်- မန္တလေး အမြန်လမ်း ၁၇၆ မိုင်တွင် ကားပျက်၍ ရပ်နားထားရသည့် ကားတစ်စီးကို ဓားရှည်ကိုင်ထားသည့် လူ ၃ ယောက်က ဓားမြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ ဦးဘဂျမ်းက မဇ္စျိမသို့ ပြောသည်။

ဇူလိုင် ၁၃ ရက် မနက်တွင် ဓားပြအတိုက်ခံရသည့် ကားပေါ်ရှိ လူနှစ်ဦးထံမှ သိန်း ၅၀၊ ရွှေ ၃ ကျပ်သားနှင့် အိုင်ဖုန်း SE တစ်လုံး လုယက် ယူဆောင်သွား ကြောင်း သိရသည်။

“ မနက်ခင်း ၅ နာရီကျော်ကျော်လောက်မှာ ဓားနဲ့လာပြီးတော့ မိုးတာ ဓားပြတိုက်သွားတာပေါ့ “ ဟု ဓားပြအတိုက်ခံရသည့် ဦးဘဂျမ်းကပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တွင် အိမ်တက်တရားနာရှိ၍ မိထ္ထီလာမှ မိဘများကို ဦးဘဂျမ်းက သွားရောက် ခေါ်ဆောင်ခဲ့သည်။ အိမ်တက်ပြီး၍ မိဘများကို မိထ္ထီလာနေအိမ်သို့ ပြန်ပို့ပြီး ရန်ကုန်သို့အပြန် ဦးဘဂျမ်းနှင့် ကားဆရာဖြစ်သူ ကိုနိုင်ဝင်း တို့နှစ်ယောက် အမြန်လမ်း ၁၇၆ မိုင်၊ ၄ ဖာလုံနဲ့ ၅ ဖာလုံ ကြားတွင် ကားပျက်နေစဉ် ဓားပြအတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင် ၁၃ ရက် နေ့လည်ပိုင်းတွင် သာဂရ အမြန်လမ်းရဲစခန်းတွင် သွားရောက် အမှုဖွင့်ထားသည်ဟု ကာယကံရှင် ဦးဘဂျမ်းကပြောသည်။

လက်ရှိတွင် တရားခံ ၃ ဦးလုံးကို ဖမ်းမိခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့မှ စစ်မေးခြင်းနှင့် ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Mizzima

No comments:

Post a Comment