Latest News

Friday, July 14, 2017

တောင်ကြီးတွင် ရှမ်းလေးအမှတ်တံဆပ် မြေပဲဆီအတုများ ဈေးကွက်မှ ပြန်သိမ်း

တောင်ကြီးတွင် ရှမ်းလေးအမှတ်တံဆပ် မြေပဲဆီအတုများ ဈေးကွက်မှ ပြန်သိမ်း

 တောင်ကြီးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ရှမ်း လေးအမှတ်တံဆိပ်မြေပဲဆီ အတု များ ဈေးကွက်အတွင်းမှ ပြန် လည် သိမ်းဆည်းရန် ညွှန်ကြား ထားကြောင်း ရှမ်းပြည်နယ် စား သုံးသူရေးရာ ဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးမင်း အောင်ကပြောသည်။
ရှမ်းပြည်နယ်စားသုံးသူရေး ရာဦးစီးဌာန ပူးပေါင်းအဖွဲ့များ သည် မြေပဲဆီအတု ထုတ်လုပ်သည့် လုပ်ငန်းခွင်ကို ပတ်ဝန်း ကျင်ညှော်နံ့ကြောင့် တိုင်ကြားရာ မှတစ်ဆင့် ဇူလိုင် ၁၂ ရက်က စစ် ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦး မင်းအောင်ကပြောသည်။

 ‘‘ဆီအတုနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်းတွေ အကုန်လုံးကို ဈေး ကွက်အတွင်းကနေ ပြန်လည် သိမ်းဆည်းခိုင်းထားတယ်။ ကာ ယကံရှင်ကိုလည်း စားသုံးသူရေး ရာဦးစီးဌာနကနေ ပူးပေါင်းအဖွဲ့ နဲ့ အစည်းအဝေးထိုင်ပြီးတော့ စားသုံးသူရေးရာ ကာကွယ်ရေး ပုဒ်မ ၁၉ အရခံဝန်ထိုးခိုင်းထားပြီး ပြီ’’ ဟု ဦးမင်းအောင်ကပြော သည်။

ရှမ်းလေးအမှတ်တံဆိပ်ဖြင့် မြေပဲဆီဘူးများကို ဈေးကွက်အ တွင်းမှ ဇူလိုင် ၃၀ရက်နောက်ဆုံး ထား၍ သိမ်းဆည်းခိုင်းထားပြီး သိမ်းဆည်းပြီးပါကလည်း ပိုင်ရှင် ကိုယ်တိုင်ပူးပေါင်းအဖွဲ့၏ ရှေ့ တွင် ဖျက်ဆီးရန်ခံဝန်ကတိထိုး ခိုင်းထားပြီဖြစ်ကြောင်း ဦးမင်း အောင်ကပြောသည်။

ညောင်ဖြူစခန်းရပ် ရတနာ လမ်းသွယ်ရှိ နေအိမ်တွင် မြေပဲ ဆီအတုများ ထုတ်လုပ်ရာ၌ အ သုံးပြုသည့် ဝါဆီ ၁၂၃ ပိဿာ၊ စားအုန်းဆီ ၉၉၂ ပိဿာ၊ နှမ်းဆီ ၉၈ ပိဿာ၊ တရုတ်စာတန်းပါမြေ ပဲဆီအနံ့ ၇၀ စီစီိကို တွေ့ရှိခဲ့ သည်ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန် သည်။

ရှမ်းလေးတံဆိပ်မြေပဲဆီ သည်မြေပဲဆီဟု ဖော်ပြထားသော် လည်း ဓာတုပစ္စည်းများ ရောနှော ခြင်း၊ ရောနှောဆီများ အသုံးပြု ထားခြင်းနှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်နေခြင်းကြောင့် စားသုံးသူရေးရာ ကာကွယ်ရေးဥပဒေပုဒ်မ ၁၉ အရအရေးယူခဲ့ခြင်းဖြစ်သည်။

စားသုံးသူကာကွယ်ရေး ဥ ပဒေပုဒ်မ  ၁၉ တွင်ပြစ်ဒဏ် ခုနစ် ရပ်အထိ ချမှတ်နိုင်ပြီး ထုတ်ကုန် ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်း၊ လုပ်ငန်းလိုင်စင် ရုပ်သိမ်းနိုင်ခြင်း အစရှိသည့် ပြစ်ဒဏ်များပါဝင် သည်။
7Day News

No comments:

Post a Comment